လှ၍ ခံစားမှုမဲ့သော စာလုံးများနှင့် ဖွဲစည်းထားသောစာ (သို့) Email

တိုးတက်လာတဲ့ ခေတ်တစ်ခုမှာ စာပို့စနစ်က အလွန် မြန်ဆန် ကောင်းမွန်လှပါတယ် ။
Send Button လေးနှိပ်ပြီး ၁ စက္ကန့် ၂ စက္ကန့် မှာပင် တစ်ဘက်လူက
ဖတ်ရှုပြီး ချက်ချင်း ပြန်စာ ပေးပို့နိုင်တယ်လေ.. နယ်မြေ ကွာဝေးမှု
အတားအဆီးမရှိ .... ဟို အရင် စာပို့စနစ် နှင့်ဆို နှစ်ရက် သုံးရက် တော့ အသာလေး
ဒီကြားထဲ စနေ၊တနင်္ဂနွေ နဲ့ ခံသွားလျှင်တော့ .. ထပ်စောင့်ရဖို့သေချာသွားပြီ ။

လက်ရေးစာသားများက လူတစ်ယောက်ရဲ့ ခံစားမှု ပါတယ်လေ။ စိတ်နေသဘောထားပါတယ်။
အနုပညာ….. မျှော်လင့်ချက်… ၀မ်းနည်းမှု … ပျော်ရွင်မှု … ကြည်နူးမှု … ငိုကြွေးမှု…တမ်းတမှု စတဲ့
ကိုယ်ပေးလိုသော လက်မှုအနုပညာ ခံစားမှု ရသကိုပေးစွမ်းနိုင်တယ်လေ
မေမေထံမှ စာလာလျှင်………..ဒါ ကျွန်တော် မေမေ လက်ရေးဟု… ဂုဏ်ယူမိသလို…. ချစ်သူဆီကစာရောက်လျှင်……..ဒါ သူ့ ဆီက စာ ဆိုတဲ့.. ခံစားချက်နဲ့ .. … ရင်ခုန်တယ်လေ (ကြွားတာ)
ဥပမာ ..

မေမေ

နေကောင်းလား.................

သား...သိပ်လွမ်းတယ်..........

မေမေရဲ့သား


ဒီလို Email ကပို့ လိုက်တဲ့စာနဲ့






ယခုလိုလက်ရေးစာနှစ်ခုကို ကျွန်တော် ယှဉ်ဖတ်ကြည့်တဲ့အခါ

ခံစားမှု ကတော့ လုံးဝကွာတယ် …
သင်တို့ရော ခံစားမှု ဘယ်လိုရှိလဲ …
အိပ်ရာပေါ်မှာ .. လွမ်းတိုင်း ပြန်ဖတ်ခွင့်ရှိတယ်လေ .. ရင်ဘတ်ပေါ်တင်ပြီး
ကြည်နူးခွင့်ရှိတယ် .. သင်တို့ရော ……. အိမ်နဲ့ဝေးနေချိန်မှာ မေမေဆီက
စာကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်ဖူးပါသလား …
နေမကောင်းနေချိန်မှာ .. သူငယ်ချင်းများရဲ့ အားပေးစာ .. ပို့စကဒ်များ
လက်ခံဖူးပါသလား ..
ပို့ရော ပို့ဖူးပါသလား …
Screen ရှေ့မှာ ငုတ်တုတ် ထိုင်ဖတ်ရသော အရသာနဲ့တော့ အလွန်ကို
ကွာခြားပါသည်။ ( ကျွန်တော့်ခံစားမှု)

နောက်တစ်ခု က ပို့စကဒ်လေးတွေ ..
E-card တဲ့ Animation တဲ့ .. တိုးတက်ဖွံဖြိုးလာလိုက်တာ ..
ကျွန်တော့် ခံစားမှု ကတော့ e-card မဟုတ်သော ပို့စကဒ်လေးတွေ
စာတိုက်ကရောက်လာရင် .. လက်ရေးနဲ့ Hand made ဒီဇိုင်းနဲ့ စိတ်ကူးလေးနှင့်
ခံစားရတာတောင် ကြည့်နူးမဆုံးပါ ….
သင်တို့ရော ………
Email , E-card ယဉ်ကျေးမှုမှာ အလိုက်သင့်မျှောပါရင်း ….
အနာဂတ်မှာ လက်ရေးစာပို့စနစ် ပျောက်ဆုံးတော့မှာလား ………..

7 comments:

    အိမ်ဝေးသူပြောတာ မှန်ပါတယ်...Email နဲ့ လက်ရေးစာ ဖတ်ရတဲ့ ခံစားမှုခြင်းက လုံးဝကွာခြားပါတယ်။ ကိုယ်သံယောဇဉ်ရှိတဲ့ သူတစ်ယောက်ရဲ့ လက်ရေးနဲ့ ကိုယ်တိုင်ရေးထားတဲ့ စာတစ်စောင်က တိုတိုလေးပဲ ဖြစ်ပါစေ...ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိလှပါတယ်...။ Email နဲ့ စာပို့စနစ်တွေ ဘယ်လောက်ပဲ တိုးတက်ထွန်းကားလာပါစေ...စိတ်ခံစားမှုကို တန်ဖိုးထားတဲ့ သူတွေရှိနေသရွေ့ လက်ရေးနဲ့ စာပို့တဲ့စနစ်က ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဆုဝေတို့ဆိုရင်လဲ အင်တာနက်မှာ စာဖတ်တယ် ဆိုပေမယ့် စာအုပ်ကိုကိုင်ပြီး စာရွက်တစ်ရွက်ချင်းစီကို လက်နဲ့လှန်ဖတ်ရတဲ့ အရသာကို မက်မောနေတုန်းပါပဲ...။

     

    :yes...မိုက်တယ်ဗျာ ဘယ်သူမှမတွေးမိတဲ့ အတွေးလေး
    ကောင်းတယ်..လူတွေ အဲဒါကိုမေ့နေတယ်

     

    စိတ်ထဲမှာ အမြဲ ရှိနေဖို့ က ရုပ်ဝတ္ထုတွေထက် ပို အရေးကြီး သလားလို့ ... :D
    ဘာပဲ ဖြစ်ဖြစ် ပေါ့ ... ကျွန်တော်က မိဘ အိမ်နဲ့ ခွဲနေရတာ အနှစ် နှစ်ဆယ် လောက်ရှိပြီ ... အဲဒီလို အတွေးမျိုး မပေါ် ခဲ့ဖူး ... အပြန် အလှန် နားလည်မှုနဲ့ပဲဗျ ... :D

     

    မှန်တယ် စဉ်းစားသင့်တဲ့ အချက်ပဲ ဘ၀တူတွေမို့ နားလည်နိုင်တာလားမပြောတတ်ဘူးဗျ။ ကိုယ့်မိဘဆီကစာလာရင် ဖတ်ရတဲ့ အရသာကတော့ ဘာနဲ့မှ မလဲနိင်သေးဘူး။

     

    Email နဲ့ လက်နဲ့ရေးတဲ့ စာကို
    ဖတ်ရတဲ့ ခံစားချက် မတူဘူးနော်
    ဒါပေမဲ့ လက်နဲ့ရေးရင် စာတိုက်ကိုသွားရအုံးမယ်
    အချိန်ပိုကုန်ပြန်ရော Email နဲ့ကျတော့ ရွှီးခနဲနေတာပဲ
    ခဏလေနဲ့ေ၇ာက်။ လက်နဲ့ရေးတ

     

    အစ်ကိုရေ . . .အစ်ကိုဒီလိုမျိုးယှဉ်ပြလိုက်မှပဲ ရတနာ သဘောပေါက်တော့တယ် . . .အစက ရတနာ အိမ်ကို စာရေးရင် လက်ရေးနဲ့ ရေးပါသေးတယ် . နောက်တော့ စာရိုက်၊ ပရင့်ထုတ်ပြီးတော့ဘဲ ပေးဖြစ်တော့တယ် . .ခုမှဘဲ သေသေချာချာ နားလည်တော့တယ် . . .ဟုတ်တယ်နော် . . လှပ သပ်ရပ်မှုကလွဲပြီး ကျန်တာ ဘာမှ ခံစားလို့မရဘူး . . . .ရတနာ ခုချိန်ကစပြီး စာကို လက်ရေးနဲ့ ရေးပြီးတော့ဘဲ ပို့တော့မယ် . . .ခုလို ရှင်းပြထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။

     

    နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ.... လက်ရေးမူတွေ မှေးမိန်သွား မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ အခုချိန်ထိ အီးကဒ်တွေ ပို့ရင် ဘယ်တော့မှ ဖွင့်မကြည့်တဲ့ ကျွန်တော်... ပို့စ်ကဒ်တွေကိုတော့ တပ်မက် နှစ်ခြိုက်မိပါတယ်။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။