လွမ်းသူ့ရဲ့တေး

နှင်းကြွင်းပြာစနဲ့ ရွက်ကြွေပွင့်ဖတ်ဝေ
လွမ်းမျက်ရည်စ ဝေ့ဝေ့၀ဲ
မျက်တောင်ဖျား ဖွဲ့သီ
တမ်းချင်းတွေ ရင်ဝယ်သိ......
တိုးတိတ် ညည်းဆို
မျှော်မိသည့် အခန်း
နွမ်းမိသည့် အလွန်
သူလည်း သတိရမယ်ထင်ရဲ့ …..

ဘယ်သူ မလွမ်းလဲ
တစ်ကယ်ချစ်ရင်
စိတ်နှလုံး နီးစပ် ပေမယ့်
ဝေးနေသူချင်း တွေ့ခွင့်က အိမ်မက်မှာ
ကြယ်စင်တွေ ရေတွက်လို့
ပျံသန်းခဲ့ရက်များစွာ ……….

အဝေးက လင်းမှိန်ဖျော့
ညကဗျာ ကြယ်စုလေးက
အလွမ်း ပို … ပိုစေသလား.....
သြော်.......
ချစ်သူ ရယ် .. နှင်း ထူထူထဲမှာ
လွမ်းသူ့ရဲ့တေး …... ။ ။

2 comments:

    အနမ်းတခုအတွက် လွမ်းသူ့အိမ်မက်များပေါ့.....

    လွမ်းတေးကတော့ ဆိုညည်းရမှာတောင် လွမ်းလွမ်းဆွေးဆွေးကြီးဗျ...

    အိမ်ဝေးသူရဲ့ လွမ်းသူရဲ့တေးကတော့ ပုံဖော်ထားတာ ငြိမ်တယ်ဗျာ.... မြောက်တယ်....

    နေ့သစ်တွေမှာ အလွမ်းတွေပြေပါစေဗျာ....

     

    ကို အိမ်ဝေးသူရေ...
    အလွမ်းတွေ အမြန်ဆုံးပြယ် ပြီး အဆင်ပြေပါစေနော်

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။