ဖြတ်သန်းရာ နှစ်ငါးဆယ်

အမှတ်တမဲ့ပါပဲ
လျှောက်ခဲ့မိတာ နှစ်ငါးဆယ်
ဖြတ်သန်းရာ လမ်းကို လွမ်းမိပါရဲ့

ဖူးသစ်ပွင့်ခဲ့
ရင်ခုန်သံဝေစည်တဲ့
နုပျိုခြင်း ငယ်ဘဝတွေ … လွမ်းလိုက်တာ …

တစ်ခါတစ်လေလည်း ရယ်ခဲ့ ဖူးပါရဲ့
ရင်ဗလာတွေနဲ့ ငိုခဲ့ ဖူးပါရဲ့
ကြည်နူးခြင်းနဲ့ ပြုံးခဲ့ ဖူးပါရဲ့
မသိမသာလည်း ငေးခဲ့ ဖူးပါရဲ့
ရှင်သန်ဖူးတဲ့ လမ်းလေးကို လွမ်းမိပါရဲ့ …..

ဘယ်သူသိမလဲ
စာမသီ တော့ချင်တဲ့
မုန်တိုင်းရဲ့ ညတွေ … လွမ်းလိုက်တာ …

ရွက်ဝါကြွေကာရန်တွေလည်း ခံစားဖူးခဲ့
မိုးသည်းအမှောင်ရက်နဲ့လည်း လက်တွဲဖူးခဲ့
လရောက်အရိပ်နဲ့လည်း အိမ်မက်ဖူးခဲ့
နှင်းမြူမှုန်များနဲ့လည်း လမ်းလျှောက်ဖူးခဲ့
ဖြတ်သန်းဖူးတဲ့ လမ်းလေးကို လွမ်းမိပါရဲ့ …..

ရယ်သံတွေ တောင်ပံခတ်
ရေးဖွဲ့မမီနိုင်တဲ့
သမီးနဲ့သား အတူရက်တွေ … လွမ်းလိုက်တာ ..

အမှတ်တမဲ့ပါပဲ
လျှောက်ခဲ့မိတာ နှစ်ငါးဆယ်
ဖြတ်သန်းရာ လမ်းကို လွမ်းမိပါရဲ့ …………

အန်တီသူငယ်ချင်းလေး .. 24 .. ရက်မွေးနေ့မှသည် .. နှစ်ပေါင်းများစွားသို့ ……………..

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။