လင်းမာန်သီ ရဲ့ အဖြစ်အပျက်

အဖြစ်က
တ၀ီဝီလည်နေတဲ့ အသွားထက်ထက်
ဓါးစက်လိုပါပဲ ….

ကိုယ်အတွက်ဆို
အချစ်ကသွေးချောင်း မစီးတာက လွဲရင်

တစ်ကယ့် စစ်ပွဲကြီးပါ.....


အလွမ်းတွေနဲ့ကိုယ် မြစ်ရိုးတစ်လျောက်
သုခ နဲ့ ဒုက္ခ တလှည့်စီ ဥချခဲ့တဲ့
အငွေ့ နဲ့ ထွင်းထုထားတဲ့ နတ်ပျိုမရေ …

မချစ်ချင်ခဲ့ပါဘူး
နှလုံးသားမရှိရင်ပေါ့ …

တစ်နေ့
ကြုံတုန်း အဖေ့ကို မေးမိတော့
အဖြစ်အပျက် ဆိုတာ
ဖြစ်ပြီးလို့ ပျက်သွားတာလောက်ပါပဲတဲ့ … ။ ။

လင်းမာန်သီ


ယခု တင်ပြတဲ့ ကဗျာလေးကတော့ မြစ်ကြီးနားမှ ကျွန်တော့် သူငယ်ချင်းလေး ရဲ့ ကဗျာလေးဖြစ်ပါတယ် ။

သူကတော့ အခုအခါမှာ အောင်ဖြိုးပိုင် ဆိုတဲ့ နံမည်ရင်းနဲ့ မြစ်တစ်စင်းရဲ့ ဂီတ( မြစ်ကြီးနား လူငယ်များ ) ဆိုတဲ့ သီချင်းခွေမှာ ပါဝင်သီဆိုထားပါတယ်။

2 comments:

    မချစ်ချင်ခဲ့ပါဘူး
    နှလုံးသားမရှိရင်ပေါ့ …

    အချစ်ဆိုတာ
    နှလုံးသားတစ်နေရာက
    ဖြစ်တည်လာတော့လဲ
    နှလုံးသားသားမရှိရင်
    အချစ်လဲမရပ်တည်နိုင်ဘူးပေါ့
    မိုက်တယ် အဲ့စာသားလေး

     

    တတိယအပိုဒ်က စာသားလေးကို သဘောကျမိတယ်..

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။