ကျွန်တော်တို့သည် နေ့စဉ်ဘ၀တွေကို ဘ၀အမောတွေကြား ပင်ပန်းကြီးစွာ ဖြတ်သန်းနေရတယ်။ ဒီလိုဖြတ်သန်းမှုတွေမှာကျွန်တော်တို့ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက ထပ်တူကျနိုင်သလို ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နေတယ်။
ဒီအဖြစ်အပျက်တွေကို ဦးနှောက်ဥာဏ်နဲ့ မှတ်တမ်းတင်သလို … စိတ်ခံစားမှုနဲ့လည်း မှတ်ကြပါတယ် .. လူတွေ ပြောလေ့ရှိတာက သတိရတယ် လွမ်းတယ် စသဖြင့်ပေါ့… သတိရခြင်းဟာ စိတ်နဲ့ သတိရပေမယ့် သတိရခြင်း ဘယ်အချိန်မှ ဖြစ်ပေါ်သလဲနှင့် ဘယ်အချိန်လောက်ထိ သတိရကြပါသလဲ ....
သတိရခြင်းနဲ့ အမှတ်တရ ဆိုပြီး မေးလ်များ၊လက်ရေးစာ များ အမှတ်တရ ပစ္စည်းလေးများ ပေးပို့ကြပါတယ်။ သင်တို့ရော သတိရခြင်း ဆိုတာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ။ စိတ် က အရေးကြီးတယ်ဆိုတာ ပြောသံတွေ အမြဲကြားနေရပါသည်။ အဲဒီ စိတ်တွေ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ ။စိတ်၌အလိုလိုပေါ်ပေါက်နိုင်သလို ရုပ်ဝတ္တုကြောင့်လည်းသတိရနိုင်သည်လေ …
ကျွန်တော်တို့ ဖြတ်သန်းလာသော သူငယ်ချင်းများအားလုံးကို သတိရပါသလား။အုပ်စုလိုက် ရိုက်ခဲ့သောပုံ များကိုကြည့်ပြီး သတိရခြင်းတွေ ဖြစ်ပေါ်ပါသလား။ စိတ်ကူးသက်သက် နဲ့
ကျွန်တော် တို့ ချစ်သူများအတွက် .. ဖေဖေ မေမေ ညီ ညီမလေးများ အတွက်သတိရခြင်းတွေ ဘယ်လို မွေးဖွားကြပါသလဲ…..ကျွန်တော့်အမြင်အရတော့ စိတ်ကအဓိကဟု ဆိုပေမယ့်လဲ
ထို့ကြောင့် မိဘမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေများကို မွေးနေ့ ၊ခရစ်စမတ် ၊နှစ်သစ်ကူးအထိမ်းအမှတ် ကဒ်ကလေးတစ်ခုလောက် သင်ပို့ဖြစ်ရဲ့လား… ထိုအတူ သင်ရော လက်ခံရရှိဘူးပါသလား ၊လက်ခံရရှိချိန်တွေ ခံစားရသော ခံစားချက် ၊၀မ်းမြောက်မှုသည် ရုပ်ဝတ္တုကို အခြေခံ၍ ပေါ်ပေါက်လာသော ခံစားချက်များ မဟုတ်ပါလား………
နေ့စဉ်ဖြစ်ပျက်မှုများမှာ ရုန်းကန်လှုပ်ရှားရင်း သတိရခြင်းများဖြင့် စိတ်ခံစားမှုများ ရှင်သန်စေရန် အတွက် ရုပ်ဝတ္တုအကူအညီ ပံ့ပိုးမှု လိုအပ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေနှင့် သတိတရရှိကြောင်း ဖြော်ပသည့် အမှတ်တရပစ္စည်းလေးများ ပေးပို့ခြင်းဖြင့် မိတ်ဆွေသင်္ဂဟများအကြား နွေးထွေးသော စိတ်ခံစားမှုများ နှင့် ပျော်ရွှင်မှုကို တည်ဆောက်ပေးရင်း ချစ်ခင်ရင်းနှီးစွာ ခရီးဆက်ကြပါစို့လားနော်…………
သတိရခြင်းတွေ ရှင်သန်ဖို့
Posted by အိမ်ဝေးသူ at Tuesday, December 25, 2007
0 comments:
Subscribe to:
Post Comments (Atom)
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me
- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)
လောလောလတ်လတ် စကားစု
visitors
Blog Archive
-
▼
2007
(32)
-
▼
December
(19)
- နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …..ကမ်းလင့်ကြ...
- သင့်ဘ၀ကိုပြောင်းလဲပစ်နိုင်သော.....
- နှုတ်ဆက်တော့မယ့်....2007
- သတိရခြင်းတွေ ရှင်သန်ဖို့
- ညဒဏ္ဍာရီ
- မေတ္တာတရား
- ကလေးတို့နှင့် အလုပ်လုပ်ခြင်း
- ကျွန်တော်နှင့် မိဘချစ်ခြင်းမေတ္တာ
- မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၂ )
- ဆည်းဆာတို့ရဲ့ ရင်တွင်းတမ်းတမှု့
- လင်းမာန်သီ ရဲ့ အဖြစ်အပျက်
- လှ၍ ခံစားမှုမဲ့သော စာလုံးများနှင့် ဖွဲစည်းထားသောစာ ...
- အလင်းပြာ ချစ်ခြင်း
- ဂျူး ၏ နှစ်ကိုယ်ခွဲ
- မင်းခိုက်စိုးစံရဲ့ ကလေးအတွေးများ ( ၁ )
- ပြတင်းပေါက်
- တစ္ဆေ
- အိပ်မက်အောင်းမေ့
- တောင်းပန်စာ
-
▼
December
(19)