ဗိုလ်ချုပ်အောင်ဆန်းရေးသားသော ကျောင်းသားဘဝ


အပိုင်း (၁ )
ကျွန်တော်၏မိခင် ဘခင် ၂ဦးလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ဘခင်သည် ရှေ့နေစာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးကား စာသင် အထူးပြင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောံရောံ ပညာမတတ်ပေ။

ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ဦးလေးများမှာ..မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်ကြဘူးသူချည်း ဖြစ်လေသည်။ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။
ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ် ၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။


ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင် ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။

ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ကျွန်တော် တစ်ယောံသာအငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။ကျွန်တော်ကျောင်းနေလာရပုံကို ပြောပြရဦးမည်၊ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်၁၁နှစ်ခန့်တွင်ရှင်ပြုလေသည်။ထိုအခါ ကိုအောင်သန်းမှာ မြန်မာ၆တန်းတွင်ရှိသည်။

ကျွန်တော်မှာ အသက်၈နှစ်ထဲရောံ သော်လည်း ကျောင်းပင် မနေရသေးချေ၊ ရှင်ပြုအခမ်းအနား ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာလေသည်။

ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ မြန်မာကျောင်းတွင် ကျွန်တော် ၆နှစ်မျှနေခဲ့ပေသည်။ ၂တန်းတခါခုံ၍ တက်ခဲ့သည်။ နောံ ရေနံချောင်းမြို့ ၊အမျိုးသားအထက်တန်းကျောင်းတွင် လေးနှစ်နေခဲ့သည်။

တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်ဖြင့် ၁၀ တန်းအောင်မြင်လေသည်။ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲတွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကေားလားရှစ် ရခဲ့သည်။ဗုဒ္ဓဘာသာကျောင်း များနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ဘူးသည်။

နောံ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့၏။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် ဘီအေတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေအထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေစာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ နောံ ဘီအယ်အတန်းကို တက်ခဲ့သည်။

အတန်းလည်းမှန်မှန်မတက်၊စာအုပ်လည်းမရှိ၊မှတ်စုလည်းမထား စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။
ဤကား ကျွန်တော့် တသက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောံဆုံးကျဆုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇ၀င် ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ ဘီအယ်နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောံဆ၍ တိုင်းပြည်အတွက်
ကိုယ်ထိလက်ရောံလုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သ္ခင်ဘ၀သို့ပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်ခဲ့သည့် အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုံစားခြင်း၊ကလေးဘာဝ သစ်ပင်တက် ရေကူး အလုပ်မျိုး ပိတ်ပင်ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောံပင် ရှိသည်။ကျွန်တော် တို့မှာ သစ်ပင်တက်ခြင်း ရေကူးခြင်း စသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမြည်ခံရသည်။ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။

ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောံခဲ့ သလောံ ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်း မရခဲ့၊မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုံစား လေ့ကျင့်ရာနေရာ ကိရိယာ တံဆာပလာများ မထားနိုင်၍ပင်ဖြစ်သည်။

မြန်မာပြည်တွင် ဘုန်းကြီး များနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့် လျှော်အောင် ပြုပြင်သင့်လေပြီ။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောံ တိုးတက်မည် မဟုတ်ပေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်း ဘတ်၍ စာသိမျှကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင်
အလွန်ကျယ်ပြော နက်နဲလှပေသည်။ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို ဘော်ပြခြင်းငှာ မတတ်နိုင်ပေ။ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောံသည့်အချိန်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။

ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စစ်စစ်အားဖြင့် လူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။
ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း၊မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို၎င်း၊( EDUCATION OF EMOTIONS) ပြုပြင် ပြုစု ပျိုးထားခဲ့သူသာလျှင် ဖြစ်၏။

ဘီအေပင် အောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့ချေက တကယ်အရာမရောံ အသုံးမ၀င်နိုင်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊စာအုပ်များကို ကျော်၍ မြင်စွမ်းနိင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ် လူ၏စိတ်နေ စိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။
ဆက်ရန်


မတ်လ(၂၇)ရက်နေ့ဟာ တပ်မတော်နေ့ဖြစ်တာကြောင့် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရေးသားတဲ့ ကျောင်းသားဘ၀ ဆောင်းပါးကို နှစ်ပိုင်းခွဲပြီး တင်ပြလိုက်ပါတယ် ။
စာလုံးပေါင်းသတ်ပုံ နှင့် ပတ်သက်၍ မူလဆောင်းပါး ပါ စာလုံးပေါင်းသတ်ပုံ အတိုင်း ပြင်ဆင်ခြင်းမြ့ပုဘဲ မူလအတိုင်း ဖော်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ စာရေးဆရာ..မြဟန်ရေးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ စာအုပ် မှ ဖြစ်ပါတယ်။







1 comments:

    ဟုတ်တယ်ဗျို့ ..

    အသက်ကလေး ရပြီး မိဘ ဖြစ်ကာမှ ပညာရဲ့ သဘောကို သေချာ ဆန်းစစ်မိတော့ တာ ... ကလေး ကျောင်းထား ရတော့မှာ ကိုး ...

    စာတတ်တာ ပညာ မဟုတ်ဖူးလေ ... အဲဒီဘောင်ကို အခြေခံ ... ကျော်လွန်ပြီး တွေးခေါ်လုပ်ကိုင် တတ်မှ ...

    တန်ဖိုးရှိတဲ့ အတွေးအခေါ် တွေ ဝေမျှပေးတာ ကျေးဇူး ..

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။