ထပ်တူ

သွေ့လျော်ခြောက်ခမ်း
ဘ၀နွမ်းထဲ
ချစ်သူ မခေါ်
တစ်ကိုယ်တည်းပြုံး ပျော်ကြည်နူး
ဘယ်သူပြောမည်နည်း …။


နွမ်းလျမောပန်း
ဘ၀နွမ်းထဲ
ချစ်သူမခေါ်
တစ်ကိုယ်တည်းဆွေး လွမ်းရိပ်ဝေလဲ
ဘယ်သူပြောမည်နည်း။

ဝေးကွာနေလည်း
ကိုယ့်စိတ်ထဲမှာ….
မတွေ့ရလည်း
မြင်ယောင်စဲပါ…
မဆုံနိုင်လည်း
တမ်းတစဲပါ…..

ထပ်တူခံစား
အိပ်မက်များတွင်
မျက်ရည်လွှမ်းသည်
ငိုချင်းရှည်သောနေ့ရက်များ။


2 comments:

    တကိုယ်တည်း ပြုံးပျော် တတ်တယ်ဆိုတဲ့ အကို အိမ်ဝေးသူပေါ့နော် ...း)
    မျက်ရည်လွှမ်းသည်
    ငိုချင်းရှည်သောနေ့ရက်တွေ အမြန်ပယ်ပျောက်ပါစေရှင်...း)

     
    On 22 April 2008 at 15:02 Anonymous said...

    Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Aluguel de Computadores, I hope you enjoy. The address is http://aluguel-de-computadores.blogspot.com. A hug.

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။