မေမေကကျွန်တော်ကို .. အကြီးဆုံးသား အဖြစ် မွေးဖွားခဲ့ပါတယ်…ဒါကြောင့် ..ကျွန်တော့် အတွက် ပထမဆုံး ၀န်းကျင်က .. ဖေဖေမေမေ ပေါ့ ..ဒီလိုနဲ့ ဖြစ်သန်းလာ လိုက်တာ … ကျွန်တော်
လူသားရယ်လို့ဖြစ်လာတဲ့နောက်မှာ .. ကျွန်တော်တို့ အတွက် ရှင်သန်ရာမှမျှော်လင့်ချက်ဆိုတာ
အတတ်ပညာ ….. …ထိုက်သင့်တဲ့ အတတ်ပညာတော့ရှိရမယ်လေ .. အဓိက ကတော့ သူ့ မေတ္တာ ………………….. မိခင်တစ်ယောက်ဖြစ်လာမယ့် သူမှာ မေတ္တာတရားဆိုတာ ကျွန်တော်တို့ အမျိုးသားတွေထက် ပိုများသင့်တယ်ထင်တယ်လေ .. မေတ္တာတရားက စိတ်တစ်ခုလုံးကို အေးချမ်းစေတယ်လေ …
အချစ် ………………….. ချစ်ခြင်းဆိုတာ လုပ်ယူလို့မရဘူးလို့ ခံယူထားတယ်..နောက်အချစ်ဆိုတာ ရုပ်ရည်....................ချစ်ဖို့ကအဓိကပါ ...ချစ်တယ်ဆိုရင်...... ကိုယ့်ချစ်သူဟာကိုယ့်အတွက် အလှဆုံးလို့ လို့ထင်တယ်လေ.... စိတ်ဓါတ်.................ကျွန်တော် မျှော်လင့်သော လက်တွဲဖေါ်ဟာ ကျွန်တော့် စိတ်ကို ကိုးကွယ်ယုံကြည်မှု … ဘာသာတရား တူညီရမယ် . လေးစားမှု(အထင်ကြီးမှု )…. ……မိန်းကလေး တွေက ယောင်္ကျားလေး ကို သူတို့ဦးဆောင်သူအဖြစ် အားကိုးချင်တာလေ အထင်ကြီးမှုကုန်ဆုံးလာတဲ့အခါ အချစ်ဆိုတာလဲပျောက်ကွယ်သွားနိုင်တယ်လေ….အဲဒါကြောင့် ..အပြန်အလှန်လေးစား အထင်ကြီးမှုဟာလည်း နားလည်မှု………. နောက်တစ်ခုက .. အဲဒီ မိန်းကလေး က ကျွန်တော့် အရည်အချင်း ကို ကဲ…..ကျွန်တော့် စိတ်ကူးလေး ဖြစ်နိုင်ပါရဲ့လား……………… ကျွန်တော့်လက်တွဲဖော်ကို သိချင်နေတဲ့ ..ညီမလေးဆုဝေလဲ ကျေနပ်မယ်ထင်ပါတယ်နော်............. | | |
ကျွန်တော့် စိတ်ကူးလက်တွဲဖော်
Posted by အိမ်ဝေးသူ at Wednesday, February 13, 2008 0 comments
သတိရခြင်းတွေ ရှင်သန်ဖို့
ကျွန်တော်တို့သည် နေ့စဉ်ဘ၀တွေကို ဘ၀အမောတွေကြား ပင်ပန်းကြီးစွာ ဖြတ်သန်းနေရတယ်။ ဒီလိုဖြတ်သန်းမှုတွေမှာကျွန်တော်တို့ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက ထပ်တူကျနိုင်သလို ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နေတယ်။
ဒီအဖြစ်အပျက်တွေကို ဦးနှောက်ဥာဏ်နဲ့ မှတ်တမ်းတင်သလို … စိတ်ခံစားမှုနဲ့လည်း မှတ်ကြပါတယ် .. လူတွေ ပြောလေ့ရှိတာက သတိရတယ် လွမ်းတယ် စသဖြင့်ပေါ့… သတိရခြင်းဟာ စိတ်နဲ့ သတိရပေမယ့် သတိရခြင်း ဘယ်အချိန်မှ ဖြစ်ပေါ်သလဲနှင့် ဘယ်အချိန်လောက်ထိ သတိရကြပါသလဲ ....
သတိရခြင်းနဲ့ အမှတ်တရ ဆိုပြီး မေးလ်များ၊လက်ရေးစာ များ အမှတ်တရ ပစ္စည်းလေးများ ပေးပို့ကြပါတယ်။ သင်တို့ရော သတိရခြင်း ဆိုတာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ။ စိတ် က အရေးကြီးတယ်ဆိုတာ ပြောသံတွေ အမြဲကြားနေရပါသည်။ အဲဒီ စိတ်တွေ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ ။စိတ်၌အလိုလိုပေါ်ပေါက်နိုင်သလို ရုပ်ဝတ္တုကြောင့်လည်းသတိရနိုင်သည်လေ …
ကျွန်တော်တို့ ဖြတ်သန်းလာသော သူငယ်ချင်းများအားလုံးကို သတိရပါသလား။အုပ်စုလိုက် ရိုက်ခဲ့သောပုံ များကိုကြည့်ပြီး သတိရခြင်းတွေ ဖြစ်ပေါ်ပါသလား။ စိတ်ကူးသက်သက် နဲ့
ကျွန်တော် တို့ ချစ်သူများအတွက် .. ဖေဖေ မေမေ ညီ ညီမလေးများ အတွက်သတိရခြင်းတွေ ဘယ်လို မွေးဖွားကြပါသလဲ…..ကျွန်တော့်အမြင်အရတော့ စိတ်ကအဓိကဟု ဆိုပေမယ့်လဲ
ထို့ကြောင့် မိဘမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေများကို မွေးနေ့ ၊ခရစ်စမတ် ၊နှစ်သစ်ကူးအထိမ်းအမှတ် ကဒ်ကလေးတစ်ခုလောက် သင်ပို့ဖြစ်ရဲ့လား… ထိုအတူ သင်ရော လက်ခံရရှိဘူးပါသလား ၊လက်ခံရရှိချိန်တွေ ခံစားရသော ခံစားချက် ၊၀မ်းမြောက်မှုသည် ရုပ်ဝတ္တုကို အခြေခံ၍ ပေါ်ပေါက်လာသော ခံစားချက်များ မဟုတ်ပါလား………
နေ့စဉ်ဖြစ်ပျက်မှုများမှာ ရုန်းကန်လှုပ်ရှားရင်း သတိရခြင်းများဖြင့် စိတ်ခံစားမှုများ ရှင်သန်စေရန် အတွက် ရုပ်ဝတ္တုအကူအညီ ပံ့ပိုးမှု လိုအပ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေနှင့် သတိတရရှိကြောင်း ဖြော်ပသည့် အမှတ်တရပစ္စည်းလေးများ ပေးပို့ခြင်းဖြင့် မိတ်ဆွေသင်္ဂဟများအကြား နွေးထွေးသော စိတ်ခံစားမှုများ နှင့် ပျော်ရွှင်မှုကို တည်ဆောက်ပေးရင်း ချစ်ခင်ရင်းနှီးစွာ ခရီးဆက်ကြပါစို့လားနော်…………
Posted by အိမ်ဝေးသူ at Tuesday, December 25, 2007 0 comments
မေတ္တာတရား
ကျွန်တော်တို့သည် နေ့စဉ် နိစ္စဓူဝ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြသည် ။ မိမိ ကိုယ်တိုင် ဆောင်ရွက်သလို အခြားသူများ၏ အကူအညီ ဖြင့်လည်း လုပ်ဆောင်ကြသည်။ အခြားသော သူများကိုလည်း ကူညီပေးနေကြသည်။ ထိုသူများတွင် ကျွန်တော်တို့ သိကျွမ်းသူများပါဝင်သလို လုံးဝ မသိကျွမ်းသူများလည်းပါဝင်ကြသည်။
ကူညီမှုကို လုပ်ကိုင် ဆောင်ရွက်ရာတွင် မျှော်လင့်ချက် (ရယူလိုမှု) ဆိုသောအရောင်လေး စွန်းထင်း
နေနိုင်သလို သန့်စင်သော မေတ္တာတရားနှင့် ကူညီမှုလည်း ရှိနိုင်ပါသည် ။ ကူညီသင့်၍ ကူညီရသလို မိမိဆန္ဒအလျှောက် အကူအညီ ပေးလိုက်သည်လည်း ရှိ၏ ။ မိမိ ကူညီလိုက်မှုတွင် သန့်စင်သော မေတ္တာတရား ဘယ်လောက် ရာခိုင်နှုန်း ပါဝင်ပါသလဲ……… ။
ဥပမာ .. ကျွန်တော်တို့ ရှေ့တွင် စက်ဘီးလဲနေသူ တစ်ယောက်ကိုတွေ့ရင်ကူညီမည်လား ။
ထိုသူသည် သူစက်ဘီး မလဲခင် ကျွန်တော်တို့ကို ပြဿနာရှာသူ ဖြစ်ခဲ့ပါက ကူညီမည်လား ။
နောက်တစ်ခုက ..ကျွန်တော်တို့သည် သူတစ်ပါးကို အကူအညီ ပေးကြရာတွင် ၀တ်ကျေတန်းကျေ
ကူညီပေးသည်လား။ သူနှင့် ထိုက်တန်သလောက်ဟု ကိုယ့်စိတ်နဲ့ သတ်မှတ်၍ ကူညီသည်လား။
သို့မဟုတ် ကျွန်တော်တို့ ခွန်အား ရှိသလောက် ကူညီသည်လား။
ကျွန်တော်သည် လူတစ်ယောက်ကို မေးခွန်းတစ်ခု မေးဖူးပါသည်။ သူသည် လူတစ်ယောက်ကို အားလပ်၍ အချိန် တော်တော်များများ ကူညီခဲ့သည်။ အကြိမ်များများ ကူညီခဲ့သည်။
သူကူညီလိုက်သူထံမှ ပြန်လည် ကူညီမှုကို မျှော်လင့်ခဲ့ပါသလား။ တုန့်ပြန်မှုကို မရရှိခဲ့သော် ဘယ်လို ယူဆပါသလဲ ဟု မေးခဲ့ဖူးသည်။ သူ ၏ အဖြေကတော့ ပြန်လည် ကူညီမှုမရလျှင် သူ ရှုံးသည် တဲ့လေ။
( ကျွန်တော်တို့ ၏ ပြင်သင့်သော စိတ်ဓါတ်များ )
ကျွန်တော့် ပတ်ဝန်းကျင်တွင် ကြားဖူးသည် ။ သူ့အလှည့်တုန်းက လိုက်လုပ်ပေးရတယ် ..
ကျွန်တော် အလှည့်တော့ လိုက် လုပ်မပေးဘူး တဲ့ .. အဲဒီ အသံများ ကြားရချိန်တွင် စိတ်မကောင်းပါ ။
ကိုယ် ကူညီပေးချိန်တွင် ကိုယ်တိုင် အားလပ်၍ လိုလိုလားလား ကူညီပေးခဲ့သည် မဟုတ်ပါသလား ။
သြူပန်လည် အကူအညီတောင်းချိန်တွင် ကျွန်တော်တို့ ဖျားနာနေပါက ကူညီနိုင်မည်လား။
အဘယ်ကြောင့် တစ်ဘက်လူ၏ အဆင်မပြေမှုကို ထည့်မစဉ်းစားပါသလ။ဲ
သူ တစ်ကယ်ပဲ မအားတာလား .သူ့ရဲ့ စိတ်ဓါတ်ကြောင့်လား ဆိုသည့် အကြောင်းရင်းကို မဝေခွဲပဲ ဘာကြောင့်များ ကိုယ့် ကူညီပေးလိုက်မှုကို အရောင်စွန်းထင်းစေတာလဲ ဟု မေးစရာ ရှိလာပါသည်။.
နောက်တစ်ခုက … ကျွန်တော်တို့သည် အကူအညီတွေကို မျှော်လင့်ချက်မဲ့စွာပေးဖူးကြပါလိမ့်မည်။
ထိုအကူအညီ အပေါ် ပြစ်တင် ဝေဖန်မှုများကို ကြားရသည့်အခါ စိတ်ထဲတွင် နာကျင်စွာ ခံစားဖူးကြပါသည်။
ကျွန်တော့်ကို ဆရာတစ်ယောက်က ပြောဖူးသည်။ သူ့ကို လူတစ်ယောက်က အကူအညီတောင်းလျှင်
သူလုပ်ဆောင်ရမည့် အလုပ်များကို မလုပ်ပဲ အကူအညီတောင်းသည့် ကိစ္စကို သူကိုယ်တိုင် ကြီးကြပ်သည်။ သူ့ စိတ်တိုင်းကျ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးသည် တဲ့ ။
သူ့စိတ်တိုင်းကျ အပင်ပန်းခံ လုပ်ဆောင်ထားခဲ့သော အရာသည် အကူအညီ တောင်းသူ၏ စိတ်တိုင်းကျ မဖြစ်ရင်တောင် ကိုယ့်စိတ်ကျေနပ်မှုကို တော့ ပေးစွမ်းနိုင်သည် တဲ့။ လုပ်ဆောင်ခဲ့စဉ်က သူတောင် မကျေနပ်မှု (စိတ်တိုင်းမကျမှု) ရှိခဲ့လျှင် အကူအညီ တောင်းသူ ရင်ထဲတွင်ရော………. …………..
ကျွန်တော့် စိတ်ထဲတွင် ကျွန်တော့်ပတ်ဝန်းကျင်မှ လူများကို တတ်စွမ်းသလောက် ကူညီမည်။ ပြန်လည်တုန့်ပြန်မှုကို မျှော်လင့်မထားပဲ ကျွန်တော့်စိတ်တိုင်းကျပေါ့ ။ ဒါပေမယ့် တစ်ပြိုင်နက်တည်းနှင့် လူပေါင်းများစွာ၏ လိုအပ်ချက်များကိုတော့ မကူညီနိုင်သေးပါ။ သို့ဖြစ်၍ ကျွန်တော် မကူညီလိုက်နိုင်သူက ကျွန်တော့်ကို အမျိုးမျိုး ပြောဆိုပါကလဲ ကျွန်တော် တုန်လှုပ်မည် မဟုတ်ပါ ။
ကျွန်တော်သည် မည်သူ့ထံမှ အကူအညီကို မျှော်လင့်မထားပါ ။သို့သော် မေတ္တာတရား သည် ရောင်ပြန်ဟပ်လျှက် ရှိပါသည် ။ မေတ္တာရဲ့သဘောကိုက အလျားအနံမရှိပေမယ့် အသွားအပြန် ရှိသည် မဟုတ်ပါလား …………..
သင်တို့ရော မေတ္တာတရား ကို ဘယ်လို နားလည် လက်ခံ ထားကြပါသလဲ………..………
Posted by အိမ်ဝေးသူ at Thursday, December 20, 2007 3 comments
ကျွန်တော်နှင့် မိဘချစ်ခြင်းမေတ္တာ
ကျွန်တော့် တွင် မောင်နှမ သုံးယောက်ရှိသည်။ သို့သော် ဖေဖေ နှင့် မေမေ သည်
ကျွန်တော်ကို ပိုချစ်သည်ဟု ထင်ရလေသည်။ မေမေဆို ပြောစရာပင် မလိုပါ။
အဘယ်ကြောင့် ဆိုသော်..ထူးအိမ်သင် ၏ သီချင်းထဲကလို……ကျွန်တော်သည်
မေမေ ၏
သုံးခုစလုံးနှင့် ကိုက်ညီ သည့် သားတစ်ယောက် ဖြစ်သောကြောင့်ဟု ထင်ပါသည်။
တခါတရံ…ပတ်ဝန်းကျင်တွင် ပြောလေ့ရှိကြတာ ကြားဖူးပါသည် ။မိဘများသည်
သားသမီးများကို တန်းတူမချစ် တစ်ဦး တစ်ယောက်ကို ပိုချစ်သည် တဲ့လေ
ရုပ်ရှင် ဇာတ်လမ်း များတွင်လည်း တွေ့မြင်နေရသည်။ထို့ အတူ သူငယ်ချင်း အချင်းချင်း
အပြန်အလှန် ခင်မင်မှုတွင်လည်း မတူညီမှုများကို မကြာခဏ တွေ့မြင်ရလေ့ ရှိပါသည်။
တူတူ ခင်ပါသလား ..ခွဲခြားပြီး ခင်ပါသလား … ပိုခင်သော သူရှိပါသလား …
ခင်ရင်းနှင့် ကွဲသွားကြတာပါ … သင်တို့ သူငယ်ချင်း အားလုံးအပေါ် အခွင့်အရေး
တန်းတူပေးပါသလား … ဘာလို့ ကွာခြားသွားပါသလဲ ဒါတောင် ဦးနှောက် နှင့်ပဲ
ရှိသေးသည်။ စိတ် ခံစားမှု ဆိုတဲ့ နှလုံးသား .. မသိစိတ် မပါသေးပါ။
တစ်ဦး တစ်ယောက် ကိုပိုချစ်သောမိဘ ဟူ၍လည်း ရှိမည် မထင်ပါ ။
မိဘ တွေ မှာက တော့ သူတို့ရဲ့ ရင်သွေး များအား တန်းတူ ချစ်မည်ဟု ထင်ပါတယ် ။
ကျွန်တော် မေးခွန်း တစ်ခု မေးချင်ပါသည်။..
နေမကောင်းသူ ကို ပိုချစ်ပါသလား .. ပိုဂရုစိုက် တော့ ပိုချစ်တာပေါ့ ဟု ဖြေရပါမည် ။
မေမေ ရဲ့ စိတ် အချိန်တော်တော်များများသည် နေမကောင်းသူ အတွက် ကုန်ဆုံးပါသည် ။
သို့ ဆိုလျှင် ပိုချစ်ခံလိုလျှင် နေမကောင်းဖြစ်ရမှာလား … ဟုမေးစရာရှိပါသည် ။
မည်သူနည်း ။.. နေမကောင်း သူ ပဲ မဟုတ်လား .. ဒါဆို မိဘ ကို ဒုက္ခပေးသူ
ဖြစ်နေပြန်ပြီ …. နောက် သားဆိုးတွေရော .. ပိုချစ်ခံရသလို .. မိဘ ကို အမြဲ
စိတ်ပူ ပန်စေသူ မဟုတ်လား … မိဘ ကို စိတ်ကြည်နူး ပျော်ရွင်စွာ သံသရာ ကို
မလျှောက်စေချင်ဘူးလား။
မိမိ ကိုယ်တိုင်ရော မိဘကို ဘယ်လောက်ချစ်လဲ တစ်ခါတစ်လေ ပြန်မေးဖူးပါသလား
ကျွန်တော် တို့သည် မိဘ များဆီက အယူသမား များဖြစ်ကြသည်။
သူတို့၏ မေတ္တာ ..စိတ်ခံစားမှု .. ငွေကြေး … အချိန် … ….. များစွာ ကိုရယူခဲ့ကြသည် ။
ဒါဆို ကျွန်တော် တို့ မိဘတွေကို ပြန်လည်ပေးဆပ် ခဲ့တွေကရော…………
ကျွန်တော် စဉ်းစားမိသလောက်… မိဘကို စိတ် ပူပန်မှု များစွာကို ပေးခဲ့တယ် .…
တွေ့နေရပါသည်။ နောက်ပိုင်း တွင်
၎င်း တို့၏သားသမီးများနှင့် …၄င်းတို့၏ မိဘ တို့ကိုပေးဆပ်ခြင်းပမာဏာသည်
ကြီးမားနေဆဲ ကျွန်တော့် တို့သားသမီး နှင့် ကျွန်တော့် မိဘ ဆိုတဲ့ မတူညီမှု
နှစ်ခုကြား မေတ္တာရာခိုင်နှုန်း အချိုးမချသင့်ပေမယ့်…. ကျွန်တော်တို့မိဘ အတွက် ဆိုပြီး
ကျွန်တော် တို့ ဦးနှောက် မှာ နေရာဘယ်လောက် ပေးခဲ့ပါသလဲ ..
( မိဘတွေ သည် သားသမီးများကိုခွဲခြားချစ်ကြပါသလား .. )
Posted by အိမ်ဝေးသူ at Sunday, December 16, 2007 5 comments
ဆည်းဆာတို့ရဲ့ ရင်တွင်းတမ်းတမှု့
ကျွန်တော်တို့အားလုံးသည်နေ့တစ်ရက် ကို အာရုဏ်ကျင်းပြီး မိုးလင်းခဲ့သည်နှင့် ....
တောက်ပလာသော နေရောင်ခြည် ကို လက်ခုပ်တီးကြိုဆိုကြသည်.။ ဒါပေမယ့် တစ်နေ့တာရဲ့လွမ်းခန်းကတော့ နေ၀င်ဆည်းဆာပဲဖြစ်ပါသည်။
လူတိုင်းလူတိုင်းသည် နေထွက်ချိန်ကို မစောင့်ကြည့်ကြပေမယ့့််
တစ်နေ့တာ အဆုံးသတ်
ဖြစ်ထွန်းပေါ်ပေါက်လျက် ရှိပါသည်။ ထို အောင်မြင်မှု တွေ အတွက်
ဂုဏ်ယူပါတယ် ဆိုတဲ့ စကားလုံးတွေကို အမြဲထိတွေ့ခံစားဖူးကြပါလိမ့်မည်။
ကျွန်တော် တို့ သိနားလည်လာချိန်မှာ တစ်ယောက်ယောက်က တော်လိုက်တာ ဟု
ုပြောခံရလျှင် ဂုဏ်ယူကြသည်။ ကျေနပ် ပီတိဖြစ်သည်။ ကျောင်းအားကစားပြိုင်ပွဲ
ဆုယူလာလျှင် ဒါ ကျွန်တော်တို့ ကျောင်းပေါ့ ဟု ဂုဏ်ယူ ဖူးကြပေလိမ့်မည်။ ဖေဖေ
မေမေ တို့ ၏ အောင်မြင်မှု ကိုလည်း ဂုဏ်ယူဖူးလိမ့်မည်။
တက္ကသိုလ် အဆင့်တွေရောက်လို့ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အောင် မြင်မှု
ရှိလျှင် congratulation လို့ လက်ဆွဲနှုတ်ဆက်ခံဖူးသလို .. အခြားသူတွေကိုလည်း နှုတ်ဆက်ဖူးလိမ့်မည်။
သို့သော် … ကျွန်တော့်တို့ ဂုဏ်ပြုခံရမှုများ .. တစ်ခြားသူများအတွက် ဂုဏ်ပြု
နှုတ်ဆက်ခြင်းများမှာ .. ဂုဏ်ယူပီတိ ဆိုတဲ့ ခံစားမှု ဘယ်လောက်များပါဝင်ခဲ့ကြပါသလဲ ..
မိမိ ပျိုးထောင်ထားသော ပန်းလေးတစ်ပွင့် ဖူးပွင့်ဝင့်ကြွားလာသည်ကို အချိန်ယူ ခံစားဖူးပါသလား ..
ကျွန်တော် တို့ ငယ်စဉ်.. သိနားမလည်ခင် မှာရရှိခဲ့သော အသေးမွှားဆုံးသော အောင်မြင်မှုများကြောင့်
မိဘများ၏ ရင်ထဲမှ ဂုဏ်ယူပီတိ ကို ကျွန်တော်တို့ နေရာယူခံစားဖူးပါသလား ..
လက်ရှိရပ်တည်လျှက်ရှိသော နေရာ ကိုဘယ်လိုတက်လှမ်းလာခဲ့ကြပါသလဲ .. ပုံသဏ္ဍာန် အမျိုးမျိုးနဲ့
လျှောက်ခဲ့ကြမှာပါ .. ကျွန်တော်တို့ အောင်မြင်မှု ကို မိမိ ကိုယ်တိုင်ဘယ်လောက်ထိ
ဂုဏ်ယူပီတိ ခံစားဖူးပါသလဲ .. ဘယ်သူတွေ ကရော ဂုဏ်ယူနေကြပါသလဲ...
အဲဒီ ဦးဆောင်သူ လား ……… ကျွန်တော်ပေါ့ …
အဲဒီ စာရေးဆရာလား ……….. ကျွန်မ သားလေးပေါ့ ……. သူလား ……….. ကျွန်တော့် သူငယ်ချင်းလေးပါ …
အဲဒါ လား ………… ကျွန်တော့် မေမေ လေ….
စသည်ဖြင့်ပေါ့ ………
ဒါပေမယ့် အဲဒီ ဂုဏ်ယူ ပီတီတွေ ကြားမှာ .. သားသမီးတွေ ရဲ့ နေရာပေးမှုကို ခံယူရတဲ့ မိဘ ရင်တွင်းမှ
ဂုဏ်ယူ ပီတိ ကိုတော့ ဘယ်အရာမှ လိုက်မီမယ် မထင်ပါ။
ကျွန်တော်တို့၏အနာဂတ်သည် တက်သစ်စနေရောင်ခြည်နှင့်တူပြီး မိဘတို့၏အနာဂတ်သည် နေ၀င်ဆည်းဆာ
အလင်းရောင် နှင့်တူလေသည်။
ကျွန်တော်တို့ရဲ့ တန်ဖိုးရှိသောအချိန်များထဲမှ နာရီအနည်းငယ်ကို မိဘများအတွက်
ခွဲဝေပေးရန် သတိရော ရကြပါရဲ့လား...။ လက်ရှိဘ၀တွင်
ကျွန်တော်တို့မိဘများ၏ နောက်ဆုံးအချိန် သူတို့၏နေ၀င်ဆည်းဆာကို ကူညီဖေးမရင်း ဖြည့်ဆည်းပေးရင်း
နားလည်ပေးရင်းဖြင့် အချိန်များကို ကုန်လွန်ကြပါစို့နော်.............။
Posted by အိမ်ဝေးသူ at Friday, December 14, 2007 7 comments
လှ၍ ခံစားမှုမဲ့သော စာလုံးများနှင့် ဖွဲစည်းထားသောစာ (သို့) Email
တိုးတက်လာတဲ့ ခေတ်တစ်ခုမှာ စာပို့စနစ်က အလွန် မြန်ဆန် ကောင်းမွန်လှပါတယ် ။
Send Button လေးနှိပ်ပြီး ၁ စက္ကန့် ၂ စက္ကန့် မှာပင် တစ်ဘက်လူက
ဖတ်ရှုပြီး ချက်ချင်း ပြန်စာ ပေးပို့နိုင်တယ်လေ.. နယ်မြေ ကွာဝေးမှု
အတားအဆီးမရှိ .... ဟို အရင် စာပို့စနစ် နှင့်ဆို နှစ်ရက် သုံးရက် တော့ အသာလေး
ဒီကြားထဲ စနေ၊တနင်္ဂနွေ နဲ့ ခံသွားလျှင်တော့ .. ထပ်စောင့်ရဖို့သေချာသွားပြီ ။
လက်ရေးစာသားများက လူတစ်ယောက်ရဲ့ ခံစားမှု ပါတယ်လေ။ စိတ်နေသဘောထားပါတယ်။
အနုပညာ….. မျှော်လင့်ချက်… ၀မ်းနည်းမှု … ပျော်ရွင်မှု … ကြည်နူးမှု … ငိုကြွေးမှု…တမ်းတမှု စတဲ့
ကိုယ်ပေးလိုသော လက်မှုအနုပညာ ခံစားမှု ရသကိုပေးစွမ်းနိုင်တယ်လေ
မေမေထံမှ စာလာလျှင်………..ဒါ ကျွန်တော် မေမေ လက်ရေးဟု… ဂုဏ်ယူမိသလို…. ချစ်သူဆီကစာရောက်လျှင်……..ဒါ သူ့ ဆီက စာ ဆိုတဲ့.. ခံစားချက်နဲ့ .. … ရင်ခုန်တယ်လေ (ကြွားတာ)
ဥပမာ ..
ဒီလို Email ကပို့ လိုက်တဲ့စာနဲ့

ယခုလိုလက်ရေးစာနှစ်ခုကို ကျွန်တော် ယှဉ်ဖတ်ကြည့်တဲ့အခါ
ခံစားမှု ကတော့ လုံးဝကွာတယ် …
သင်တို့ရော ခံစားမှု ဘယ်လိုရှိလဲ …
အိပ်ရာပေါ်မှာ .. လွမ်းတိုင်း ပြန်ဖတ်ခွင့်ရှိတယ်လေ .. ရင်ဘတ်ပေါ်တင်ပြီး
ကြည်နူးခွင့်ရှိတယ် .. သင်တို့ရော ……. အိမ်နဲ့ဝေးနေချိန်မှာ မေမေဆီက
စာကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်ဖူးပါသလား …
နေမကောင်းနေချိန်မှာ .. သူငယ်ချင်းများရဲ့ အားပေးစာ .. ပို့စကဒ်များ
လက်ခံဖူးပါသလား ..
ပို့ရော ပို့ဖူးပါသလား …
Screen ရှေ့မှာ ငုတ်တုတ် ထိုင်ဖတ်ရသော အရသာနဲ့တော့ အလွန်ကို
ကွာခြားပါသည်။ ( ကျွန်တော့်ခံစားမှု)
နောက်တစ်ခု က ပို့စကဒ်လေးတွေ ..
E-card တဲ့ Animation တဲ့ .. တိုးတက်ဖွံဖြိုးလာလိုက်တာ ..
ကျွန်တော့် ခံစားမှု ကတော့ e-card မဟုတ်သော ပို့စကဒ်လေးတွေ
စာတိုက်ကရောက်လာရင် .. လက်ရေးနဲ့ Hand made ဒီဇိုင်းနဲ့ စိတ်ကူးလေးနှင့်
ခံစားရတာတောင် ကြည့်နူးမဆုံးပါ ….
သင်တို့ရော ………
Email , E-card ယဉ်ကျေးမှုမှာ အလိုက်သင့်မျှောပါရင်း ….
အနာဂတ်မှာ လက်ရေးစာပို့စနစ် ပျောက်ဆုံးတော့မှာလား ………..
Posted by အိမ်ဝေးသူ at Tuesday, December 11, 2007 7 comments
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me
- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)