တစ်ပွင့်တစ်ခက် ကြွေရက်စောစော
မလွင့်ကြွေနှင့် ကြယ်စင်ပွင့်တွေ
ရောင်ခြည်ကွယ်ပျောက် ညမှောင်ရောက်သော်
တစ်စ ထက်ထက် စီရီလက်သည်
ကောင်းကင်သခင် လဝန်းရှင်၏
ရံရွေတော်ပါး ကြယ်စင်များလေ
ပြိုးပြက်လင်းလက် အမှောင်ထက်ဝယ်
သာမောရှုဖွယ် တင့်တင့်တယ်နှင့်
မျက်တောင်ချမရ ဆွဲဆောင်လှ၏
အမြင်ဆန်းတင့် ကြယ်စင်ပွင့်တွေ
လင်းဝါဝါထိန်
စိန်စီကြယ်ခ လှလှညမှာ
တစ်ပွင့်တစ်ခက် ကြွေရက်စောစော
မလွင့်ကြွေနှင့် ကြယ်စင်ပွင့်တွေ .... ။ ။
(23-2-2000 ) တုန်းက ရေးထားတဲ့ ကဗျာလေးပါ ။
ကြယ်စီ လ
: ကဗျာ
Posted by အိမ်ဝေးသူ at Thursday, August 13, 2009 0 comments
ဖြတ်သန်းရာ နှစ်ငါးဆယ်
အမှတ်တမဲ့ပါပဲ
လျှောက်ခဲ့မိတာ နှစ်ငါးဆယ်
ဖြတ်သန်းရာ လမ်းကို လွမ်းမိပါရဲ့
ဖူးသစ်ပွင့်ခဲ့
ရင်ခုန်သံဝေစည်တဲ့
နုပျိုခြင်း ငယ်ဘဝတွေ … လွမ်းလိုက်တာ …
တစ်ခါတစ်လေလည်း ရယ်ခဲ့ ဖူးပါရဲ့
ရင်ဗလာတွေနဲ့ ငိုခဲ့ ဖူးပါရဲ့
ကြည်နူးခြင်းနဲ့ ပြုံးခဲ့ ဖူးပါရဲ့
မသိမသာလည်း ငေးခဲ့ ဖူးပါရဲ့
ရှင်သန်ဖူးတဲ့ လမ်းလေးကို လွမ်းမိပါရဲ့ …..
ဘယ်သူသိမလဲ
စာမသီ တော့ချင်တဲ့
မုန်တိုင်းရဲ့ ညတွေ … လွမ်းလိုက်တာ …
ရွက်ဝါကြွေကာရန်တွေလည်း ခံစားဖူးခဲ့
မိုးသည်းအမှောင်ရက်နဲ့လည်း လက်တွဲဖူးခဲ့
လရောက်အရိပ်နဲ့လည်း အိမ်မက်ဖူးခဲ့
နှင်းမြူမှုန်များနဲ့လည်း လမ်းလျှောက်ဖူးခဲ့
ဖြတ်သန်းဖူးတဲ့ လမ်းလေးကို လွမ်းမိပါရဲ့ …..
ရယ်သံတွေ တောင်ပံခတ်
ရေးဖွဲ့မမီနိုင်တဲ့
သမီးနဲ့သား အတူရက်တွေ … လွမ်းလိုက်တာ ..
အမှတ်တမဲ့ပါပဲ
လျှောက်ခဲ့မိတာ နှစ်ငါးဆယ်
ဖြတ်သန်းရာ လမ်းကို လွမ်းမိပါရဲ့ …………
အန်တီသူငယ်ချင်းလေး .. 24 .. ရက်မွေးနေ့မှသည် .. နှစ်ပေါင်းများစွားသို့ ……………..
: ကဗျာ
Posted by အိမ်ဝေးသူ at Sunday, May 24, 2009 1 comments
အတ္တနယ်စဉ်းမျဉ်း
ဖြစ်ရပ်က ပြင်သစ်ပြည် နပိုလီယံ နန်းကျပြီးစ အချိန်ပါ။ နပိုလီယံက ဝါတာလူး စစ်ပွဲကြီးမှာ အရေးနိမ့်သွားတယ်။ သူ့ကို နိုင်အောင်တိုက်ခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီးက လော့ဒ်ဝယ်လင်တန် ဆိုတာပါပဲ။ ဝယ်လင်တန်က ပြင်သစ်မှာရှိနေခိုက် သမင်လိုက် အမဲကစားဖို့ ထွက်တယ်။ မြင်းကိုယ်စီနဲ့ပေါ့။ အဲဒီ အခိုက်မှာ သမင်က တောင်ယာခြံကြီး တစ်ခုထဲကို ခုန်ဝင်ပြေးသွားတယ် ။ ဒီတော့ နောက်ကလိုက်လာတဲ့ ဝယ်လင်တန်နဲ့ အခြံအရံတွေက ခြံတခါးကို ဖွင့်ပြီးဝင်ဖို့လုပ်တယ်။ ခြံစောင့်တဲ့ကလေးက တံခါးကို လုံးဝ အဖွင့်မခံဘူး။
ဒီတော့ အခြံအရံတစ်ယောက်က ယာစောင့်လူငယ်လေးကို " မင်းတံခါးကို ဖွင့်ပေးပါ။ အခု လာတာ စစ်ဗိုလ်ချုပ်ကြီး ဝယ်လင်တန် " လို့ ပြောလိုက်တယ်။ ဒီတော့ လုလင်ငယ်လေးက .. "ဘယ်သူလာလာဖွင့်မပေးရဘူးလို့ ကျွန်တော့်ကို သခင်က မှာထားတယ်၊ ဘယ်သူလာလာ ကျွန်တော် မဖွင့်နိုင်ဘူး။ … " လို့ ပြောတယ်။ နောက်လိုက် စစ်သည်တော် တစ်ဦးက အတင်းဖွင့်မယ်လုပ်တယ်။ ဗိုလ်ချုပ်ဝယ်လင်တန်က တားတယ်။ ပြန်လှည့်လာကြတယ်။ အဲဒီ ထိအောင် အရေးမကြီးသေးဘူး။
အဲဒီကောင်လေးက သူ့ဆရာသမားကို လှမ်းပြောလိုက်တဲ့အသံကို ကြားလိုက်ရမှ ဗိုလ်ချုပ်ဝယ်လင်တန်က ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။ ကောင်လေးပြောလိုက်တာက -
ဆရာရေ နပိုလီယံတောင် ရှုံးနိမ့်ခဲ့ရတဲ့ အင်္ဂလိပ်စစ်ဗိုလ် ချုပ်ကြီးကို ကျွန်တော်မောင်းထုတ်လိုက်ပြီတဲ့ ။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်က ရယ်မောလိုက်တဲ့ပြီး မှတ်ချက်ချလိုက်တဲ့ စကားက -
ဒီလိုလူငယ်မျိုး တပ်ရင်းတစ်ခုစာလောက်ရှိရင် ကမ္ဘာကြီးတစ်ခုလုံးကို ငါသိမ်းနိုင်ပါတယ်ကွယ် … တဲ့။
ကိုင်းကြည့်စမ်း စာရိတ္တသတ္တိ၊ စာရိတ္တမာန မကြီးကြပေဘူးလား။ ယာစောင့်ကောင်းလေးသာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်ကရော စာရိတ္တမာန မကြီးပေဘူးလား။
နပိုလီယံကို နိုင်အောင်တိုက်ခဲ့တယ်။ အနိုင်ယူခဲ့တယ်။
ဒါပေမယ့် ယာစောင့်ကလေးငယ်ကိုတော့ အနိုင်မကျင့်ပေဘူး။
(အထက်ပါပုံပြင်ကို စာမူခွင့်ပြုချက်အမှတ် 4007110607 ဖြင့် ဇွန်ပွင့်စာပေတိုက်မှ ပထမအကြိမ် ထုတ်ဝေသော ဆရာအောင်သင်း၏ ကျွန်တော်ကျောင်းဆရာစာအုပ် စာမျက်နှာ 153-154 မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
ဇန်နဝါရီထုတ် စံပယ်ဖြူ မဂဇင်း မှာ Special Pages for Youth မှ edu@story မှ ဆောင်းပါးဖြစ်ပါသည်။
Posted by အိမ်ဝေးသူ at Tuesday, February 17, 2009 2 comments
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကားမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
အားမပျာ့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။
ဆရာဇော်ဂျီ
(စံပယ်ဖြူ မဂ္ဂဇင်း ဇန်န၀ါရီ လ ၂၀၀၉ - မှ ဂျူး ရေးသော ယုံကြည်ချက်ဖြင့် ဆက်သည့်မျိုးဆက်မှ ဆောင်းပါးမှ တွေ့ရှိသည်။ )
Posted by အိမ်ဝေးသူ at Monday, February 16, 2009 0 comments
အိမ်မက်တို့လဲလျောင်းအိပ်စက်ရာ
စိတ်အနားသတ်
လွင့်ကူးရာ တိမ်တို့ကောင်းကင်
တည်မှီရာ ရင်ခုန်အလွမ်း
ရင် တစ်ဘက်ခြမ်း အမှောင်တွေ
ကျောခြင်းကပ်ပြီးနောက်
အနမ်းတို့ကို လေထဲလွင့်ဖောက်ခွဲလိုက်တယ်
ဘယ်လိုရာသီခြုံ လှမ်းရမလဲ
ပိန်းပိတ်အောင်ဖြူတဲ့ နှင်းထုနဲ့
ယုံကြည်ရာ ပြိုပြိုကျလေလည်း
ဝန်းကျင်ထဲ မြင်တတ်ခြင်းမှာ
စံပယ်တွေ ဖွေးဖွေးလှုပ် ..
သေချာရဲ့လား .... စံပယ်ဆိုတာ
သိခြင်း စိတ် အမှောင်ည
မိုးစက်တွေအောက် ခေါင်းငုံလျက်
ငါ မငို တတ်ခဲ့ဘူးဆိုတာ ........
ယုံကြည့်ခြင်းနဲ့လမ်းခွဲပြီးသည့်နောက်
အသက်ကို ကောင်းကင်ထဲ လွင့်ကူးစေလိုက်တယ် ..
: ကဗျာ
Posted by အိမ်ဝေးသူ at Wednesday, February 11, 2009 0 comments
အိမ်အပြန်
ကျွန်တော့် ခံနိုင်ရည် ကို .
ဘယ် အချိန်ထိ ..
စမ်းသပ် နိုင်မှာလဲ .....
အပြုံးရိုင်း မုန်တိုင်းဆင် ...
ခြေထောက် အညစ်တွေနဲ့
ဖြတ်သန်း သွားလိုက်ကြတာ ..
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ..
မဲညစ် ပေရေလို့ .....
မြို့ပြရဲ့ အတ္တဆန်မှုက
ငွေကြေးဆန်မှု ထက်
အရောင်လက်တယ် .....
သက်လုံကောင်းကောင်း
ဆန်ခဲ့ကြ
သေတဲ့ငါး
စုန်သွားလေရဲ့ ..... ***
ခုတော့
ကျေးလက် က အမေ့ရင်ခွင်ဆီ
ကျွန်တော်လည်း စုန်ဆင်းသွားလေရဲ့ ….။
*** အပိုဒ်က ကျွန်တော်မြို့သူငယ်ချင်းရဲ့ ကဗျာ အပိုဒ်လေးပါ။
April တုန်းက အမေရင်ခွင်ဆီ ပြန်တုန်း ကျန်ခဲ့တဲ့ သူငယ်ချင်းကူရေးတဲ့ ကဗျာလေးပါ ... သူ့အတွက်အမှတ်တရပါ။: ကဗျာ
Posted by အိမ်ဝေးသူ at Sunday, December 21, 2008 2 comments
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်
နှင်းဖြူနုတွေ လွှမ်းခြုံတဲ့
ငါ့ …. ယုံကြည်ရာ တိမ်တိုက်
နင့် လွင့်မျှောရာ ပြာလဲ့ကောင်းကင်
နေညိုချိန် တွေ မကုန်စေချင်ခဲ့ဘူး
မှိန်ဖျော့ရာသီ ညနေရီအောက်
ငါ မပိုင်တဲ့ နင့်ဆီက
ကျန်ခဲ့ခြင်း ကို ကြိုတွေးပေမယ့်
နင့်ခြေသံတွေ တိတ်ဆိတ်လွန်းတယ်
တည်မှီရာ စိတ်အလွမ်း
လေနုအေး အဝှေ့မှာတောင်
တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း
နင် ထွက်သွားရာ အပြန်လမ်းဆီက
ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး
နင့် ခြေရာ အကြွင်းတွေ ပေကျံနေတဲ့
ဗလာ မဟုတ်တဲ့ ရင်ထဲက
မျက်ရည်စ တစ်ချို့တစ်ဝက်ကို
နင် သတိမှ ရ မိ ရဲ့ လား
ခုတော့
ငါ မပါတဲ့ လွမ်းတတ်ရာတိမ်တိုက်
နင် ပျံသန်းရာကောင်းကင်
အနောက်တောင်ဆီက မိုးတော့
မညို့လောက်ဘူးထင်ရဲ့ ။ ….။
: ကဗျာ
Posted by အိမ်ဝေးသူ at Friday, December 19, 2008 4 comments
မွေးနေ့မှာ.........
ကျွန်တော့်ရဲ့မွေးနေ့ မှာ ကျွန်တော်သူငယ်ချင်းများအတွက် ထူးအိမ်သင်…ရဲ့ မေမေချစ်တဲ့သားကြီး ဆိုတဲ့သီချင်းလေးကို အမှတ်တရလက်ဆောင် ပေးချင်ပါတယ်။
ဒီသီချင်းလေးကို အားလုံး နှစ်သက်ကြမှာ ပါ…………………….။
ကျွန်တော့်မေမေကို ကျေးဇူုးမဆပ်နိုင်သေးခင် ….အမှတ်တရ အနေနဲ့ လူ့လောကအလည်ကို ပို့ဆောင်ပေးခဲ့တဲ့ မေမေကို ဒီသီချင်းလေးနဲ့ မွေးနေ့မှာ…….ကန်တော့လိုက်ပါတယ်…………..။
မေမေ.....ရွှေရောင်နှလုံးသား………ချစ်ခြင်းမေတ္တာစုစည်းကာ…..
စီးဆင်းမြဲ ….အဆိုးအကောင်းလား….သားတို့အပေါ်မရွေးဘူး…..
မလိုချင်နေ….မယူချင်နေ…..မိုးများလို ..ရွာသွန်းမြဲ……
အို…………အားလုံးချစ်တဲ့ ကြည်အေးတဲ့အချစ်….ဝေ ....စီးခဲ့လေတယ်…။
(မေမေချစ်တဲ့သားကြီး…….အဝေးဆီရောက်နေပြီ
အချစ်များနဲ့  ရည်စူးတဲ့စိတ်…..အမြဲတမ်း ဦးညွှတ်ပြီး…..
အို…….မေမေစိတ်ချမ်းသာကြောင်း….ရင်မှာတောင်းဆုချွေသောအချစ်….
မေမေချစ်တဲ့..သားကြီး…
သီချင်း ( တွေ ) ဖွဲ့လေပြီ………။)**
အို.မွေးအမေ….ဒီသီချင်းလေး…..အချစ်ဆုံးပန်းကိုပန်ခဲ့ပြီး
ပြုမိသော….သားတို့အဆိုး….ခွင့်လွတ်ပါမေမေ…
မပြေနိုင်သော….ဆပ်မကုန်နိုင်သော….မေမေ့ကျေးဇူးပြန်တွေးပြီး…
ခရီးကြမ်းထက်…လမ်းလျှောက်ရင်း….ကျွန်တော်ဆပ်ခဲ့ပါမယ်……….
( ...)**
အိုး …..ဟိုး ………ဟို……….ချစ်တဲ့အမေ့သားကြီး
သီချင်းတွေ ဖွဲ့လေသည်။
မေမေချစ်တဲ့ သားကြီး သီချင်းလေးကို ဒီမှာ...နားဆင်နိုင်ပါတယ်။
Posted by အိမ်ဝေးသူ at Thursday, April 24, 2008 1 comments
ထပ်တူ
သွေ့လျော်ခြောက်ခမ်း
ဘ၀နွမ်းထဲ
ချစ်သူ မခေါ်
တစ်ကိုယ်တည်းပြုံး ပျော်ကြည်နူး
ဘယ်သူပြောမည်နည်း …။
နွမ်းလျမောပန်း
ဘ၀နွမ်းထဲ
ချစ်သူမခေါ်
တစ်ကိုယ်တည်းဆွေး လွမ်းရိပ်ဝေလဲ
ဘယ်သူပြောမည်နည်း။
ဝေးကွာနေလည်း
ကိုယ့်စိတ်ထဲမှာ….
မတွေ့ရလည်း
မြင်ယောင်စဲပါ…
မဆုံနိုင်လည်း
တမ်းတစဲပါ…..
ထပ်တူခံစား
အိပ်မက်များတွင်
မျက်ရည်လွှမ်းသည်
ငိုချင်းရှည်သောနေ့ရက်များ။
: ကဗျာ
Posted by အိမ်ဝေးသူ at Sunday, April 13, 2008 2 comments
ဝမ်းနည်းကြေကွဲခြင်း......
လူထုဒေါ်အမာ
လူထုဒေါ်အမာ (အသက်-၉၂ နှစ် )သည် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ယနေ့ နံနက် (၈း၃၀)၌ ကွယ်လွန်ကြောင်း သိရှိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲ ရပါတယ်။
သတင်းကြားကြားချင်း
``အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်တယ်´´
ဆိုတဲ့ အမေရဲ့ ပြောစကားလေးတခွန်းကို ကြားယောင်မိရင်း………………။
July Dream.... Ludu Daw Amar's Birthday.: အထွေထွေ
Posted by အိမ်ဝေးသူ at Monday, April 07, 2008 1 comments
အနက်ရှိုင်းဆုံးဆီသို့.........
တစ်နေ့ ခွဲရမယ်လို့
ဘယ်သူတွေးလဲ ..
နေညိုချိန် အလွမ်းလု ညနေတွေက
တမ်းတ ခြင်းကို အရောင်တင်
အိပ်တန်းပြန်ငှက်တွေ ကို
အဖော်ပြု ..
~~~~
ငိုမျက်ရည်စ တွေ ကို
သူ … မမြင်စေလို ..
မခမ်းနားတဲ့ ရင်
ဟာတာတာ ဗလာခန်းကို
အကြွင်းပြာစတွေ နဲ့..
တိုးတိတ်ရှိုက်သံ ကို ..
အညင်သာဆုံး လျှို့ဝှက် ..
ငိုချင်း ကို ဘယ်သူမြင်ရက်လဲ…။
: ကဗျာ
Posted by အိမ်ဝေးသူ at Monday, April 07, 2008 0 comments
ဗိုလ်ချုပ်အောင်ဆန်းရေးသားသော`ကျောင်းသားဘ၀´
ထက်ကောင်းကင် ကြယ်တာရာများသို့ တက်စွမ်းနိုင်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ် ရာဇ၀င်ကို ဖန်တည်းနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ် လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထ၀ီဝင် ပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်သစ်ကို ရှာဖွေ စူးစမ်းနိုင်စွမ်း ရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။
ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလဒေသပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည်။ ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ကြီးသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှပိုမိုဆန်းကြယ် အပြောကျယ်လာသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ်ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏တန်ဖိုးကို ဒင်ပြည့်မသုံးနိုင်ပေ။
တိုင်းပြည် အခြေအနေပြဿနာ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊
ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလွဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောံ၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလွဲရမည်သာတည်း။
ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူခြင်မှတူပေမည်၊အမှန်ကား လုတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလွဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောံမညီဟု ထင်မှတ် မှားလေသည်။သမာဓိ မတည်ခြင်းမှာ ကိုယ့်ကျင့်တရား၏ ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း။ ဥာဏ်အမြင်၏ ပြောင်းလွဲမှုကြောင့်၊ ၀ါဒပြောင်းလွဲမှုမှာ သမာဓိမတည်ခြင်းမဟုတ်ပေ။ တနည်းတိုးတက်ခြင်းပေတည်း၊ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရကြသူ ရှားပေသည်။
သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး အကျိုးအပြစ် အဖြစ်အပျက် သနစ်စုံကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်းမနဲ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူခြီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း ရှိခြင်းကို ဆိုပေသည်။
ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့် အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမညပြောစမှတ် ပြုကြလေသည်။ အမှန်စစ်စစ်ကား ထိုဘမ်းပြတည်ငြိမ်မှု နော့တွင် မည်မျှအတွင်း ဖေါက်လွှဲ ဖေါက်ပြန်မှုများ၊ များပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ၊
ကျွန်တော်သည် အိနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူတယောံဟု အသိအမှတ်ပြုခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန်သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော် သမာဓိရှိ၏လော၊ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေသနည်း၊ ကျွန်တော်သာလျှင် အသိဆံုးဖြစ်ပေသည်။
ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဘတ်ရင်း ဘတ်ရင်း တွေ့မြင်ရပေလိမ့်မည်။ ထို လှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယ္ခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ဆိုင်ပြီလော၊ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လုတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး၊
လူတယောံ၏ ဥာဏ်အမြင် လှုပ်ရှားပြောင်းလဲမှု၊ ၀ါဒပြောင်းလွဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ဥပမာ အားဖြင့် လွန်ခဲ့သောနှစ်များက ဦးအာဒီစ္စ ဆိုသော ကိုယ်တော်အား သူ၏ စာအုပ်တအုပ် ရေးသားမှုအချို့ကြောင့် ၀ိုင်းပယ်ကြ၏ ။ သပိတ်မှောံကြ၏၊ အမှန်ကား သူ၏ ပြောင်းလွဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်းအမှားမရှိသူမရှိ၊ အမှားသိမှ အမှန်မြင်လေသည်။
အမှားတခါ လုပ်မိလျှင် အမှား လုပ်မိသောအခါ မှန်လာလိမ့်မည်။ သို့သော်လည်း မှားပင်မှားစေ မိမိဥာဏ်အမြင်အလျောံ ပြောင်းလွဲမှုမှာ ရှိအပ်သည်သာတည်း။ လှေနံဒါးထစ် ဆိုသော အလုပ်အပြော အတွေးတို့မှာ ပညာ၏ အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။ မြတ်စွာဘုရားသ္ခင်သည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကျော်ခါ ရှာဖွေတွေ့ရှိခဲ့လေသည်။
ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓတ္တမင်းသားသည် မိမိဥာဏ်အမြင်အရ
အနုမာန ရမ်းဆ၍ ပြောင်းလွဲမှု ရှိလာလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသော မောင်းမမိဿခြွေရံ ပရိသတ် တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်း လျှော်တေသင်္ကန်းဝတ် ဘ၀မျိုးသို့ ပြောင်းလွဲမှုသည် သာမန်မျက်စိအားဖြင့် ကြည့်လျှင် ရူးသည် မိုက်သည် ဟု ဆိုရပေမည်။ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောက၀ါဒအား ဤသို့ ပြောင်းလွှဲခဲ့လေသည်။
ဗိုလ်ချုပ်ရေးသားသော ``ကျောင်းသားဘ၀´´ဆောင်းပါးကို ဖတ်ရင်း ဗိုလ်ချုပ်ကို ကြည်ညိုစိတ်များသည် တဖွားဖွားပေါ်ပေါက်မြဲပင်……. ``သူလိုလူ´´ ကား နောက်တစ်ယောက် မရှိနိုင် ဟု ခံစားမိပါသည်။
Posted by အိမ်ဝေးသူ at Friday, March 28, 2008 3 comments
ဗိုလ်ချုပ်အောင်ဆန်းရေးသားသော ကျောင်းသားဘဝ
ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ဦးလေးများမှာ..မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်ကြဘူးသူချည်း ဖြစ်လေသည်။ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။
ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ် ၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။

ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင် ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။
ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင်ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။
ကျွန်တော်မှာ အသက်၈နှစ်ထဲရောံ သော်လည်း ကျောင်းပင် မနေရသေးချေ၊ ရှင်ပြုအခမ်းအနား ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာလေသည်။
ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ မြန်မာကျောင်းတွင် ကျွန်တော် ၆နှစ်မျှနေခဲ့ပေသည်။ ၂တန်းတခါခုံ၍ တက်ခဲ့သည်။ နောံ ရေနံချောင်းမြို့ ၊အမျိုးသားအထက်တန်းကျောင်းတွင် လေးနှစ်နေခဲ့သည်။
တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်ဖြင့် ၁၀ တန်းအောင်မြင်လေသည်။ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲတွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကေားလားရှစ် ရခဲ့သည်။ဗုဒ္ဓဘာသာကျောင်း များနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ဘူးသည်။
နောံ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့၏။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် ဘီအေတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေအထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေစာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ နောံ ဘီအယ်အတန်းကို တက်ခဲ့သည်။
အတန်းလည်းမှန်မှန်မတက်၊စာအုပ်လည်းမရှိ၊မှတ်စုလည်းမထား စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။
ဤကား ကျွန်တော့် တသက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောံဆုံးကျဆုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇ၀င် ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ ဘီအယ်နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောံဆ၍ တိုင်းပြည်အတွက်
ကိုယ်ထိလက်ရောံလုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သ္ခင်ဘ၀သို့ပြောင်းခဲ့သည်။
မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်ခဲ့သည့် အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုံစားခြင်း၊ကလေးဘာဝ သစ်ပင်တက် ရေကူး အလုပ်မျိုး ပိတ်ပင်ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောံပင် ရှိသည်။ကျွန်တော် တို့မှာ သစ်ပင်တက်ခြင်း ရေကူးခြင်း စသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမြည်ခံရသည်။ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။
ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောံခဲ့ သလောံ ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်း မရခဲ့၊မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုံစား လေ့ကျင့်ရာနေရာ ကိရိယာ တံဆာပလာများ မထားနိုင်၍ပင်ဖြစ်သည်။
မြန်မာပြည်တွင် ဘုန်းကြီး များနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့် လျှော်အောင် ပြုပြင်သင့်လေပြီ။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောံ တိုးတက်မည် မဟုတ်ပေ။
ပညာဆိုသည်မှာ စာအုပ်စာတမ်း ဘတ်၍ စာသိမျှကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင်
အလွန်ကျယ်ပြော နက်နဲလှပေသည်။ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို ဘော်ပြခြင်းငှာ မတတ်နိုင်ပေ။ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောံသည့်အချိန်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။
ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စစ်စစ်အားဖြင့် လူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။
ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း၊မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို၎င်း၊( EDUCATION OF EMOTIONS) ပြုပြင် ပြုစု ပျိုးထားခဲ့သူသာလျှင် ဖြစ်၏။
ဘီအေပင် အောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့ချေက တကယ်အရာမရောံ အသုံးမ၀င်နိုင်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊စာအုပ်များကို ကျော်၍ မြင်စွမ်းနိင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ် လူ၏စိတ်နေ စိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။
မတ်လ(၂၇)ရက်နေ့ဟာ တပ်မတော်နေ့ဖြစ်တာကြောင့် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရေးသားတဲ့ ကျောင်းသားဘ၀ ဆောင်းပါးကို နှစ်ပိုင်းခွဲပြီး တင်ပြလိုက်ပါတယ် ။
စာလုံးပေါင်းသတ်ပုံ နှင့် ပတ်သက်၍ မူလဆောင်းပါး ပါ စာလုံးပေါင်းသတ်ပုံ အတိုင်း ပြင်ဆင်ခြင်းမြ့ပုဘဲ မူလအတိုင်း ဖော်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ စာရေးဆရာ..မြဟန်ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ စာအုပ် မှ ဖြစ်ပါတယ်။
Posted by အိမ်ဝေးသူ at Wednesday, March 26, 2008 1 comments
လွမ်းမိသူ
လမင်းရောင်ခြည်
နှင်းဖြူခ
လှတပတ ညတစ်ည…………
ရင်ကဗျာတေး
သံစဉ်ချို
နှစ်ကိုယ်တူညီ တီးခတ်မြဲ…….
အလွမ်းတွေဝေး
ချစ်သူဘေး
ရှုကြည့်မ၀ ငေးမဆုံး…………
ခုတော့…….
လမင်းသံစဉ်
ချစ်သူ ဝေးသောည
ကဗျာ မသီလေတော့
လွမ်းမိတာပေါ့……………..။
: ကဗျာ
Posted by အိမ်ဝေးသူ at Friday, March 21, 2008 1 comments
နွေရာသီ ၏ စိန်ခေါ်မှု အား အံတု၍
အိမ်ထောင်စုအလိုက် အကျီင်္၊ ဗလာစာအုပ်၊ ငွေသား၊ ကြက်ဥ တို့ကို အချိုးကြ ဝေငှပေးခဲ့ပါတယ်။ ဝေငှရာမှာ လမ်းအလိုက် ပထမဦးစွာ ခရေလမ်း၊ ထိုနောက် ဗိုလ်ချုပ်လမ်း ၊သီးသန့်လမ်း၊ ဆိပ်ကမ်းသာလမ်း ၊နောက်ဆုံး အောင်သုခလမ်းကို ဝေငှခဲ့ပါတယ်။ ညနေ၆.၀၀မှာ အားလုံးဝေငှ ပြီးစီးခဲ့ပါတယ်။
: အထွေထွေ
Posted by အိမ်ဝေးသူ at Wednesday, March 19, 2008 1 comments
လွမ်းသူ့ရဲ့တေး
နှင်းကြွင်းပြာစနဲ့ ရွက်ကြွေပွင့်ဖတ်ဝေ
လွမ်းမျက်ရည်စ ဝေ့ဝေ့၀ဲ
မျက်တောင်ဖျား ဖွဲ့သီ
တမ်းချင်းတွေ ရင်ဝယ်သိ......
တိုးတိတ် ညည်းဆို
မျှော်မိသည့် အခန်း
နွမ်းမိသည့် အလွန်
သူလည်း သတိရမယ်ထင်ရဲ့ …..
ဘယ်သူ မလွမ်းလဲ
တစ်ကယ်ချစ်ရင်
စိတ်နှလုံး နီးစပ် ပေမယ့်
ဝေးနေသူချင်း တွေ့ခွင့်က အိမ်မက်မှာ
ကြယ်စင်တွေ ရေတွက်လို့
ပျံသန်းခဲ့ရက်များစွာ ……….
အဝေးက လင်းမှိန်ဖျော့
ညကဗျာ ကြယ်စုလေးက
အလွမ်း ပို … ပိုစေသလား.....
သြော်.......
ချစ်သူ ရယ် .. နှင်း ထူထူထဲမှာ
လွမ်းသူ့ရဲ့တေး …... ။ ။
: ကဗျာ
Posted by အိမ်ဝေးသူ at Thursday, March 06, 2008 2 comments
လောကကိုအလှ ဆင်ချင်သူများ
မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် နေ့တနေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့(မတ်လ ၂ ရက် ) နေ့မှာ အမိမြေရဲ့ ရပ်ဝေးရပ်နီးမှာ ရှိနေကြတဲ့ မြန်မာပြည်သူ ပြည်သားများနဲ့ မြန်မာစာပေကို မြတ်နိုးတဲ့ လူတိုင်းအတွက် ဖတ်ရှုချင်စရာ အွန်လိုင်း မဂ္ဂဇင်းတစောင် ထွက်ရှိခဲ့ပါတယ်။
မဂ္ဂဇင်းရဲ့ အမည်ကတော့ `လောက အလှ ´ ဖြစ်ပါတယ်။
အတွေးအမြင် ၊ အနုပညာ သတင်း ၊ အက်ဆေး ၊ ဟာသ၊ ဆောင်းပါး ၊ ၀တ္ထုတို၊ အင်တာဗျူး ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကွန်ပြူတာကဏ္ဍ၊ ဓါတ်ပုံကဏ္ဍ၊ အမျိုးသားရေးရာ၊ အမျိုးသမီးရေးရာ စသည်ဖြင့် စုံလင်စွာဖော်ပြထားတဲ့ အဲဒီ အွန်လိုင်း မဂ္ဂဇင်းမှာ ဘလော့လောကမှာ လူအများသိပြီး နေကြပြီဖြစ်တဲ့ ကလိုစေးထူး၊ မမေဓာဝီ တို့အပြင် စာရေးသူ အတော်များများ ရေးသားထားကြတာမို့ စိတ်ဝင်တစားဖတ်ချင်စရာလေး ဖြစ်တဲ့ အဲဒီ မဂ္ဂဇင်းဆီကို သွားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကတဆင့် သွားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ…။ အယ်ဒီတာများရဲ့ ပြန်ကြားချက်အရ လောကအလှ မဂ္ဂဇင်းကို အပတ်စဉ် တိုင်း Edit လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
အိမ်ဝေးသူ
Posted by အိမ်ဝေးသူ at Sunday, March 02, 2008 2 comments
ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး
အမူအကျင့်ဆိုတာ
တို့တစ်တွေ ထပ်တလဲလဲ လုပ်တာတွေပါပဲ။ ဒါပေမယ့် ကိုယ့်မှာရှိနေမှန်း သိပ်သတိမထားမိ တတ်ကြဘူး။ သူတို့က အလိုအလျောက် မောင်းနှင်နေတာကိုး။
တချို့ အမူအကျင့်တွေက ကောင်းတယ်။
ဥပမာ - လေ့ကျင့်ခန်းမှန်မှန်လုပ်တာ
ရှေ့အစီအစဉ်ချမှတ်တာ
တချို့ကျ မကောင်းဘူး။
ဥပမာ - အပျက်ချည့် မြင်တာ၊ တွေးတာ
အားငယ်စိတ် အငုံ့စိတ်ရှိတာ
တစ်ပါးသူကိုပဲ အပြစ်တင်တတ်တာ
တချို့ အကျင့်တွေကတော့ ကိစ္စ မရှိဘူး။
ဥပမာ - ညကျမှ ရေချိုးတာ
ထမင်းစားရင်း သတင်းစာဖတ်တာ
မဂ္ဂဇင်းတွေကို နောက်ကနေ စဖတ်တာ
ဘာအကျင့်တွေလဲ ဆိုတာပေါ် မူတည်ပြီး တို့အကျင့်တွေက တို့ကို တည်ဆောက်တယ်။ ဖြိုဖျက်တယ်။ တို့ ထပ်တလဲလဲလုပ်တဲ့ အတိုင်း ဖြစ်သွားကြတာပဲ။ စာရေးဆရာကြီး ဆင်မြူရယ် စမိုင်း က ဟောဒီလို ရေးဖူးပါတယ်။
“ အတွေး တစ်ခု စိုက်၊ လုပ်ရပ် တစ်ခု ရိတ်
လုပ်ရပ် တစ်ခု စိုက်၊ အကျင့် တစ်ခု ရိတ်
အကျင့် တစ်ခု စိုက်၊ စရိုက် တစ်ခု ရိတ်
စရိုက် တစ်ခု စိုက်၊ ဂုဏ်သိက္ခာ တစ်ခု ရိတ် “
ကံကောင်းတာက မင်းဟာ မင်း အမူအကျင့်တွေထက် ပိုပြီးသန်စွမ်းတယ် ဆိုတာပဲ။ ဒီတော့ အကျင့်တွေကို မင်းပြောင်းလဲနိုင်တယ်။ စွဲမြဲပြီး အကျင့်တွေကို ပြောင်းရမယ်ဆိုတာ အမြဲတမ်းတော့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။
အကျင့်(၇) ပါးက မင်းကိုဒါတွေဖြစ်အောင် ကူညီနိုင်တယ် ..
မင်းဘ၀ကို ထိန်းချုပ်ဖို့ …..
လူမှုဆက်ဆံရေး တိုးတက်ဖို ….့
ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ….
မိသားစုနဲ့ အဆင်ပြေဖို့ ….
စွဲနေတာတွေ ဖြတ်နိုင်ဖို့ ….
ကိုယ့်အတွက် ပဓာနအကျဆုံးဟာ ဘာလဲ၊
တန်ဖိုးဟာ ဘာလဲ ဆိုတာကို သတ်မှတ်ဖို့ ….
ကျောင်း၊အလုပ်၊ အပေါင်းအသင်းနဲ့ အရာခပ်သိမ်းကြားမှာ ဟန်ချက်ညီဖို့ …
ကဲ တွေးကြည့်ပါအုံး … နော် ..
ပို့စ် အသစ်များ ကို တင်နိုင်အောင် ကြိုးစားပါ့မယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့နော်........။
Posted by အိမ်ဝေးသူ at Sunday, February 24, 2008 0 comments
ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး
အပိုင်း ( ၂ )
ကျင့်စဉ်တွေက ရိုးရိုးလေးတွေလိုပဲနော်။ ဒါပေမယ့် သူတို့ ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာ မြင်အောင် သိအောင်လုပ်ပါအုံး။ ဒီအကျင့် (၇) ပါး သဘောပေါက်နားလည်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေကို နားလည်ထားဖို့ပဲ။ ဟောဒီမှာကြည့်။
ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တဲ့
လူငယ်တို့ရဲ့ အမူအကျင့် (၇) ချက်
အမူအကျင့် (၁) တန့်ပြန်မှု
မင်းပြဿနာ အားလုံးအတွက် မိဘတွေ၊ ဆရာတွေ၊ ပါမောက္ခတွေ၊ စိတ်ညစ်စရာကောင်းတဲ့ အိမ်နီးချင်း၊ ရည်းစား၊ တစ်ခြားတစ်စုံတစ်ယောက် လို့ အပြစ်တင်တယ်။ ကိုယ့်ကိုကိုယ် သားကောင်လို့ ခံစားတယ်။ သားကောင်လိုနေတယ်။ ကိုယ့်ဘ၀အတွက် ကိုယ်ဘာတာဝန်မှ မယူဘူး။ တိရစ္ဆာန်လိုကျင့်တယ်။ ဆာရင်စားတယ်။ သူများဆဲရင် ပြန်ဆဲတယ်။ ကိုယ်လုပ်တာ မှားမှန်းသိပေမယ့် လုပ်တာပဲ။
အမူအကျင့် (၂) အဆုံးကစပြီး မတွေးဘူးပေါင်
ဘာဆောင်ရွက်ဖွယ် အစီအစဉ်မှ မရှိဘူး။ ပန်းတိုင်ဆိုတာ ဝေလာဝေး။ မနက်ဖြန်အကြောင်း မတွေးပါဘူး။ ဖြစ်ချင်တာဖြစ် မောင်ဘချစ်။ မျက်မွေးတစ်ဆုံးပဲ ကြည့်တယ်။ အခိုက်အတန့်လေးမှာပဲ နေတယ်။ စားပြီးအိပ်နေ ဘိက္ခဝေ၊ သေရင်ပက်လက် နတ်ပြည်တက်။
အမူအကျင့် (၃) ပထမကိစ္စနောက်ဆုံးမှ
မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့။ ဘ၀ အတွက် ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စပဲဖြစ်ဖြစ် တော်တော်နဲ့ မလုပ်ဖြစ်ဘူး။ ဖုန်းပြောရင်လည်း သိပ်ကြာတယ်။ တီဗွီရှေ့ကလည်း တော်တော်နဲ့ မထ။ အိမ်စာတွေကျတော့ မနက်ဖြန် ကိုရွှေ့။ အဓိက အလုပ်ကို မလုပ်မိ၊ အသေးအဖွဲတွေကိုသာ အရင်လုပ်မိ။
အမူအကျင့် (၄) ငါ အနိုင်မင်းအရှုံးပဲတွေး
ဘ၀ဆိုတာ အညှာအတာမဲ့ ရက်စက်ရတဲ့ စစ်ပွဲပဲ။ ကိုယ်က ဦးအောင်သာချပစ်။ ဘယ်သူ့ကိုမှ အနိုင်မခံလေနဲ့။ သူများနိုင်တာဟာ ကိုယ်ရှုံးတာပဲ ဆိုတာ မမေ့နဲ့။ အေး - ကိုယ် ရှုံးမယ့်ပုံပေါ်ရင်တော့ သူ့ကိုပါရအောင် ဆွဲချသွားမယ် ။.
အမူအကျင့် (၅) ငါ့စကားနွားရပြော၊ နားထောင်ချင်ယောင်ဆောင်
ပါးစပ်တစ်ပေါက်နဲ့မွေးလာတာ၊ အသုံးချရမှာပဲ။ များများသာပြော။ ကိုယ်ဘက်က အမြင်ကို အရင်ပြော။ ပြီးမှ သူများပြောတာကို ခေါင်းတညိတ်ညိတ်လုပ် “အင်း၊ အဲ“ နဲ့ နားထောင်ချင်ယောင်ဆောင်။ သူများ အမြင်မလိုချင်ပေါင်။ ကိုယ်ကပဲ ပေးလိုက်မယ်။
အမူအကျင့် (၆) မပူပေါင်းရေး
သူတစ်ပါးဆိုတာ ကိုယ်လိုမဟုတ်ဘူး။ ကိုယ်နဲ့ မတူဘူး။ ဘာကြောင့် ပူးပေါင်းနေရဦး မှာလဲ။ ကိုယ့်မှာ စိတ်ကူးကောင်းတွေရှိရင် ကိုယ့်ဘာသာကိုယ် အရာရာ ပိုကောင်းအောင်လုပ်နိုင်တာပဲ။ ကိုယ့်ကျွန်း ကိုယ်ဆောက် ကိုယ့်နေရာ ကိုယ်နေ။
အမူအကျင့် (၇) ကိုယ့်အားကိုယ်ဖြုန်း
အလုပ်တွေ ပိလွန်းလို့ ကိုယ့်ကိုကိုယ် တိုးတက်အောင်၊ အသစ်ပြန်ဖြစ်နေအောင် အချိန်မယူနိုင်ပါဘူး။ ဘာအသစ်မှ မလေ့လာဖြစ်ဘူး။ ကိုယ်လက်လေ့ကျင့်ခန်းဆို ဝေလာဝေး။ စာအုပ်ကောင်းတွေ နဲ့ဝေး၊ သဘာဝတရားနဲ့ဝေး၊ ကိုယ့်စိတ်ကို နိုးစေတဲ့ အရာတွေနဲ့လည်း တစ်ကမ္ဘာစီဝေးနေတယ်။
ကဲ .. မြင်တဲ့ အတိုင်းပဲ။ အထက်မှာပြခဲ့တဲ့ အမူအကျင့်တွေဟာ ကျဆုံးခန်းအတွက် ရုံဝင်လက်မှတ် တွေပဲ။ တို့ အတော်များများဟာ ( ကိုယ် အပါအ၀င်) ဒီလက်မှတ်တွေ မှန်မှန်ဝယ်တတ်ကြသကွ။ ဒီတော့ ဘ၀ဟာ နေပျော်စရာ မကောင်းတတ်တာ ဘာများဆန်းလို့လဲ ။
Posted by အိမ်ဝေးသူ at Saturday, February 23, 2008 0 comments
ထိရောက်စွမ်းဆောင်နိုင်သူ လူငယ်တို့၏ အကျင့် (၇) ပါး
အပိုင်း ( ၁ )
The 7 Habits of Highly Effective Teens
(Sean Covey)
ပထမ ကျွန်ုပ်တို့က အကျင့်တွေကို လုပ်တယ်။
နောက်တော့ အကျင့်တွေက ကျွန်ုပ်တို့ကို လုပ်တယ်။
အင်္ဂလိပ်ကဗျာဆရာတစ်ဦး
ဟောဒီမှာ လူငယ်တွေရဲ့ ပြဿနာတစ်ချို့။ မင်းပြဿနာနဲ့ တူချင်မှ တူမယ်။
“ လုပ်စရာတွေက အများကြီး၊ အချိန်က မရ။ ကျောင်းရယ်၊ အိမ်စာတွေရယ်၊ သူငယ်ချင်းတွေရယ်။ လက်ဖက်ရည်ဆိုင်ရယ် ။ မိသားစုကတော့ အားလုံးရဲ့ ထိပ်က၊ စိတ်အရမ်းညစ်တယ်ကွာ ဘာလုပ်ရမလဲ “
“ ငါ့ ကံအကြောင်းကိုက ခေလွန်းအားကြီးပါတယ်၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် သူများတွေကပဲ ကိုယ့်ထက်သာနေတော့တာပဲ၊ သူ့လိုဆံပင်သာ ငါ့မှာရှိရင်၊ သူ့လိုသာ ငါဝတ်စားနိုင်ရင်၊ သူ့ရုပ်မျိုးသာ ငါ့မှာရှိရင်၊ သူ့ကောင်မလေးမျိုးသာ ငါ့မှာရှိရင် ငါသိပ်ပျော်မှာပဲ “
“ ငါ့ဘ၀တစ်ခုလုံး ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေသလိုပဲ “
“ ငါ့ အိမ်ကတော့ ငရဲပါပဲ၊ ငါဘာလုပ်လုပ် အကောင်းကို မထင်ကြဘူးကွာ “
“ ငါ့နေနေပုံဟာ ဖြစ်သင့်တဲ့နည်း မဟုတ်ဘူးဆိုတာ ငါသိချင်တယ်၊ ဆေး၊ အရက်၊ လိင်ကိစ္စ . . . အားလုံးပဲ။ ဒါပေမယ့် ငါ့ကောင်တွေနဲ့ တွေ့တိုင်း သူတို့လုပ်သလို လုပ်ဖြစ်နေတော့တာပဲ “
“ ငါတော့ ကျောင်းမှာ သိပ်မဟန်လှဘူး၊ အမှတ်မကောင်းရင်တော့ တက္ကသိုလ်ကောင်းကောင်းလေး ကို သွားနိုင်မှာ မဟုတ်ဘူး “
“ စိတ်ဓါတ် ကလည်း ခဏခဏ ကျတယ်၊ လက်တို့ ရုံလေးနဲ့ မျက်ရည်က ကျချင်နေတာ။ ဘာလုပ်ရမှန်းကို မသိဘူး“
ဒါတွေက တကယ်ရှိနေတဲ့ ပြဿနာတွေ။ ဘ၀ အမှန်ကို လက်မခံလို့ ကလည်း မရဘူး။ ဒီတော့ ကိုယ်ကလည်း ငြင်းပယ် ခိုင်းဖို့ မကြိုးစားပါဘူး။ အဲဒါ အစား လက်ရှိဘ၀ အမှန်နဲ့ ဆက်ဆံရေးကောင်းဖို့ အကူအညီရမယ့် လက်နက် ကိရိယာလေးတွေပဲ မင်း ကိုပေးမှာပါ။ ဘာတွေလဲ .. သိလား ။ “ထိထိရောက်ရောက် စွမ်းဆောင်ရည်မြင့် လူငယ်တို့ရဲ့ အမူအကျင့်(၇)ပါး“ ပါတဲ့။ တစ်နည်းပြောရရင် ကမ္ဘာတစ်ဝှမ်းက ပျော်ရွင်စွာ အောင်မြင်ကြသူ လူငယ်တွေရဲ့ စရိုက်လက္ခဏာ (၇) မျိုးပေါ့။
ဘာအမူအကျင့်တွေလဲ မင်း သိချင်ပေလိမ့်မယ်။ ဟောဒါတွေပါပဲ။ ရှင်းလင်းချက် အကျဉ်းချုပ်လေးတွေနဲ့ ။
အမူအကျင့် (၁) ငါသာလျှင် ငါ့ကံ၏ အရှင်သခင် စိတ်ဓါတ် ( Be Proactive )
( မင်း ဘ၀အတွက် မင်းကိုယ်တိုင် တာဝန်ယူ )
အမူအကျင့် (၂) အဆုံးက စစဉ်းစား (Begin With the End in mind )
( ရလာတဲ့ ဘ၀မှာ မင်းဘာလုပ်မှာလဲ၊ မင်း ပန်းတိုင်ဘာလဲ )
အမူအကျင့် (၃) ပထမကိစ္စ ပထမထား ( Put First Thing First )
( အရေးကြီးဆုံး ကိစ္စ အရင်လုပ်)
အမူအကျင့် (၄) အားလုံးကောင်းဖို့တွေး ( Think Win-Win )
( ဘယ်သူမှ နာစရာမလို သဘောထားမွေးမြူ )
အမူအကျင့် (၅) နားလည်စရာကို ပထမရှာ၊ ကိုယ် ကိုလည်း နားလည်သွားပါစေ
( Seek First to Understand, Then to be Under tood )
( သူများပြောတာ တည်ကြည်စွာနားထောင် )
အမူအကျင့် (၆) ပူးပေါင်း လုပ်နိုင်စွမ်း ( Synergize )
( ပိုကောင်းဖို့ အတူအလုပ်လုပ်)
အမူအကျင့် (၇) အကျင့်ကောင်းတွေကို ထက်မြက်နေအောင် ကြိုးစားနေ ( Sharpen the Saw )
( ကိုယ့် ကိုယ်ကို အသစ်ဖြစ်နေအောင် အမြဲကျင့်နေ)
ဘာသာပြန်သူ .. မောင်သစ်ဆင်း …
Posted by အိမ်ဝေးသူ at Friday, February 22, 2008 1 comments
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me
- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)



