ဖြစ်ရပ်က ပြင်သစ်ပြည် နပိုလီယံ နန်းကျပြီးစ အချိန်ပါ။ နပိုလီယံက ဝါတာလူး စစ်ပွဲကြီးမှာ အရေးနိမ့်သွားတယ်။ သူ့ကို နိုင်အောင်တိုက်ခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီးက လော့ဒ်ဝယ်လင်တန် ဆိုတာပါပဲ။ ဝယ်လင်တန်က ပြင်သစ်မှာရှိနေခိုက် သမင်လိုက် အမဲကစားဖို့ ထွက်တယ်။ မြင်းကိုယ်စီနဲ့ပေါ့။ အဲဒီ အခိုက်မှာ သမင်က တောင်ယာခြံကြီး တစ်ခုထဲကို ခုန်ဝင်ပြေးသွားတယ် ။ ဒီတော့ နောက်ကလိုက်လာတဲ့ ဝယ်လင်တန်နဲ့ အခြံအရံတွေက ခြံတခါးကို ဖွင့်ပြီးဝင်ဖို့လုပ်တယ်။ ခြံစောင့်တဲ့ကလေးက တံခါးကို လုံးဝ အဖွင့်မခံဘူး။
ဒီတော့ အခြံအရံတစ်ယောက်က ယာစောင့်လူငယ်လေးကို " မင်းတံခါးကို ဖွင့်ပေးပါ။ အခု လာတာ စစ်ဗိုလ်ချုပ်ကြီး ဝယ်လင်တန် " လို့ ပြောလိုက်တယ်။ ဒီတော့ လုလင်ငယ်လေးက .. "ဘယ်သူလာလာဖွင့်မပေးရဘူးလို့ ကျွန်တော့်ကို သခင်က မှာထားတယ်၊ ဘယ်သူလာလာ ကျွန်တော် မဖွင့်နိုင်ဘူး။ … " လို့ ပြောတယ်။ နောက်လိုက် စစ်သည်တော် တစ်ဦးက အတင်းဖွင့်မယ်လုပ်တယ်။ ဗိုလ်ချုပ်ဝယ်လင်တန်က တားတယ်။ ပြန်လှည့်လာကြတယ်။ အဲဒီ ထိအောင် အရေးမကြီးသေးဘူး။
အဲဒီကောင်လေးက သူ့ဆရာသမားကို လှမ်းပြောလိုက်တဲ့အသံကို ကြားလိုက်ရမှ ဗိုလ်ချုပ်ဝယ်လင်တန်က ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။ ကောင်လေးပြောလိုက်တာက -
ဆရာရေ နပိုလီယံတောင် ရှုံးနိမ့်ခဲ့ရတဲ့ အင်္ဂလိပ်စစ်ဗိုလ် ချုပ်ကြီးကို ကျွန်တော်မောင်းထုတ်လိုက်ပြီတဲ့ ။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်က ရယ်မောလိုက်တဲ့ပြီး မှတ်ချက်ချလိုက်တဲ့ စကားက -
ဒီလိုလူငယ်မျိုး တပ်ရင်းတစ်ခုစာလောက်ရှိရင် ကမ္ဘာကြီးတစ်ခုလုံးကို ငါသိမ်းနိုင်ပါတယ်ကွယ် … တဲ့။
ကိုင်းကြည့်စမ်း စာရိတ္တသတ္တိ၊ စာရိတ္တမာန မကြီးကြပေဘူးလား။ ယာစောင့်ကောင်းလေးသာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်ကရော စာရိတ္တမာန မကြီးပေဘူးလား။
နပိုလီယံကို နိုင်အောင်တိုက်ခဲ့တယ်။ အနိုင်ယူခဲ့တယ်။
ဒါပေမယ့် ယာစောင့်ကလေးငယ်ကိုတော့ အနိုင်မကျင့်ပေဘူး။
(အထက်ပါပုံပြင်ကို စာမူခွင့်ပြုချက်အမှတ် 4007110607 ဖြင့် ဇွန်ပွင့်စာပေတိုက်မှ ပထမအကြိမ် ထုတ်ဝေသော ဆရာအောင်သင်း၏ ကျွန်တော်ကျောင်းဆရာစာအုပ် စာမျက်နှာ 153-154 မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
ဇန်နဝါရီထုတ် စံပယ်ဖြူ မဂဇင်း မှာ Special Pages for Youth မှ edu@story မှ ဆောင်းပါးဖြစ်ပါသည်။
အတ္တနယ်စဉ်းမျဉ်း
Posted by အိမ်ဝေးသူ at Tuesday, February 17, 2009
2 comments:
Subscribe to:
Post Comments (Atom)
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me

- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)
ကျွန်မတို့တွေတိုင်းမှာ အဲဒီသတ္တိမျိုးရဲ့ တစ်ဖို့တစ်စိတ်သာ တိုးတက်လာမယ်ဆိုရင်........
အင်းလေ.. တွေးနေမယ့်အစား ကြိုးစားပြီး တည်ဆောက်ကြတာပေါ့။ အခုလို အတွေးအမြင်တွေ မျှဝေတာ ကျေးဇူးပါ။
အိမ်ဝေးသူ...
လေးစားစရာကောင်းပါတယ်...
အဲဒီလို ရဲရင် ပြတ်သားတဲ့ သူတွေ လိုအပ်တာ အမှန်ပါ...
ဒီပို့လေးအတွက်... ကျေးဇူးပါ... ဂုဏ်ယူပါတယ်...