ကျွန်တော်တို့အားလုံးသည်နေ့တစ်ရက် ကို အာရုဏ်ကျင်းပြီး မိုးလင်းခဲ့သည်နှင့် ....
တောက်ပလာသော နေရောင်ခြည် ကို လက်ခုပ်တီးကြိုဆိုကြသည်.။ ဒါပေမယ့် တစ်နေ့တာရဲ့လွမ်းခန်းကတော့ နေ၀င်ဆည်းဆာပဲဖြစ်ပါသည်။
လူတိုင်းလူတိုင်းသည် နေထွက်ချိန်ကို မစောင့်ကြည့်ကြပေမယ့့််
တစ်နေ့တာ အဆုံးသတ်
ဖြစ်ထွန်းပေါ်ပေါက်လျက် ရှိပါသည်။ ထို အောင်မြင်မှု တွေ အတွက်
ဂုဏ်ယူပါတယ် ဆိုတဲ့ စကားလုံးတွေကို အမြဲထိတွေ့ခံစားဖူးကြပါလိမ့်မည်။
ကျွန်တော် တို့ သိနားလည်လာချိန်မှာ တစ်ယောက်ယောက်က တော်လိုက်တာ ဟု
ုပြောခံရလျှင် ဂုဏ်ယူကြသည်။ ကျေနပ် ပီတိဖြစ်သည်။ ကျောင်းအားကစားပြိုင်ပွဲ
ဆုယူလာလျှင် ဒါ ကျွန်တော်တို့ ကျောင်းပေါ့ ဟု ဂုဏ်ယူ ဖူးကြပေလိမ့်မည်။ ဖေဖေ
မေမေ တို့ ၏ အောင်မြင်မှု ကိုလည်း ဂုဏ်ယူဖူးလိမ့်မည်။
တက္ကသိုလ် အဆင့်တွေရောက်လို့ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အောင် မြင်မှု
ရှိလျှင် congratulation လို့ လက်ဆွဲနှုတ်ဆက်ခံဖူးသလို .. အခြားသူတွေကိုလည်း နှုတ်ဆက်ဖူးလိမ့်မည်။
သို့သော် … ကျွန်တော့်တို့ ဂုဏ်ပြုခံရမှုများ .. တစ်ခြားသူများအတွက် ဂုဏ်ပြု
နှုတ်ဆက်ခြင်းများမှာ .. ဂုဏ်ယူပီတိ ဆိုတဲ့ ခံစားမှု ဘယ်လောက်များပါဝင်ခဲ့ကြပါသလဲ ..
မိမိ ပျိုးထောင်ထားသော ပန်းလေးတစ်ပွင့် ဖူးပွင့်ဝင့်ကြွားလာသည်ကို အချိန်ယူ ခံစားဖူးပါသလား ..
ကျွန်တော် တို့ ငယ်စဉ်.. သိနားမလည်ခင် မှာရရှိခဲ့သော အသေးမွှားဆုံးသော အောင်မြင်မှုများကြောင့်
မိဘများ၏ ရင်ထဲမှ ဂုဏ်ယူပီတိ ကို ကျွန်တော်တို့ နေရာယူခံစားဖူးပါသလား ..
လက်ရှိရပ်တည်လျှက်ရှိသော နေရာ ကိုဘယ်လိုတက်လှမ်းလာခဲ့ကြပါသလဲ .. ပုံသဏ္ဍာန် အမျိုးမျိုးနဲ့
လျှောက်ခဲ့ကြမှာပါ .. ကျွန်တော်တို့ အောင်မြင်မှု ကို မိမိ ကိုယ်တိုင်ဘယ်လောက်ထိ
ဂုဏ်ယူပီတိ ခံစားဖူးပါသလဲ .. ဘယ်သူတွေ ကရော ဂုဏ်ယူနေကြပါသလဲ...
အဲဒီ ဦးဆောင်သူ လား ……… ကျွန်တော်ပေါ့ …
အဲဒီ စာရေးဆရာလား ……….. ကျွန်မ သားလေးပေါ့ ……. သူလား ……….. ကျွန်တော့် သူငယ်ချင်းလေးပါ …
အဲဒါ လား ………… ကျွန်တော့် မေမေ လေ….
စသည်ဖြင့်ပေါ့ ………
ဒါပေမယ့် အဲဒီ ဂုဏ်ယူ ပီတီတွေ ကြားမှာ .. သားသမီးတွေ ရဲ့ နေရာပေးမှုကို ခံယူရတဲ့ မိဘ ရင်တွင်းမှ
ဂုဏ်ယူ ပီတိ ကိုတော့ ဘယ်အရာမှ လိုက်မီမယ် မထင်ပါ။
ကျွန်တော်တို့၏အနာဂတ်သည် တက်သစ်စနေရောင်ခြည်နှင့်တူပြီး မိဘတို့၏အနာဂတ်သည် နေ၀င်ဆည်းဆာ
အလင်းရောင် နှင့်တူလေသည်။
ကျွန်တော်တို့ရဲ့ တန်ဖိုးရှိသောအချိန်များထဲမှ နာရီအနည်းငယ်ကို မိဘများအတွက်
ခွဲဝေပေးရန် သတိရော ရကြပါရဲ့လား...။ လက်ရှိဘ၀တွင်
ကျွန်တော်တို့မိဘများ၏ နောက်ဆုံးအချိန် သူတို့၏နေ၀င်ဆည်းဆာကို ကူညီဖေးမရင်း ဖြည့်ဆည်းပေးရင်း
နားလည်ပေးရင်းဖြင့် အချိန်များကို ကုန်လွန်ကြပါစို့နော်.............။
အိမ်နဲ့ ဝေးရာကို ရောက်နေတော့ မိဘအတွက် အချိန်ပေးဖို့
သိပ်မလွယ်လှဘူး ။ တစ်နှစ်တစ်ခါ အိမ်ပြန်ချင်ပေမဲ့
ခွင့်ရက်နဲ့ အိမ်ပြန်ရင် လမ်းမှာနေရမဲ့ရက်က ပိုများနေတယ်
ဒါကြောင့် အမေပဲ ရန်ကုန်ဆင်းလာတယ်။ မိဘကို အချိန် အများကြီးပေးတဲ့ သမီးတစ်ယောက်ဖြစ်ချင်ပါတယ်။
သိပ်ကိုမှန်ကန်ုတဲ့ အရေးအသားနဲ့ သားသမီးတိုင်းကို သတိပေးလိုက်တာပါပဲ။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြဖို့လိုပါတယ်။ မီးလေးလည်း အဲလိုစာနဲ့ သတိပေးဦးမှ။ သတိမထားမိကြတာတွေ၊ သတိထားမိစေတဲ့ ဒီဆောင်းပါးလေးကို အရမ်းကြိုက်နှစ်သက်ပါတယ်။ ဆက်ရေးပါ။ အားပေးမယ်...
ဟုတ်တယ်..ဟုတ်တယ်..
တကယ်ကောင်းတဲ့ပို့စ်လေးပါ...
သတိထားသင့်တဲ့အချက်လေးပဲ
ဒီပို့စ်လေး ဖတ်လိုက်တော့ ကျနော်ရဲ့ အတွေ့အကြုံလေး တစ်ခုကို သွားသတိရမိတယ်။ အဲဒါလေး နည်းနည်း ဝေမျှပေးချင်လို့ပါ။ အလုပ်ကိစ္စနဲ့ ဟောင်ကောင်ကို ခဏ ရောက်သွားရင်း အဲဒီကနေ မိဘဆီကို ပို့စ်ကဒ်လေး တစ်ခု လှမ်းပို့လိုက်တယ်။ ရည်ရွယ်ချက်က ဘာရယ် မဟုတ်ပါဘူး။ သူတို့ကို သတိရတာရယ်၊ ကိုယ့်အိမ်ကို တစ်ခါမှ ဒီလို မပို့ဖူးလို့ ပို့လိုက်တယ်။ ဒီခရီးစဉ်က စုစုပေါင်း ၁၅ ရက်လောက်ပဲ ကြာပါတယ်။ ဒါပေမယ့် ကျနော် ရောက်တုန်း ပို့စ်ကဒ်လေး ပို့လိုက်တယ်။ သူတို့ အဲဒီ ပို့စ်ကဒ်ကို ရတော့ ၀မ်းသာလို့ မဆုံး အမျိုးတွေ လိုက်ကြွားနေလိုက်တာလေ။ နှစ်ပေါင်းများစွာ ခွဲကွာနေတဲ့ ဆွေမျိုးဆီက အဆက်အသွယ်ရတာ ကျနေတာပဲ။ တချို့ အမျိုးတွေကတော့ ကဲတယ်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ ပီတိကို ကျနော် မျက်ရည်ကျ မတက် ခံစားမိတယ်။ သူတို့ကို သတိတရ ရှိနေတာကိုပဲ သူတို့မှာ ခံစားပြီး ပီတိ ဖြစ်နေမယ်ထင်တယ်။ ဒါနဲ့ အဲဒီအချိန်က စပြီး ကျနော် နယ်ဝေး ခရီးထွက်တိုင်း သူတို့ဆီ အမြဲ ပို့စ်ကဒ် ပို့ဖြစ်နေတယ်။ ဒါလည်း ကျနော့်ရဲ့ သူတို့ အပေါ်ထားတဲ့ Care တစ်မျိုးပေါ့။ တကယ် ကြုံဖူးကြရင် ကိုယ်ချင်းစာပြီး ခံစားတတ်မယ်ထင်တယ်။ အခုလည်း မိဘတွေနဲ့ အဝေးတစ်နေရာမှာ နေနေရတော့ တကယ် လွမ်းမိတယ်ဗျာ။ ဒီပို့စ်လေး အတွက် ကျေးဇူးတင်ပါတယ်နော်။
ဟုတ်ပါတယ်
ကျွန်မတို့ တာဝန်မကျေသေးဘူးနော်
ကြိုးစာရမှာပေါ့
တစ်ကယ်ကောင်းတဲ့ပို့စ်လေးပဲ
အိမ်နဲ့ဝေးနေကြတဲ့လူတိုင်း
မိဘနဲ့ကင်းကွာနေကြတဲ့
သားသမီးတွေကို သတိပေးလိုက်တာပါပဲ
ကျနော်လည်းခံစားမိတယ်
အားပေးနေပါတယ်
ဒါမျိုးလေးတွေရေးပါအုံး
စိန်မမ
ဆည်းဆာတဲ့ ... ကောင်းတယ်