လောကကိုအလှ ဆင်ချင်သူများ

မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် နေ့တနေ့ဖြစ်တဲ့ တောင်သူလယ်သမားနေ့(မတ်လ ၂ ရက် ) နေ့မှာ အမိမြေရဲ့ ရပ်ဝေးရပ်နီးမှာ ရှိနေကြတဲ့ မြန်မာပြည်သူ ပြည်သားများနဲ့ မြန်မာစာပေကို မြတ်နိုးတဲ့ လူတိုင်းအတွက် ဖတ်ရှုချင်စရာ အွန်လိုင်း မဂ္ဂဇင်းတစောင် ထွက်ရှိခဲ့ပါတယ်။

မဂ္ဂဇင်းရဲ့ အမည်ကတော့ `လောက အလှ ´ ဖြစ်ပါတယ်။


အတွေးအမြင် အနုပညာ သတင်းအက်ဆေးဟာသဆောင်းပါးဝတ္ထုတိုအင်တာဗျူး ကျန်းမာရေးကဏ္ဍပညာရေးကဏ္ဍကွန်ပြူတာကဏ္ဍဓါတ်ပုံကဏ္ဍအမျိုးသားရေးရာ၊ အမျိုးသမီးရေးရာ စသည်ဖြင့် စုံလင်စွာဖော်ပြထားတဲ့ အဲဒီ အွန်လိုင်း မဂ္ဂဇင်းမှာ ဘလော့လောကမှာ လူအများသိပြီး နေကြပြီဖြစ်တဲ့ ကလိုစေးထူး၊ မမေဓာဝီ တို့အပြင် စာရေးသူ အတော်များများ ရေးသားထားကြတာမို့ စိတ်ဝင်တစားဖတ်ချင်စရာလေး ဖြစ်တဲ့ အဲဒီ မဂ္ဂဇင်းဆီကို သွားချင်တယ်ဆိုရင်တောဒီနေရာလေးကတဆင့် သွားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ…။ အယ်ဒီတာများရဲ့ ပြန်ကြားချက်အရ လောကအလှ မဂ္ဂဇင်းကို အပတ်စဉ် တိုင်း Edit လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အိမ်ဝေးသူ

2 comments:

    ပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်ရှင်…။
    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

     

    အစ်ကိုရေ..။ အသစ်တင်ဦးလေဗျ။ ဒီဆိုဒ်လေးကိုလည်း
    သွားပြီး လေ့လာထားတယ်ဗျ။ ကျေးဇူးဗျ

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။