Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

ဝမ်းနည်းကြေကွဲခြင်း......

လူထုဒေါ်အမာ

လူထုဒေါ်အမာ (အသက်-၉၂ နှစ် )သည် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ယနေ့ နံနက် (၈း၃၀)၌ ကွယ်လွန်ကြောင်း သိရှိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲ ရပါတယ်။

သတင်းကြားကြားချင်း

``အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်တယ်´´

ဆိုတဲ့ အမေရဲ့ ပြောစကားလေးတခွန်းကို ကြားယောင်မိရင်း………………။

July Dream.... Ludu Daw Amar's Birthday.

ဆက်ဖတ်ရန်...

နွေရာသီ ၏ စိန်ခေါ်မှု အား အံတု၍

နွေရာသီရောက်ပြီ ဆိုရင်ဖြင့် အားလုံး ကြောက်ရွံကြတာ မီးဘေးပါပဲ ။ 2008 ခုနှစ်ရဲ့ ဖေဖေါ်ဝါရီလ (25) ရက်နေ့ မနက် ၈ နာရီ မှာ မန္တလေး ရတနာပုံဈေး မီးလောင်မှုနဲ့ ရန်ကုန် လှိုင်သာယာ မီးလောင်မှု တပြိုင်တည်း လောင်ခဲ့တဲ့မီးဟာ ဒီနှစ်မှာ ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။ လှိုင်သာယာမီးဘေးကြောင့် မိသားစုပေါင်း (၁၂၀၀ ကျော်) အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပါတယ် ။ မီးလောင်မှုက လှိုင်သာယာ အောင်သုခလမ်းမှစတင် လောင်ကျွမ်းခဲ့ပြီး သီးသန့်လမ်း၊ ခရေလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဆိပ်ကမ်းသာလမ်း စုစုပေါင်း လမ်းငါးလမ်းမှ အိမ်ခြေပေါင်း ၂၂၆ အိမ် မီးလောင်ခံခဲ့ရပါတယ်။

မီးဘေးအတွက် အဓိက လှူဒါန်းသူများကတော့ နိုင်ငံခြားရောက် မြန်မာများ၊ RAVEN သွေးလှူရှင်အဖွဲ့ ၊ အလင်းလှိုင်းအဖွဲ့၊ ပြည်တွင်းမှ စေတနာရှင်များ၊ မြန်မာပြည်မှ ဘလော့ကာများ ဖြစ်ပါတယ်။ သူတို့ပေးပို့တဲ့ ငွေသား သိန်းသုံးဆယ်ကျော်ကို မတည်ပြီး ပြည်တွင်းမှလည်း လှူဒါန်းသူများရဲ့ အ၀တ်အထည်များ၊ ငွေများနှင့် ပူးပေါင်းလိုက်တဲ့အခါ စုစုပေါင်း တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ရရှိထားတဲ့အလှူငွေနဲ့ ၀ယ်ယူထားတဲ့ အ၀တ်အထည်များကို ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်များ နဲ့ Raven သွေးလှူရှင်အဖွဲ့မှ လူငယ်များက မီးဘေးသင့် အိမ်ထောင်စုတွေကို ဝေငှရာမှာ တက်ကြွ စွာ တာဝန်ယူခဲ့ကြပါတယ်။ ရရှိတဲ့ငွေသားများကို ၁၂၀၀ ကျပ်တန် စပို့ရှပ် အထည် ၂၅၀၀ ၀ယ်ယူခဲ့ပါတယ်။ တစ်အိမ်ထောင်ကို ငွေကျပ် ၅၀၀ နှုန်းနဲ့ အိမ်ထောင်စု ၁၂၀၇ စုကို ငွေသားအနေနဲ့ လှူဒါန်းခဲ့ပါတယ်။

Raven BDC မှ အဖွဲ့ဝင်တစ်ဦးကလည်း တန်ဖိုး ၉ သိန်းကျော်ရှိ အ၀တ်အထည် ၃၆၅ ထည် လှူဒါန်းခဲ့ပါတယ်။ အလင်းလှိုင်းအဖွဲ့ကလည်း တန်ဖိုး ၁ သိန်းရှိ အ၀တ်အထည် ၄၀ ကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။ လှုဒါန်းမည့်နေ့ မနက် ဆယ်နာရီ အချိန်တွင် ရန်ကုန်မှ ဘလော့ကာများမှ အလှူငွေ နှစ်သိန်းထပ်မံ လှူဒါန်းသည့်အတွက် ကြက်ဥ အလုံး ၂၀၀၀ ကျော်ကို ချက်ခြင်း ၀ယ်ယူခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စုတွေကို ဝေငှခဲ့ပါတယ်။ ရန်ကုန်စည်ပင်သာယာ လက်ထောက်ညွန်ကြားရေးမှုး ကလည်း ဗလာစာအုပ် ဒါဇင် ၆၀၀ ကို Raven BDC မှတဆင့် ပူးပေါင်း လှူဒါန်းခဲ့ပါတယ်။

၁၈.၃.၂၀၀၈ ရက်နေ့ မနက်စောစောကတည်းက ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်များ နဲ့ Raven BDC အဖွဲ့သားများဟာ လှူဒါန်းရေးအတွက် စိတ်အားထက်သန်နေကြပ်ါတယ်။ မနက်စောစော ကတည်းက လူစုပြီး ၇.၃၀အချိန်မှာ Raven BDC ရုံးခန်းမှ စတင်ထွက်ခွာခဲ့ပါတယ်။ မနက် ၉.၀၀နာရီမှာ လှိုင်သာယာကို ရောက်ရှိခဲ့ပါတယ်။ တာဝန်ရှိသူများထံ သတင်းပို့ပြီးနောက် လှိုင်သာယာ အရန်မိးသတ်တပ်ဖွဲ့ဝင်များကလည်း ကူညီအားဖြည့်ပေးပါတယ်။ ၁၀.၃၀နာရီတွင် လှိုင်သာယာ ရေဥက္ကံဈေး ကိုရောက်ရှိပါတယ်။

လှုဒါန်းမဲ့ ပစ္စည်းများကိုနေရာချထားချိန်မှာပဲ လူထုက စည်ကားစွာ ရောက်ရှိနေခဲ့ပါပြီ။ နေ့လည် ၁၂.၀၀ နာရီမှာ စတင်လှူဒါန်းပါတယ်။ လှူဒါန်းတဲ့နေရာမှာလဲ မိသားစုအလိုက် အထည်အရေအတွက်ကို စာရင်းများ တွက်ချက်ပြီး စနစ်တကျ ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။လာရောက် ကြတဲ့ မီးဘေးဒုက္ခသည်များကလည်း စနစ်တကျ လာရောက်ယူငင်ကြတဲ့ အတွက် ဝေငှ၇ာမှာ ပိုပြီး အဆင်ပြေချောမွေခဲ့ပါတယ်။

အိမ်ထောင်စုအလိုက် အကျီင်္၊ ဗလာစာအုပ်၊ ငွေသား၊ ကြက်ဥ တို့ကို အချိုးကြ ဝေငှပေးခဲ့ပါတယ်။ ဝေငှရာမှာ လမ်းအလိုက် ပထမဦးစွာ ခရေလမ်း၊ ထိုနောက် ဗိုလ်ချုပ်လမ်း ၊သီးသန့်လမ်း၊ ဆိပ်ကမ်းသာလမ်း ၊နောက်ဆုံး အောင်သုခလမ်းကို ဝေငှခဲ့ပါတယ်။ ညနေ၆.၀၀မှာ အားလုံးဝေငှ ပြီးစီးခဲ့ပါတယ်။

အခုလို လှူဒါန်းမှုလေးက လိုအပ်နေတဲ့နေရာကို လိုအပ်တဲ့ ပစ္စည်းတွေ အရောက်ပို့နိုင်ခဲ့တဲ့အတွက် ဖော်မပြတတ်အောင်ပဲ ပီတီဖြစ်မိပါတယ်။ အဲဒါကြောင့် ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ RAVEN BDC အပါအ၀င် အခြားသော လူမှုရေး အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ စေတနာရှင် အလှူရှင်များနဲ့ လုပ်အားပေး မောင်မယ်များ အားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်လေ။

ကျွန်တော့် ဘလော့လေးမှာ ကျွန်တော့်သူငယ်ချင်းများရဲ့ လှိုင်သာယာမီးဘေး ကယ်ဆယ်ရေး အကြောင်းကို တင်ပြရင်း ဒီပို့လေးနဲ့ အလှူရှင်များနဲ့ လုပ်အားပေး မောင်မယ်များကို ဂုဏ်ပြုလိုက်ပါတယ်။

ဆက်ဖတ်ရန်...

မိုးမိုး( အင်းလျား) အမှတ်တရ

Life is a challenge meet it,

Life is a gift accept it,

Life is adventure dare it,

Life is sorrow overcome it,

Life is tragedy face it.

ဘ၀ဟာ စိန်ခေါ်လာရင် တွေ့ဆုံလိုက်ပါ။

ဘ၀က လက်ဆောင်ပေးလာရင် လက်ခံလိုက်ပါ။

ဘ၀ဟာ စွန့်စားခန်းဆိုရင် သတ္တိ မွေးလိုက်ပေါ့။

ဘ၀ဟာ ၀မ်းနည်းဖွယ်ရာဆိုရင် ဖြတ်ကျော်လိုက်ပေါ့ ။

ဘ၀ဟာ ကြေကွဲဖွယ် အလွမ်းဇာတ်ဆိုရင် မျက်နှာချင်းဆိုင်လိုက် ။

မှတ်ချက် - မိုးမိုး (အင်းလျား) ရဲ့ ဧည့်ခန်းရှေ့ထောင်ထားတဲ့ ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာကြောင်းလေးတွေပါ ။

( စက်တင်ဘာ၊ သရဖူ - လွမ်းဖွယ် ဂျေပူ ၊ ခင်ဆွေဦး ဆောင်ပါး မှ )

ဆက်ဖတ်ရန်...

ကျွန်တော် နှင့်သူမ ၊ သူမနှင့်သူ၏ကိုကို

ကျွန်တော်နှင့်သူမသည် Online ပေါ်တွင် တွေ့ဆုံခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်နေရာရာတွင် တွေ့ဆုံနိုင်ခဲ့ပါသည်။

ကျွန်တော် သည် သူမကို ကြည်နူးတမ်းတစွာ ရင်ခုန်ခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်နည်းနည်းနှင့် ရင်တုန်နိုင်ခဲ့ပါသည်။

ကျွန်တော် သည် သူမကို မြတ်နိုးမျှော်လင့်မှုနှင့် ချစ်ခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် အကြောင်းတစ်ခုခုကြောင့် ချစ်ခဲ့ကြလိမ့်မည်။

ကျွန်တော် နှင့် သူမသည် မြဲမြံစွာ ခိုင်တွယ်လျှက် လျှောက်လှမ်းခဲ့ကြသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်ခါတစ်ရံ လမ်းကွဲလျှက် လျှောက်ကြလိမ့်မည်။

ဒီလိုနဲ့ ............
တစ်နေ့နေ့မှာပေါ့ ...
ကျွန်တော်နှင့် သူမသည် ထာဝရ လက်တွဲ သွားနိုင်သလို ..
ရင်နှင့်စွာ ( ချစ်ခဲ့မိသမျှ) နှင့် လမ်းခွဲသွားနိုင်ပါသည်။
သူမနှင့် သူ၏ကိုကိုသည်လည်း ... .. . . .

( ကျွန်တော့် စိတ်ကူးထဲ၌ သူမ၏ကိုကိုသည် တစ်ခါတစ်ရံ တွင် ကျွန်တော်ဖြစ်နေတတ်ပါသည်။ )

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။