ကလေးတို့နှင့် အလုပ်လုပ်ခြင်း

  1. ဝေဖန်အပြစ်ရှာမှု နှင့် နေနေရသော ကလေးသည် ပြစ်တင်ရှုတ်ချတတ် လာပါသည်။

  1. ရိုင်းပြမှု နှုင့် နေနေရသောကလေးသည် တိုက်ခိုက်ရန်လုပ် တတ်လာပါသည်။

  1. ကြောက်ရွံမှု နှင့် နေနေရသောကလေးသည် စိုးရိမ်ပူပန်သောက ရောက်လာပါသည် ။

  1. သနားမှု နှင့် နေနေရသောကလေးသည် သူ့အတွက် သူဝမ်းနည်းမှု ခံစားပါလိမ့်မည်။

  1. မနာလိုမှု နှင့် နေနေရသော ကလေးသည် မနာလို သ၀န်တိုတတ်လာပါသည် ။

  1. ပြယ်ရယ်ပြုမှု နှင့် နေနေရသော ကလေးသည် ရှက်တတ်လာပါသည် ။

  1. ရှက်မှု နှင့် နေနေ ရသော ကလေးသည် အပြစ်ရှိသည်ဟု ခံစားလာရပါသည် ။

  1. အားပေးမှု နှင့် နေနေရသော ကလေးသည် ယုံကြည်စိတ်ချမှု ရှိလာပါသည် ။

  1. သည်းခံမှု နှင့် နေနေရသော ကလေးသည် သည်းခံစွမ်းရည် ရှိလာပါသည် ။

  1. ချီးမြှောက်မှု နှင့် နေနေရသော ကလေးသည် နားလည်တန်ဖိုး ထားတတ်လာပါသည် ။

  1. လက်ခံမှု နှင့် နေနေရသော ကလေးသည် ချစ်ခင် တတ်လာပါသည် ။

  1. နှစ်သက်ထောက်ခံမှု နှင့် နေနေရသော ကလေးသည် မိမိကိုယ်ကို နှစ်သက် သဘောကျလာပါသည်။

  1. အသိအမှတ်ပြုမှု နှင့် နေနေရသော ကလေးသည် ရည်မှန်းချက်ထားခြင်း ၏ ကောင်းကွက် ကို သိလာပါသည် ။

  1. မျှဝေ ခံစားမှု နှင့် နေနေရသော ကလေးသည် ရက်ရောပြီး စေတနာကောင်းလာပါသည်။

  1. ရိုးသားမှု ၊မျှတမှု နှင့် နေနေရသော ကလေးသည် အမှန်တရား နှင့် မျှတမှုကို နားလည်လာပါသည်။

  1. လုံခြုံမှု နှင့် နေရသော ကလေးသည် မိမိကိုယ်၌လည်းကောင်း၊ပတ်ဝန်းကျင် လူများအပေါ်တွင်လည်းကောင်း ယုံကြည်မှု ရှိလာပါသည် ။

  1. ချစ်ခင်ရင်းနှီးမှု နှင့် နေနေရသော ကလေးသည် လောကကြီးသည် နေဖို့ကောင်းသောနေရာဟု မြင်လာသည်။

  1. တည်ငြိမ်အေးချမ်းမှု နှင့် နေနေရသော ကလေးသည် စိတ်အေးအေးနေ တတ်လာပါသည် ။

ကျွန်တော် မအားလပ် တဲ့အချိန်တွေမှာ ဘလော့လေး ကို လာလည်သူများကို ခုတစ်ခါ ဝေငှချင်တာကတော့ ဆရာမောင်သစ်ဆင်း ရဲ့ ကလေးတို့၏ မနက်ဖြန် ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်။ ကျွန်တော် အချိန်ရတာနဲ့ ကိုယ်တိုင်ရေးများကို တင်ပါ့မယ်။ ခုလောလောဆယ်တော့ ဒီပို့စ်လေးနဲ့ပဲ ကျေနပ်ပါလို့နော် ။လာလည်သူများကို ကျေးဇူး အထူးတင်ပါတယ်။

3 comments:

    အဲဒီသဘောမျိုးကြားတော့ကြားဖူးတယ်။
    “ရုပ်လှတဲ့လူတွေလောကကိုအကောင်းမြင်တတ်ခြင်း၊နဲ့ 
    ရုပ်ဆိုးသူ တွေလောကကိုအကောင်းမမြင် တတ်ခြင်း”နဲ့ 
    ပတ်သက်တဲ့သုတေသနတစ်ခုမှဖတ်ဖူးတာ။
    ငယ်ငယ်ကတည်းက၀ိုင်းချစ်ခံရတဲ့ကလေးနဲ့ ၊ ငယ်ငယ်ကတည်းက
    လူအနှိမ်ခံရတဲ့ကလေးကသဘောထားချင်းတော့မတူနိုင်ဘူးလေ။
    ဒါကြောင့်နှိမ့်ချခွဲခြားဆက်ဆံခြင်းတွေကင်းဝေးကြစေချင်ပါတယ်။

     

    ဒီပို့စ်လေးအတွက် ကျေးဇူးပါ.. ကလေးတွေအကြောင်း ခုတလောမှာ ရှာဖတ်ဖြစ်နေလို့..

     

    စိတ်ဝင်စားစရာ တော့ပစ်လေး တစ်ခုပါပဲ... အချိန်ရရင် ကောင်းနိုးရာလေးတွေ ဆက်ရေးပါလား...

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။