နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …..ကမ်းလင့်ကြိုပါအုံး 2008

နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …
သက္ကရာဇ်တွေ တစ်ခုပြီး တစ်ခု စားသုံးရင်း ပြက္ခဒိန်ကြီးကတော့ ခရီးဆက်ဆဲပေါ့ …
ခုလည်း ကျွန်တော်တို့ ဆီလာရောက်ခြင်း မဟုတ်သော ........
ကျွန်တော်တို့ကသာ ၀င်ရောက်သော
.......သက္ကရာဇ်တစ်ခုတိုးတဲ့ ၂၀၀၈ ကို ကြိုဆိုကြရတော့မယ် …

ကျွန်တော်တို့သည် တစ်မိုးသောက်တာနဲ့ မျှော်လင့်ချက် အသစ်တွေ မွေးဖွားတာပဲလေ …
အခုတစ်ခါတော့ သက္ကရာဇ်တစ်ခုတိုးတော့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားပေါ့ …

၂၀၀၈ကတော့ အားလုံးကို အပြန်အလှန်ကြိုဆိုနေပြီလေ … သူ့ဆီဝင်ရောက်သွားရင်
သူကတော့ ကျွန်တော်တို့ကို ဘာတွေပေးမလဲ … မျှော်လင့်ချက် တနင့်တပိုးနဲ့ …
အခုလောလောဆယ်တော့ သူ့ကိုကြိုဆိုမယ်ဆိုတဲ့ ကျွန်တော်တို့ရင်ထဲကို
အပျော်တွေကို အရင်ထဲ့ပေးလိုက်တယ် … အားလုံးကြိုဆိုကြမယ် မဟုတ်လား …
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး တူတူပေါ့နော် … ။

"Happy New Year 2008"


အများစုက နှစ်သစ်ကိုကြိုဆိုဖို့ဘဲ ပြင်ဆင်နေကြတယ် … ကျွန်တော်တို့ကို
တစ်နှစ်တာလုံး လက်တွဲခေါ်ခဲ့တဲ့ … အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေ တူတူ
ကျော်လွှားခဲ့တဲ့ နှစ်ဟောင်းလေးကိုရော အကောင်းဆုံး နှုတ်မဆက်သင့်ဘူးလား …။

အသစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြသလို နှစ်ဟောင်းကို အကောင်းဆုံး
နှုတ်ဆက်ကြရအောင်နော် …

"Thanks a lot & Good Bye 2007"

သူငယ်ချင်းတို့ရေ …
၂၀၀၈ ကိုတော့ ရင်ခုန်နှုန်းမြန်မြန်နဲ့ ကြိုဆိုပြီးရင်တော့ … သူ့ရဲ့
အသီးအပွင့်တွေကို ကျွန်တော်တို့ ဘယ်လိုပျိုးထောင် စားသုံးကြမလဲ …
ကျွန်တော်တို့ ၂၀၀၈ ဆီမှာ ဘာတွေတောင်းဆိုကြမလဲ … သူ့ကိုလဲ ကျွန်တော်တို့
ဘာတွေပြန်ပေးကြမလဲ ….
ရင်ခုန်ရင်း .. မျှော်လင့်ရင်း .. ကြည်နူးရင်း …. သက္ကရာဇ် တစ်ခု
မွေးဖွားသန့်စင်ခြင်းဆီမှသည် …

ကိုရန်အောင်ရေ ကျေနပ်တော့နော် ..

3 comments:

    2007မှအမှတ်တရများ 2008အထိသယ်ဆောင်သွားရင်း
    တနှစ်ကုန်လို့ တနှစ်အပြောင်းမှာ
    ကြိုးစားမှု ရင်ခုန်သံအသစ်တွေနဲ့
    အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့နော်

     

    ဟုတ်တယ်နော်... ၂၀၀၇ ကိုလဲ ကောင်း၂မွန်၂နူတ်ဆက်ရမယ်...
    ၂၀၀၈ ကအိမ်ဝေးသူအတွက် ပျော်ရွှင်စရာတွေနဲ့ အောင်မြင်မူတွေ ပေးကမ်းနိုင်ပါစေလို့ လှိုက်၂လှဲ၂ဆုတောင်းပေးပါတယ်

     

    ၂၀၀၈ မှာ ဘာတွေ ဆီးကြိုနေမလဲ ဆိုတာမသိနိုင်တဲ့အတွက် ၂၀၀၇ကို လိုရင် အကူအညီတောင်းမယ်နော်လို့ ပြောထားဦး..။ အပြီးနုတ်မဆက်ပါနဲ့ဦး..။

    နှစ်သစ်ကိုပျော်ရွှင်စွာ ကူးပြောင်းနိုင်ပါစေ..။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။