အိမ်အပြန်

ကျွန်တော့် ခံနိုင်ရည် ကို .
ဘယ် အချိန်ထိ ..
စမ်းသပ် နိုင်မှာလဲ .....

အပြုံးရိုင်း မုန်တိုင်းဆင် ...
ခြေထောက် အညစ်တွေနဲ့
ဖြတ်သန်း သွားလိုက်ကြတာ ..
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ..
မဲညစ် ပေရေလို့ .....

မြို့ပြရဲ့ အတ္တဆန်မှုက
ငွေကြေးဆန်မှု ထက်
အရောင်လက်တယ် .....

သက်လုံကောင်းကောင်း
ဆန်ခဲ့ကြ
သေတဲ့ငါး
စုန်သွားလေရဲ့ ..... ***

ခုတော့
ကျေးလက် က အမေ့ရင်ခွင်ဆီ
ကျွန်တော်လည်း စုန်ဆင်းသွားလေရဲ့ ….။


*** အပိုဒ်က ကျွန်တော်မြို့သူငယ်ချင်းရဲ့ ကဗျာ အပိုဒ်လေးပါ။

April တုန်းက အမေရင်ခွင်ဆီ ပြန်တုန်း ကျန်ခဲ့တဲ့ သူငယ်ချင်းကူရေးတဲ့ ကဗျာလေးပါ ... သူ့အတွက်အမှတ်တရပါ။

2 comments:

    သက်လုံကောင်းကောင်း
    ဆန်ခဲ့ကြ
    သေတဲ့ငါး
    စုန်သွားလေရဲ့ ..... ***

    တဲ့လား.. ကဗျာလေးကလှတယ်
    ကျေးလက်က အမေ့ဆီကို ပြန်သွားချင်တယ်။

     

    ဒီကဆဗျာကိုဖတ်ပြီးအလယ်တန်းလောက်တုန်းက ကဗျာတစ်ပုဒ်အဆုံးမသတ်တတ်တော့ သူငယ်ချင်းတစ်ယောက်က ကူပြီးအဆုံးသတ်ရေးပေးခဲ့တာကိုသတိရတယ်။ သူငယ်ချင်းတွေကိုလွမ်းတယ်။ အမေ့ကိုတော့ အလွမ်းဆုံးပဲ။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။