ကြေကွဲ.....ဥယျာဉ်

ငါ့ရင်ဘတ် တစ်ခုလုံး
ပျိုးမိတဲ့ အလွမ်းတွေလေ
ကြိုသိမှတော့ ဘယ်သူပျိုးမလဲ .....


ဆည်းဆာရဲ့ ညနေတွေ
မြူတွေရစ်ဝိုင်းလို့ ရင်နင့်ခြင်းတွေ
ကြိုသိမှတော့ ဘယ်သူငေးမလဲ .....


လမ်းခွဲခြင်းရဲ့ ကဗျာအို
ကြေကွဲကွဲ မခမ်းနားတေးကို
ကြိုသိမှတော့ ဘယ်သူရေးမလဲ …..


ချစ်သူရဲ့ တွဲခိုမျက်ရည်စ
နှလုံးသား မငိုစေလို
ကြိုသိမှတော့ ဘယ်သူချစ်မလဲ .....

မပျိုးခဲ့ပါဘူး အလွမ်းတွေ အတွက်

မငေးခဲ့ပါဘူး ရင်နင့်ခြင်းတွေ အတွက်
မရေးခဲ့ပါဘူး လမ်းခွဲကဗျာတွေ အတွက်
မချစ်ခဲ့ပါဘူး ငိုကြွေးခြင်းတွေ အတွက်

…..
…………..
ခုတော့ ..
ရင်တစ်ခုလုံး အထီးကျန်
ကျွန်တော့လက် ကျွန်တော် ဆွဲလို့
ဘယ်သူ ငိုကြွေးမလဲ …………………။ ။

4 comments:

    ခုတော့ ..
    ရင်တစ်ခုလုံး အထီးကျန်
    ကျွန်တော့လက် ကျွန်တော် ဆွဲလို့
    ဘယ်သူ ငိုကြွေးမလဲ …………………။ ။

    အဖွဲ့လေးကောင်းတယ်ဗျာ ... ကဗျာလေးကြိုက်တယ် ...

     

    မအားတဲ့ကြားကပဲ တအားလွမ်းစရာ ကဗျာ ရေးမိတယ် ဆိုပါတော့. . .

     
    On 23 January 2008 at 11:33 Anonymous said...

    ဟုတ်ပါတယ် ကိုအိမ်ဝေးသူရေ...
    ကြိုသိခဲ့မယ်ဆိုရင်တော့ ...

    ပျိုးခဲ့မိမှာ ၊ ရေးခဲ့မိမှာ၊ ငေးခဲ့မိမှာ၊ မဟုတ်ပါဘူး။

    ဒါပေမယ့်လေ.. ပျိုးလက်စ၊ ရေးလက်စ၊ ငေးလက်စ ဆိုခဲ့ရင်တော့ အဆုံးတိုင် ဆက်ရေးချင်မိမယ်ထင်မိပါရဲ့...

    နှလုံးသားအလိုကျပေါ့လေ...

    လေးစားလျှက်
်မွန်းသက်ပန် (ဆေး-၁)

     

    ကျွန်တော့လက် ကျွန်တော် ဆွဲလို့
    ဘယ်သူ ငိုကြွေးမလဲ …………………။ ။

    ကဗှာလေးမိုက်တယ်ဗျာ။ :-)

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။