ကျွန်တော်နှင့် မိဘချစ်ခြင်းမေတ္တာ

ကျွန်တော့် တွင် မောင်နှမ သုံးယောက်ရှိသည်။ သို့သော် ဖေဖေ နှင့် မေမေ သည်
ကျွန်တော်ကို ပိုချစ်သည်ဟု ထင်ရလေသည်။ မေမေဆို ပြောစရာပင် မလိုပါ။
အဘယ်ကြောင့် ဆိုသော်..ထူးအိမ်သင် ၏ သီချင်းထဲကလို……ကျွန်တော်သည်
မေမေ ၏ နေမကောင်းသော..အဝေးရောက်နေသော…ဆိုးသွမ်းသော… ဂုဏ်ပုဒ်
သုံးခုစလုံးနှင့် ကိုက်ညီ သည့် သားတစ်ယောက် ဖြစ်သောကြောင့်ဟု ထင်ပါသည်။

တခါတရံ…ပတ်ဝန်းကျင်တွင် ပြောလေ့ရှိကြတာ ကြားဖူးပါသည် ။မိဘများသည်
သားသမီးများကို တန်းတူမချစ် တစ်ဦး တစ်ယောက်
ကို ပိုချစ်သည် တဲ့လေ
ရုပ်ရှင် ဇာတ်လမ်း များတွင်လည်း တွေ့မြင်နေရသည်။ထို့ အတူ သူငယ်ချင်း အချင်းချင်း
အပြန်အလှန် ခင်မင်မှုတွင်လည်း မတူညီမှုများကို မကြာခဏ တွေ့မြင်ရလေ့ ရှိပါသည်။

သင်တို့တွင် သူငယ်ချင်းများစွာ ရှိကြလိမ့်မည် … အားလုံးကိုစပြီး
တူတူ ခင်ပါသလား ..ခွဲခြားပြီး ခင်ပါသလား … ပိုခင်သော သူရှိပါသလား …
ခင်ရင်းနှင့် ကွဲသွားကြတာပါ … သင်တို့ သူငယ်ချင်း အားလုံးအပေါ် အခွင့်အရေး
တန်းတူပေးပါသလား … ဘာလို့ ကွာခြားသွားပါသလဲ ဒါတောင် ဦးနှောက် နှင့်ပဲ
ရှိသေးသည်။ စိတ် ခံစားမှု ဆိုတဲ့ နှလုံးသား .. မသိစိတ် မပါသေးပါ။

ကျွန်တော့် အယူအဆ ကတော့. သားသမီး ကို မချစ်သောမိဘ ဟူ၍ မရှိသလို
တစ်ဦး တစ်ယောက် ကိုပိုချစ်သောမိဘ ဟူ၍လည်း ရှိမည် မထင်ပါ ။
မိဘ တွေ မှာက တော့ သူတို့ရဲ့ ရင်သွေး များအား တန်းတူ ချစ်မည်ဟု ထင်ပါတယ် ။

သို့သော် အခြေအနေ..ကွာခြားမှုကြောင့်.သူတို့၏ဂရုစိုက်မှု ကွာခြားသွားသည် ဟု ယူဆမိပါသည်။
ကျွန်တော် မေးခွန်း တစ်ခု မေးချင်ပါသည်။..

နေကောင်းသောသူနှင့် နေမကောင်းသူ .. မည်သူ့ကို… မေမေ ပိုဂရုစိုက်ပါသလဲ
နေမကောင်းသူ ကို ပိုချစ်ပါသလား .. ပိုဂရုစိုက် တော့ ပိုချစ်တာပေါ့ ဟု ဖြေရပါမည် ။
မေမေ ရဲ့ စိတ် အချိန်တော်တော်များများသည် နေမကောင်းသူ အတွက် ကုန်ဆုံးပါသည် ။
သို့ ဆိုလျှင် ပိုချစ်ခံလိုလျှင် နေမကောင်းဖြစ်ရမှာလား … ဟုမေးစရာရှိပါသည် ။

တစ်ဖက် က ပြန်စဉ်းစားကြည့်ရင် .. မေမေ ကို စိတ်ပူပန် စိတ်ညစ်စေသူမှာ
မည်သူနည်း ။.. နေမကောင်း သူ ပဲ မဟုတ်လား .. ဒါဆို မိဘ ကို ဒုက္ခပေးသူ
ဖြစ်နေပြန်ပြီ …. နောက် သားဆိုးတွေရော .. ပိုချစ်ခံရသလို .. မိဘ ကို အမြဲ
စိတ်ပူ ပန်စေသူ မဟုတ်လား … မိဘ ကို စိတ်ကြည်နူး ပျော်ရွင်စွာ သံသရာ ကို

မလျှောက်စေချင်ဘူးလား။

ိမိ ကိုယ်တိုင်ရော မိဘကို ဘယ်လောက်ချစ်လဲ တစ်ခါတစ်လေ ပြန်မေးဖူးပါသလား
ကျွန်တော် တို့သည် မိဘ များဆီက အယူသမား များဖြစ်ကြသည်။
မိဘများထံမှ
သူတို့၏ မေတ္တာ ..စိတ်ခံစားမှု .. ငွေကြေး … အချိန် … ….. များစွာ ကိုရယူခဲ့ကြသည် ။

ဒါဆို ကျွန်တော် တို့ မိဘတွေကို ပြန်လည်ပေးဆပ် ခဲ့တွေကရော…………

ကျွန်တော် စဉ်းစားမိသလောက်… မိဘကို စိတ် ပူပန်မှု များစွာကို ပေးခဲ့တယ် .…

ကျွန်တော့် ၀န်းကျင်မှာ မိဘ နေရာ ရောက်လာကြသော အစ်ကိုကြီး အစ်မကြီးတွေ
တွေ့နေရပါသည်။ နောက်ပိုင်း တွင်မိဘ ကို နားလည်လာသည်ဟု ပြောလာကြသော်လည်း
၎င်း တို့၏သားသမီးများနှင့် …၄င်းတို့၏ မိဘ တို့ကိုပေးဆပ်ခြင်းပမာဏာသည် ကွာဟမှု
ကြီးမားနေဆဲ ကျွန်တော့် တို့သားသမီး နှင့် ကျွန်တော့် မိဘ ဆိုတဲ့ မတူညီမှု
နှစ်ခုကြား မေတ္တာရာခိုင်နှုန်း
အချိုးမချသင့်ပေမယ့်…. ကျွန်တော်တို့မိဘ အတွက် ဆိုပြီး
ကျွန်တော် တို့ ဦးနှောက် မှာ နေရာဘယ်လောက် ပေးခဲ့ပါသလဲ ..

ကျွန်တော်တို့ မေ့လျော့မှုတွေ ………. ကျွန်တော်တို့ ပျက်ကွက်မှုတွေ…..ကြောင့်
မိဘ၏ ချစ်ခြင်းမေတ္တာ သည် ရပ်တန့်သွားပါသား….စီးဆင်းမြဲ….စီးဆင်းလျှက် …
ကျွန်တော် တို့ မေတ္တာသည် လည်း …................

( မိဘတွေ သည် သားသမီးများကိုခွဲခြားချစ်ကြပါသလား .. )

5 comments:

    တမင်သက်သက်ကြီးရယ်တော့ ခွဲမချစ်ပါဘူး .. အလိုလိုလေး ကွဲသွားတာ .. ဒီလောက်ပါပဲ

     

    ဟုတ်ပါတယ်လေ..
    မိဘဆိုတာကတော့ သားသမီးအားလုံးကိုချစ်ကြတာပါပဲ...
    ဆိုးတဲ့သူကိုပိုချစ်တယ်ဆိုတာတော့လက်ခံတယ်...

     

    မိဘတွေရဲ့ ချစ်ခြင်းမေတ္တာက စုန်ရေ တဲ့…. သားသမီးတွေရဲ့ မေတ္တာကတော့ ဆန်ရေ တဲ့…။ သားသမီးတွေ ထားတဲ့မေတ္တာက မိဘမေတ္တာကို မီမယ် မထင်ပါဘူး။ ဆုဝေတို့ ကိုယ်တိုင်လဲ အသက်ကြီးလာတဲ့ မိဘတွေရဲ့ ခံစားချက်တွေ လိုအပ်မှုတွေကို သိနိုင်အောင် ကြိုးစားနေရတုန်းပါပဲ။ ကိုယ့်ဘက်က ပျက်ကွက်မှုတွေကို သိပေမယ့် မဖြည့်ဆည်းပေးနိုင်သေးတာတွေလဲ အများကြီးပါပဲ။ မိဘတိုင်းကတော့ သားသမီးအားလုံးကို တန်းတူချစ်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နေမကောင်းတဲ့သူဆိုရင် ဂရုဏာစိတ်နဲ့ ပိုကဲပြီး ချစ်မယ်… ဆိုးတဲ့သူဆိုရင် ခွင့်လွှတ်စိတ်လေးနဲ့ ပိုချစ်မယ်… ဒါပဲ ကွာမှာပါ။ တကယ့်အရေးအကြောင်းကျရင် အားလုံးပေါ်မှာ ထားတဲ့ မေတ္တာက တန်းတူဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။

     

    မိဘဆိုတာ သားသမီးအားလုံးကိုချစ်ကြတာပဲ...။
    ဒါပေမယ် ချစ်ဖို့ကောင်းတဲ့လူကိုတော့ နဲနဲပိုချစ်မှာပါပဲ...။ ဒါပေမယ့် အခွင့်အရေးပေးရင်တော့ တန်းတူပေးပါတယ်..။

     

    အယူသမား
    တစ်ယောက်ဖြစ်တဲ့
    ကျွန်မ တာဝန်မကျေသေးဘူးဗျ

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။