မျှော်လင့်......၀ိုးတ၀ါး

လင်းသည့်နံနက် ရောင်နီတက်ဝယ်
ဦးဆုံးမြင်မိ စိတ်ဝယ်သိသည်
ချစ်သူ့ ပုံလွှာ မြင်မိပါလည်း
(သူ) ပျော်ရွင်ပါစ လွမ်းပါစ .....


လွမ်းဖျားညနေ တမ်းတစေမှီ
မျှော်ရည်ရာမှန်း ချစ်သူလွမ်းနေ
သိမှသိလေ စိတ်ထဲပွေသည်
မမျှော်လင့်နိုး မျှော်ရည်ကိုး .....


ဝေးနေရက်မှာ တမ်းကဗျာရေး
ရင်ထဲအလွမ်း ဖွဲ့တည်နွမ်းကို
ဘယ်လိုဖြေဖြေ မပျောက်ပေမဲ့....


အာရုံမိုးသောက် အလင်းရောက်လျှင်

ပြန်ဆုံမည့်ရက် နုတ်တစ်ရက်မို့
တထိတ်ထိတ်ခုန် ရင်အစုံမှာ
ကြည်နူးနေဆဲ လွမ်းနေမြဲ ...........။ ။

2 comments:

    ကြေကွဲနေတဲ့ ဥယျာဉ်ကြီးထဲမှာ ၀ိုးတ၀ါး မျှော်လင့်ချက်တွေနဲ့ပေါ့…..။ ကဗျာလေးနှစ်ပုဒ်လုံး အရမ်းကောင်းပါတယ် အကို…။ နူးညံ့တဲ့ အဖွဲ့အနွဲ့လေးတွေနဲ့ ကဗျာဆန်သော ကဗျာလေးတွေပါပဲ။ 'အာရုဏ်မိုးသောက် အလင်းရောက်လျှင်…ပြန်ဆုံမည့်ရက် နှုတ်တစ်ရက်မို့…တထိတ်ထိတ်ခုန် ရင်အစုံမှာ…ကြည်နူးနေဆဲ လွမ်းနေမြဲ' ဆိုတဲ့ နောက်ဆုံးပိုဒ်လေးကို အကြိုက်ဆုံးပါပဲ။ ကဗျာကောင်းလေးတွေကို ဆက်လက်ရေးဖွဲ့နိုင်ပါစေ အကိုရေ…။

     

    အိမ်ဝေးသူရေ...
    အလွမ်းနဲ့ပတ်သတ်ရင်...
    နာတာလေးတွေနဲ့ပဲ ဖြေသိပ်ပေါင်းများလှပြီဗျ...
    အလွမ်းရလွန်းလို့....
    တမ်းတရလွန်းလို့...
    ...... ......... ...........လို့
    ဆိုတဲ့ အသံတွေကို လွမ်းစရာအသံတွေကို မမြင်ရမကြားရပါစေနဲ့လို့ ....တောင်းဆုပြုမိတယ်...။

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။