နှင်းဖြူနုတွေ လွှမ်းခြုံတဲ့
ငါ့ …. ယုံကြည်ရာ တိမ်တိုက်
နင့် လွင့်မျှောရာ ပြာလဲ့ကောင်းကင်
နေညိုချိန် တွေ မကုန်စေချင်ခဲ့ဘူး
မှိန်ဖျော့ရာသီ ညနေရီအောက်
ငါ မပိုင်တဲ့ နင့်ဆီက
ကျန်ခဲ့ခြင်း ကို ကြိုတွေးပေမယ့်
နင့်ခြေသံတွေ တိတ်ဆိတ်လွန်းတယ်
တည်မှီရာ စိတ်အလွမ်း
လေနုအေး အဝှေ့မှာတောင်
တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း
နင် ထွက်သွားရာ အပြန်လမ်းဆီက
ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး
နင့် ခြေရာ အကြွင်းတွေ ပေကျံနေတဲ့
ဗလာ မဟုတ်တဲ့ ရင်ထဲက
မျက်ရည်စ တစ်ချို့တစ်ဝက်ကို
နင် သတိမှ ရ မိ ရဲ့ လား
ခုတော့
ငါ မပါတဲ့ လွမ်းတတ်ရာတိမ်တိုက်
နင် ပျံသန်းရာကောင်းကင်
အနောက်တောင်ဆီက မိုးတော့
မညို့လောက်ဘူးထင်ရဲ့ ။ ….။
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်
: ကဗျာ
Posted by အိမ်ဝေးသူ at Friday, December 19, 2008
4 comments:
Subscribe to:
Post Comments (Atom)
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me

- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)
လောလောလတ်လတ် စကားစု
visitors
Blog Archive
Error loading feed.
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်… ကဗျာလေးက နာမည်ကအစ လှနေတယ်…
တည်မှီရာ စိတ်အလွမ်း
လေနုအေး အဝှေ့မှာတောင်
တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း
နင် ထွက်သွားရာ အပြန်လမ်းဆီက
ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး
အဲဒီအပိုဒ်လေး ဖွဲ့ထားတာကို အကြိုက်ဆုံးပဲ…
စာတွေ ကဗျာတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေ… အဆင်ပြေမှုတွေနဲ့ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ်။
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်ကြား က
တိုးထွက် ပျော်၇ွှင်နိုင်ပါစေ….
ခြေသံတိတ်တိတ်နဲ့ထွက်သွားတဲ့သူကိုလွမ်းနေတုန်းလား။ ကဗျာကသိပ်လှတယ်။
လာဖတ်ပါတယ် အိမ်ဝေးသူရေ။ ကျွန်မဘလော့ဂ်ကို သတိတရလာလည်တာ
လည်းကျေးဇူးပါ။ ကဗျာ နုနုလှလှလေးတွေရေးတတ်တဲ့ ဒီဘလော့ဂ်လေးပြန်အ
သက်ဝင်လာတာ အလွန်ဝမ်းသာပါကြောင်းရှင်။