ချစ်သူ

ကျွန်တော် ကြိုက်နှစ်သက်သော`` ချစ်သူ ´´ဆိုတဲ့ သီချင်း လေးနဲ့ 2008ရဲ့ ပို့စ် အသစ်ကိုစတင်လိုက်ပါတယ်…

``ချစ်သူ´´ ဆိုတဲ့ သီချင်းလေးကို စာသားလေးရော ..သံစဉ်လေးပါ အရမ်းကိုနှစ်သက်မိပါတယ.်……

အဲဒီသီချင်းလေးကိုအရင်က နေမျိုးဆေး သီဆိုတာကြားဖူးပါတယ်….ခုတလော မျိုးကျော့မြိုင်နဲ့ Lလွန်းဝါ တို့က ပြန်လည်သီဆိုထားတာ ကိုနားထောင်ကြည့်မိပါတယ်..အဲဒီ အဆိုတော်နှစ်ယောက်ရဲ့ သီဆိုမှုကို နှိုင်းယှဉ်ကြည့်လိုက်တော့ နှစ်ဦးစလုံးဆိုတာ ကောင်းပါတယ်။

ဒါပေမယ့် သေချာ နားထောင်ကြည့်တဲ့အခါမှာ ကျွန်တော်ကတော့ ကိုမျိုးကျော့မြိုင်ရဲ့သီဆိုမှုကို ပိုသဘောကျမိပါတယ် သူရဲ့သီဆိုဟန်ကပိုပြီး ရင်ထဲက ခံစားချက်ကို ပေါ်လွင်ပြီး အသံအနိမ့်အမြင့် အတက်အကျလေး အရမ်းကောင်းပါတယ် …ရင်ထဲက တကယ့်ခံစားချက်လေးလားလို့ တောင်ထင်မိတဲ့ အထိပါပဲ…….အားလုံးနားထောင်ပြီး ကျွန်တော်နဲ့ အကြိုက်တူ မတူ ခံစားနားဆင် ကြည့်လိုက်စို့နော်………..

သီချင်းစာသားလေး ကတော့…….

ဘယ်အချိန်ခါမဆို….ထာဝစဉ်အပြုံးရွှင်…နေတတ်တဲ့ ကိုယ့်ချစ်သူ…

တခါါတခါ သူ.....စိတ်တိုင်းမကျတောင် အစဉ်..အားပေးတတ်တဲ့သူ…

ကိုယ်ပျော်ရင်…သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…....

တခါတလေများ…………အပြင်..... ပြဿနာတွေ...ယူလာမိ...သူစိတ်မချမ်းသာအောင် .....

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …. …......

အနိုင်ယူတတ်တဲ့.....ကိုယ့် တစ်ယောက်ကိုကွယ်…..ခွင့်လွှတ်ရင်း ..အမြဲဂရုစိုက်တတ်တဲ့....ကိုယ့်ချစ်သူ…..

ဘယ်အချိန်ခါမဆို……ကိုယ့်အနားမှာ အစဉ်ရှိ တဲ့ ကိုယ့်ချစ်သူ..... ကြာလာလေလေ..... ပိုချစ်လာလေ

တကယ်ပြည့်ဝလွန်းတဲ့သူရယ်……..သူပျော်ဖို့……ရှေ့တန်းတင်မယ်...ဒီသီချင်းလေး နဲ့ ကိုယ်တောင်းပန်မယ်…

သူနေချင်တဲ့ဘ၀မျိုးမှာ…..အတူနေနိုင်ဖို့ ကိုယ်လေ ..ကြိုးစားမယ်……..

ဒီသီချင်းလေး….သူ့အတွက်ဆိုမယ် …ကြင်နာတတ်တဲ့သူ့အကြောင်းတွေ........

ပြန်လည်တွေးတိုင်းသနားလို့လာတယ် …..ဘယ်သူနဲ့မှ မတူဘူး……

အနိုင်ယူမိတဲ့ ကိုယ့်တယောက်ကိုကွယ်….. ………..ခွင့်လွှတ်ရင်း…… အမြဲဂရုစိုက်တတ်တဲ့…… ကိုယ့်ချစ်သူ

ဘယ်အချိန်ခါမဆို…… ထာဝစဉ်ပြုံးရွှင် နေ တတ်တဲ့ကိုယ့်ချစ်သူ

တခါတခါ သူစိတ်တိုင်းမကျတောင် အစဉ် အားပေးတတ်တဲ့ .....သူ……….

ကိုယ်ပျော်ရင်သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…

တခါတလေများ အပြင် ပြဿနာတွေ ယူလာမိ……… သူစိတ်မချမ်းသာအောင်

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူ ဘူး........ ၀ူး …

အနိုင်ယူတတ်တဲ့ ကိုယ်တစ်ယောက်ကိုကွယ်…..ကြင်နာတတ်တဲ့သူအကြောင်းလေး...ရေး

ဒီသီချင်းလေး......မင်းအတွက်ဆိုမယ်.....ခွင့်လွှတ်ရင်း အမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ..

ပန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …...

အနိုင်ယူမိတဲ့ …ကိုယ်တယောက်ကိုကွယ် …..ကြင်နာတတ်တဲ့သူ့အကြောင်းလေး......


ဒီ သီချင်းလေးကတော့ မျိုးကျော့မြိုင်သီဆိုထားတာပါ။

Myo Kyawt Myaung 's Chit Thu

ဒါကတော့  Lလွန်းဝါ သီဆိုထားတာဖြစ်ပါတယ်။

L Lon War's Chit Thu

3 comments:

    အင်း..အဲဒီသီချင်းလေးကောင်းတယ်နော်..

     

    ကျွှန် တော် ကြိုက် သော သီချင်းကို လင့် ပေးလို့ ကျေဇူးပါ ။
    ကျွန်တော်လည်း အဲဒီ သီချင်းကို နှိုင်းယှဉ် နားထောင်ဘူးတယ် အိမ်ဝေးသူလိုပဲ ကျွန်တော်လည်း
    ကိုမျိုးကျော့မြိုင်ဆိုတာ ပိုကြိုက်တယ်ဗျ
    ခံစားချက်နဲ့ တကယ်ကောင်းအောင် ဆိုနိုင်တယ်နော်
    Lလွန်းဝါ လည်းကောင်းတော့ ကောင်းပါတယ်
    ဒါပေမယ့် အသံအဆွဲအငင်က ပေါ့ နေသလားလို့လေ။

     

    ကိုယ် လဲ မျိုးကျော့မြိုင် ဆိုတာ ပိုနှစ်သက်တယ်.............
    သိလား ...ရင်ထဲက လာတဲ့ အသံနဲ့ အဆွဲအငင် ......
    အဖြတ်အတောက် အသံအနိမ့် အမြင့်လေးတွေက......
    မိုက်တယ် ။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။