အိပ်မက်

ည နက်နက် ပန်းချီကားမှာ
လ ကွေးကွေးလေးက အမြင့်မှာ စံနေ …


လေ အသော့လေးမှာ
နှင်း ပ၀ါဖြူတွေ တလွင့်လွင့် …


ကြယ်ဖြူ ပွင့်လေးတွေက
ဟိုသည်တစ်စ ပြုံးစစ နှင့် ….


ဝါကြည်လင်းတဲ့
မြေနံသင်း လမ်းလေးမှာ


ချစ်သူရဲ့ ပခုံးတွဲမှီ
ကြည်နူးရယ်သံ လွင်လွင်နဲ့


မမောတမ်းလျှောက်သည်
ည ရိပ်ကွယ်ပျောက် တစ်မိုးမသောက်မှီ ။

3 comments:

    ကဗျာလေးက အရမ်းနူးညံ့တယ်ဗျာ

     

    လျှောက်နေတုန်းပေါ့..
    နားနားပြီးလျှောက်နော်.. မောမှာစိုးလို့..
    ဟီး.. နောက်တာပါ
    ကဗျာလေးကောင်းတယ်

     

    အိပ်မက-် ကဗျာလေး ကိုဖတ်ပြီးလေ
    နှင်းတွေဝေနေတဲ့ ဆောင်းညလေး မှာ
    ငြိမ်းအေး တဲ့ မေတ္တာ ကို
    ထိတွေ့ခံစား လိုက်ရသလိုပါဘဲ
    အိမ်ဝေးသူရေ……………`.လွမ်း´

     

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။