အိပ်မက်အောင်းမေ့

ထားခဲ့မယ်ကွယ်….

ဘာပဲဖြစ်ဖြစ်ပေါ့လေ

ရေရာသေချာမှုအတွက်

အိပ်မက်တွေကိုဆွဲဆန့်

ညမှာ ရပ်တန့်မနေခဲ့ဘူး။

ကျန်ခဲ့ရတာဟာ

သေချာမှုတဲ့လား…………..

စဉ်းစားခွင့်မပေးမီ

မှုန်ရီေ၀၀ါးစွာ

(တဖြည်းဖြည်း)

ဝေးသွားတာဟာ

သဘာဝကျပါတယ်……………..။

ခံနိုင်စွမ်းရည်အတွက်

သက်ပြင်းတွေကိုမေးကြည့်ပါ……….

လိမ်ညာမှုကင်းတဲ့

ငါရဲ့သတိရခြင်း

ရိုးသားတဲ့ချစ်ခြင်းနဲ့ရင်းနှီး

အလွမ်းမှာကြီးပြင်းတယ်……….။

အရွဲ့တိုက်ခြင်း ကင်းတဲ့မာန

ခြေလှမ်းအစမှာ

ချထားခဲ့ပေမယ့်

သွယ်သောလက်ချောင်းနုလေးတွေက

အလွမ်းကို

ရိုးတံပြိုင်းပြိုင်းကျ

ဆွံအသွားစေခဲ့ပေါ့……….

တွေဝေမှုတစ်ဝက်နဲ့

ဆက်ခဲ့မိ ခရီးမှာ

ရင်အနာဟာ ကိုက်ခဲယောင်ကိုင်း

ချစ်သူများရဲ့ သမိုင်းမှာ

အနိုင်ပိုင်းသွားပါလေ…………..။

မေ့သွားမှာပါ……………

ဟုတ်လား

ရေရာသေချာမှုအတွက်

ညဟာ

ရပ်တန့်နေခဲ့တာ ကြာပြီ…………………။

ကိုဂျက်

ကျွန်တော် မအားလပ်အတွက် ပိုစ့်အသစ်များ မတင်နိုင်တဲ့ရက်တွေမှာ ကျွန်တော့ဘလော့လေး
ကိုလာလည်သူများ အတွက် ရန်ကုန်တက္ကသိုလ် (၇၅)ပြည့်မှာ ကဗျာဝါသနာရှင်များစုပေါင်းထုတ်ဝေတဲ့
အိပ်မက်တွေကိုချည်တဲ့ကြိုး
ကဗျာစာအုပ်မှ ကဗျာဆရာ ကိုဂျက်ရဲ့ အိပ်မက်အောင်းမေ့ ကဗျာလေးကိုဝေငှလိုက်ပါတယ်………။

0 comments:

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။