ည နက်နက် ပန်းချီကားမှာ
လ ကွေးကွေးလေးက အမြင့်မှာ စံနေ …
လေ အသော့လေးမှာ
နှင်း ပ၀ါဖြူတွေ တလွင့်လွင့် …
ကြယ်ဖြူ ပွင့်လေးတွေက
ဟိုသည်တစ်စ ပြုံးစစ နှင့် ….
ဝါကြည်လင်းတဲ့
မြေနံသင်း လမ်းလေးမှာ
ချစ်သူရဲ့ ပခုံးတွဲမှီ
ကြည်နူးရယ်သံ လွင်လွင်နဲ့
မမောတမ်းလျှောက်သည်
ည ရိပ်ကွယ်ပျောက် တစ်မိုးမသောက်မှီ ။
ကဗျာလေးက အရမ်းနူးညံ့တယ်ဗျာ
လျှောက်နေတုန်းပေါ့..
နားနားပြီးလျှောက်နော်.. မောမှာစိုးလို့..
ဟီး.. နောက်တာပါ
ကဗျာလေးကောင်းတယ်
အိပ်မက-် ကဗျာလေး ကိုဖတ်ပြီးလေ
နှင်းတွေဝေနေတဲ့ ဆောင်းညလေး မှာ
ငြိမ်းအေး တဲ့ မေတ္တာ ကို
ထိတွေ့ခံစား လိုက်ရသလိုပါဘဲ
အိမ်ဝေးသူရေ……………`.လွမ်း´