ရွှေ့လျားမှု အချိန်ရဲ့ ဖြစ်တည်မှုက
ချစ်သူ့ ပုံရိပ်တွေကို
မပြောင်းလဲနိုင်ပါလား …
စွဲထင်ဆဲ ……………………….
ပြိုဖျက်ခြင်း စီးဆင်းမှုရေ အလျင်လည်း
ချစ်သူ့ ကျောက်စာတွေကို
မတိုက်စားနိုင်ပါလား …
တည်ရှိဆဲ ……………………..
လင်းလက်ကကွက် ညကဗျာလည်း
ချစ်သူ့ ရင်ငွေ့ကို
မလွှမ်းမိုးနိုင်ပါလား …
နွေးထွေးဆဲ ……………………….
ရွှေ့လျားဆဲ ရာသီရိုင်းတွေရဲ့ မုတ်သုန်
ကမ်းနဖူးပေါ် ငေးရီညိုတဲ့ နေ၀င်စီးဆင်းခြင်း
ညကဗျာရဲ့ ကြယ်မစုံကြွေလွင့် ကကြိုးမှာ
တစ်ယောက်တည်း ခရီးနှင် …
ကျိုးကြေဆဲ ………………………။
တွယ်ငြိရင်ခွင်
Posted by အိမ်ဝေးသူ at Monday, January 28, 2008 0 comments
မျှော်လင့်......၀ိုးတ၀ါး
လင်းသည့်နံနက် ရောင်နီတက်ဝယ်
ဦးဆုံးမြင်မိ စိတ်ဝယ်သိသည်
ချစ်သူ့ ပုံလွှာ မြင်မိပါလည်း
(သူ) ပျော်ရွင်ပါစ လွမ်းပါစ .....
လွမ်းဖျားညနေ တမ်းတစေမှီ
မျှော်ရည်ရာမှန်း ချစ်သူလွမ်းနေ
သိမှသိလေ စိတ်ထဲပွေသည်
မမျှော်လင့်နိုး မျှော်ရည်ကိုး .....
ဝေးနေရက်မှာ တမ်းကဗျာရေး
ရင်ထဲအလွမ်း ဖွဲ့တည်နွမ်းကို
ဘယ်လိုဖြေဖြေ မပျောက်ပေမဲ့....
အာရုံမိုးသောက် အလင်းရောက်လျှင်
ပြန်ဆုံမည့်ရက် နုတ်တစ်ရက်မို့
တထိတ်ထိတ်ခုန် ရင်အစုံမှာ
ကြည်နူးနေဆဲ လွမ်းနေမြဲ ...........။ ။
: ကဗျာ
Posted by အိမ်ဝေးသူ at Thursday, January 24, 2008 2 comments
ကြေကွဲ.....ဥယျာဉ်
ပျိုးမိတဲ့ အလွမ်းတွေလေ
ကြိုသိမှတော့ ဘယ်သူပျိုးမလဲ .....
ဆည်းဆာရဲ့ ညနေတွေ
မြူတွေရစ်ဝိုင်းလို့ ရင်နင့်ခြင်းတွေ
ကြိုသိမှတော့ ဘယ်သူငေးမလဲ .....
လမ်းခွဲခြင်းရဲ့ ကဗျာအို
ကြေကွဲကွဲ မခမ်းနားတေးကို
ကြိုသိမှတော့ ဘယ်သူရေးမလဲ …..
ချစ်သူရဲ့ တွဲခိုမျက်ရည်စ
နှလုံးသား မငိုစေလို
ကြိုသိမှတော့ ဘယ်သူချစ်မလဲ .....
မပျိုးခဲ့ပါဘူး အလွမ်းတွေ အတွက်
မငေးခဲ့ပါဘူး ရင်နင့်ခြင်းတွေ အတွက်
မရေးခဲ့ပါဘူး လမ်းခွဲကဗျာတွေ အတွက်
မချစ်ခဲ့ပါဘူး ငိုကြွေးခြင်းတွေ အတွက်
…..
…………..
ခုတော့ ..
ရင်တစ်ခုလုံး အထီးကျန်
ကျွန်တော့လက် ကျွန်တော် ဆွဲလို့
ဘယ်သူ ငိုကြွေးမလဲ …………………။ ။
: ကဗျာ
Posted by အိမ်ဝေးသူ at Tuesday, January 22, 2008 4 comments
ကိုမင်းလူ ၏ ဘာမှမဟုတ်ဘူး
ရုပ်မြင်သံကြားမှ ဘောလုံးပွဲ အစီအစဉ်များကြားတွင် လာတတ်သော စီးကရက်ကြော်ငြာတစ်ခုထဲတွင် လမ်းပေါ်က ရေအိုင်ကို မော်တော်ကားဖြတ်မောင်းသွားသောအခါ ဘေးမှ လျှောက်သွားသော မိန်းကလေးတစ်ယောက်ကို ရေတွေ စင်သွားသည်။ ရုပ်မြင်သံကြားထဲမှာတော့ အတော်လှပသည့် မြင်ကွင်းကလေးဖြစ်သည်။
တကယ့်အမြင်မှာတော့ ရေတွေဖွာကနဲ လွင့်စင်သွားပုံက လှပသော်လည်း မြင်ကွင်းက မလှပါ။ ကားမှတ်တိုင်မှ စောင့်နေသူတွေ ရေကိုရှောင်ရင်း ရုတ်ရုတ်သဲသဲ ဖရိုဖရဲဖြစ်သွားကာ၊ လမ်းဘေးမှာလျှောက်လာသော ကျောင်းဆရာမ တစ်ယောက်၏ အကျီင်္အဖြူမှာ ရွံ့ရေစက်တွေ စင်ကုန်တာ ၊
တစ်ခါက ကျွန်တော်မြင်လိုက်ရသော မြင်ကွင်းကတော့ ပုံမှန်ထဲကတစ်ခုဖြစ်သည့်တိုင် ၀မ်းနည်းစရာ ကောင်းသည်ဟု ထင်မိ၏ ။ ဆလွန်းကားအသစ်တစ်စီးသည် တလှစ်လှစ်မောင်းလာသည်။ ရှေ့က ကားတစ်စင်းကို ဟွန်းသံတတီတီပေးပြီး လမ်းတောင်းသည်။ ရှေ့ကားက ဖယ်မပေး။ ထိုအခါ ဆလွန်းကားလေးက လမ်း၏ညာစွန်ယာဉ်ကြောမှ မရရအောင်ကျော်တက်သည်။ မိုးရွာပြီးစ ဖြစ်သဖြင့် ပလက်ဖောင်းနှင့်ကပ်လျက် လမ်းပေါ်တွင် ရေတွေအိုင်ထွန်းနေသည်။ အရှိန်ပြင်းစွာ ဖြတ်မောင်းသဖြင့် ရေများသည် မော်တော်ကား ဦးပိုင်းမှ ဖြာထွက်သလို လှပစွာ လွင့်စင်သည်။
ကားမောင်းသူမှာ ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။သူသည် ယောင်္ကျားနဲ့ စိတ်ဆိုးလာ
ညက စာရေးနေတုန်း ရုတ်တရက် မီးပျက်သွားသဖြင့် အရေးပေါ်မီးအိမ်ရှာရန် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ မှောင်ကြီးမည်းကြီးမို့ ကုလားထိုင်တစ်လုံးကို မမြင်ဘဲ ၀င်တိုက်မိ၏ ။ ဒူးခေါင်း နည်းနည်းနာသွားသော်လည်း သိပ်မဖြစ်လောက်ဘူးဆိုပြီး အမှတ်တမဲ့ နေလိုက်သည်။
လမ်းမှာပင် ကားတစ်စင်းပျက်နေတာတွေ့သည်။ စက်နှိုးမရခြင်း ဖြစ်သည်။စတတ်တာ မော်တာမွှေ့သံကို ခပ်လှမ်းလှမ်းကပင် ကြားရသည်။ အသံဝပ်နေသဖြင့် မော်တာပင်ကပ်နေသလား၊ဘက်ထရီပဲအားနဲနေသလား။ ဒါမျိုးဖြစ်လျှင် စက်နိုးဖို့ တစ်နည်းပဲရှိ၏ ။
``ဒီမှာ ……….ဒီမှာ ´´
ဒါတော့ မဖြစ်နိုင်။ ကျွန်တော် ဒူးခေါင်းက ဖြေးဖြေးလျှောက်ရုံလောက်သာရမည်။ ကားတွန်းတယ်ဆိုတာက အားစိုက်ပြီး ခြေကန်တွန်းရမှာဆိုတော့
``ဆောရီးပဲဗျာ…..ကျွန်တော်ခြေထောက် နာနေလို့ပါ´´
ကားမောင်းသူ၏မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ စောစောကလို အောက်ကျို့ အကူအညီ
ထိုစဉ်မှာ ကျွန်တော်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ထိုသူသည် နေ့စဉ်နှင့်အမျှ မော်တော်ကားနှင့် သွားလာနေခဲ့လိမ့်မည်။ လမ်းတလျှောက်တွင် တုန်ချိ တုန်ချိလျှောက်သွားနေသော သက်ကြီးရွယ်အိုများ၊
တစ်ယောက်ယောက်က လမ်းမသိလို့ ၊အိမ်မသိလို့ မေးသဖြင့် လမ်းညွှန်လိုက်ရတာမျိုး တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မည်။ မြန်မာလူမျိုးဆိုတာကလည်း ဒီလိုကူညီတာမျိုးကို သိပ်ဝါသနာပါတတ်သည်။ တချို့ဆို လမ်းညွှန်ရုံသာမက လာ ကျွန်တော်လိုက်ပြမယ်ဆိုပြီး အိမ်တိုင်ယာရောက် လိုက်ပို့သည်။ ဒါတွင်မက ``ဘယ်သူရေ ဧည့်သည်လာတယ်ဟေ့ ´´ဟု လူကိုပါခေါ်ပေးတတ်သည်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေက မြန်မာပြည်ရောက်လျှင် မြေပုံမပါရင်တောင် လမ်းမှာမပူရဘူးဟု ချီးကျူးလေ့ရှိ ကြခြင်းဖြစ်သည်။
ကျွန်တော်လည်း မြန်မာပီပီ ဒါမျိုးကို ၀မ်းမြောက်ဝမ်းသာ ကူညီတတ်သူဖြစ်သည်။ လမ်းညွှန်ရာတွင်လည်း ကွမ်းယာဆိုင်ဘေးကအိမ်ပဲ၊အိမ်ရှေ့မှာ ဘာပင်ရှိတယ်ဆိုတာမျိုး အသေးစိတ်တိတိကျကျ ပြောတတ်ပါသည်။
သို့ရာတွင် တစ်ခါတလေတော့ ကသိကအောင့် ဖြစ်ရတာမျိုး ကြုံရတတ်သည်။ အထူးသဖြင့် ကားနှင့်လာသူများဖြစ်၏။ သူတို့က လမ်းမသိလို့ မေးတဲ့အခါ ကားပေါ်ကမဆင်းဘဲ မေးတတ်ကြတာများသည် ကိုယ့်ဘေးမှာ ကားလာရပ်ပြီး မေးတာမျိုး လှမ်းအော်ပြောလို့ ကြားနိုင်တဲ့ အကွာအဝေးမျိုးဆိုလျှင် ကိစ္စမရှိ။ တခါတလေကျတော့ ကိုယ်ကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း လမ်းပေါ်ကနေ ကားရပ်ပြီး လှမ်းမေးသည်။ တချို့ပုဂ္ဂိုလ်တွေ ကျတော့ ကားပေါ်ကဆင်းရလျှင် သိက္ခာကျတယ်ထင်သလားမသိ။ လှမ်းပြီးလက်ယပ်
ထိုအခါမျိုးတွင် ကျွန်တော်ကလည်း ``ခင်ဗျားဆင်းလာခဲ့ပါလား´´ဆိုသောသဘောဖြင့် ပြန်ပြီးလက်ယပ်
တစ်ညနေမှာတော့ ကျွန်တော်လမ်းလျှောက်ထွက်စဉ်ဘေးမှာ ကားတစ်စီးထိုးရပ်လာသည်။ ဒရိုင်ဘာက လမ်းနာမည်တစ်ခုကိုမေးသည်။ ကျွန်တော်တို့ဘက်မှာ ဒီလမ်းနာမည်မျိုးမရှိ။တခါတရံ ရပ်ကွက် နံမည်ချင်း ခပ်ဆင်ဆင် ဖြစ်နေသဖြင့် မှားပြီးလာမေးတတ်တာမျိုးရှိ၏ ။ ရပ်ကွက်သေချာအောင်
မေးမည်အပြုမှာပင်
``ဆရာကြီးအိမ်လေ ၊ ဆရာကြီးအိမ်´´
``အော် ..ဆရာကြီးအိမ်လား၊ဒီကနေ တည့်တည့်သွားပြီး ညာဘက်ချိုးလိုက်၊ ဓမ္မာရုံတွေ့လိမ့်မယ်။ အဲဒီနားကျတော့ နိဗ္ဗာန်ဆော်ကြီး အဘနန်းအိမ် ဘယ်အိမ်လဲလို့ မေးကြည့်၊ လူတိုင်းသိပါတယ်´´ဟု ပြန်ပြောလိုက်သည်။ မိန်းမကြီး၏ မျက်နှာသည် တစ်မျိုးပြောင်းသွားပြီ ။
``အဲဒီ ဆရာကြီးမျိုးကို ပြောတာမဟုတ်ဘူး´´
ဟု ခပ်ဆတ်ဆတ်ပြောသည် ။ ထို့နောက်
ဟု အမိန့်ပေးလိုက်၏ ။ကားဒရိုက်ဘာလည်း ကားကိုဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားသည်။ ကားနောက်ခန်းထဲမှာတော့ ရွှေရောင်ငွေရောင် ပန်းပွားတွေ ရစ်ပတ်ထားသော လက်ဆောင်ခြင်းကြီး တစ်လုံး ၊နံမည်ကြီးကုန်တိုက် တံဆိပ်ပါသော ဆွဲအိပ်တွေသုံးလေးလုံး နှင့် လှိုင်းတွန့်ပုံစက္ကူပုံးကြီး တစ်လုံးတို့ကို လှမ်းမြင်လိုက်ရ၏ ။
ကျွန်တော်ပြောလိုက်တာ ဘာများမှားလို့လဲ ။ အဘနန်းဆိုတာ အသက်ကိုးဆယ့်ခြောက်နှစ်ရှိပြီ။
ဒီရပ်ကွက်ထဲမှာ သူ့ထက်ကြီးတဲ့ ဆရာကြီးရယ်လို့ ရှိမှမရှိတာပဲလေ ။
ကျွန်တော် မအားလပ်တဲ့အချိန်တွေ မှာ လာလည်ကြသူများ အတွက် ကိုမင်းလူ ရေးတဲ့ ``ဘာမှမဟုတ်ဘူး´´ ဆိုတဲ့ ရသစုံစာပေလေး ကို ဝေငှလိုက်ပါတယ်။ ကျေနပ်ပါနော်........
Posted by အိမ်ဝေးသူ at Saturday, January 12, 2008 4 comments
အိပ်မက်
ည နက်နက် ပန်းချီကားမှာ
လ ကွေးကွေးလေးက အမြင့်မှာ စံနေ …
လေ အသော့လေးမှာ
နှင်း ပ၀ါဖြူတွေ တလွင့်လွင့် …
ကြယ်ဖြူ ပွင့်လေးတွေက
ဟိုသည်တစ်စ ပြုံးစစ နှင့် ….
ဝါကြည်လင်းတဲ့
မြေနံသင်း လမ်းလေးမှာ
ချစ်သူရဲ့ ပခုံးတွဲမှီ
ကြည်နူးရယ်သံ လွင်လွင်နဲ့
မမောတမ်းလျှောက်သည်
ည ရိပ်ကွယ်ပျောက် တစ်မိုးမသောက်မှီ ။
: ကဗျာ
Posted by အိမ်ဝေးသူ at Sunday, January 06, 2008 3 comments
ချစ်သူ
ကျွန်တော် ကြိုက်နှစ်သက်သော`` ချစ်သူ ´´ဆိုတဲ့ သီချင်း လေးနဲ့ 2008ရဲ့ ပို့စ် အသစ်ကိုစတင်လိုက်ပါတယ်…
``ချစ်သူ´´ ဆိုတဲ့ သီချင်းလေးကို စာသားလေးရော ..သံစဉ်လေးပါ အရမ်းကိုနှစ်သက်မိပါတယ.်……
အဲဒီသီချင်းလေးကိုအရင်က နေမျိုးဆေး သီဆိုတာကြားဖူးပါတယ်….ခုတလော မျိုးကျော့မြိုင်နဲ့ Lလွန်းဝါ တို့က ပြန်လည်သီဆိုထားတာ ကိုနားထောင်ကြည့်မိပါတယ်..အဲဒီ အဆိုတော်နှစ်ယောက်ရဲ့ သီဆိုမှုကို နှိုင်းယှဉ်ကြည့်လိုက်တော့ နှစ်ဦးစလုံးဆိုတာ ကောင်းပါတယ်။
ဒါပေမယ့် သေချာ နားထောင်ကြည့်တဲ့အခါမှာ ကျွန်တော်ကတော့ ကိုမျိုးကျော့မြိုင်ရဲ့သီဆိုမှုကို ပိုသဘောကျမိပါတယ် သူရဲ့သီဆိုဟန်ကပိုပြီး ရင်ထဲက ခံစားချက်ကို ပေါ်လွင်ပြီး အသံအနိမ့်အမြင့် အတက်အကျလေး အရမ်းကောင်းပါတယ် …ရင်ထဲက တကယ့်ခံစားချက်လေးလားလို့ တောင်ထင်မိတဲ့ အထိပါပဲ…….အားလုံးနားထောင်ပြီး ကျွန်တော်နဲ့ အကြိုက်တူ မတူ ခံစားနားဆင် ကြည့်လိုက်စို့နော်………..
သီချင်းစာသားလေး ကတော့…….
ဘယ်အချိန်ခါမဆို….ထာဝစဉ်အပြုံးရွှင်…နေတတ်တဲ့ ကိုယ့်ချစ်သူ…
တခါါတခါ သူ.....စိတ်တိုင်းမကျတောင် အစဉ်..အားပေးတတ်တဲ့သူ…
ကိုယ်ပျော်ရင်…သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…....
တခါတလေများ…………အပြင်..... ပြဿနာတွေ...ယူလာမိ...သူစိတ်မချမ်းသာအောင် .....
ပြန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …. …......
အနိုင်ယူတတ်တဲ့.....ကိုယ့် တစ်ယောက်ကိုကွယ်…..ခွင့်လွှတ်ရင်း ..အမြဲဂရုစိုက်တတ်တဲ့....ကိုယ့်ချစ်သူ…..
ဘယ်အချိန်ခါမဆို……ကိုယ့်အနားမှာ အစဉ်ရှိ တဲ့ ကိုယ့်ချစ်သူ..... ကြာလာလေလေ..... ပိုချစ်လာလေ
တကယ်ပြည့်ဝလွန်းတဲ့သူရယ်……..သူပျော်ဖို့……ရှေ့တန်းတင်မယ်...ဒီသီချင်းလေး နဲ့ ကိုယ်တောင်းပန်မယ်…
သူနေချင်တဲ့ဘ၀မျိုးမှာ…..အတူနေနိုင်ဖို့ ကိုယ်လေ ..ကြိုးစားမယ်……..
ဒီသီချင်းလေး….သူ့အတွက်ဆိုမယ် …ကြင်နာတတ်တဲ့သူ့အကြောင်းတွေ........
ပြန်လည်တွေးတိုင်းသနားလို့လာတယ် …..ဘယ်သူနဲ့မှ မတူဘူး……
အနိုင်ယူမိတဲ့ ကိုယ့်တယောက်ကိုကွယ်….. ………..ခွင့်လွှတ်ရင်း…… အမြဲဂရုစိုက်တတ်တဲ့…… ကိုယ့်ချစ်သူ
ဘယ်အချိန်ခါမဆို…… ထာဝစဉ်ပြုံးရွှင် နေ တတ်တဲ့ကိုယ့်ချစ်သူ
တခါတခါ သူစိတ်တိုင်းမကျတောင် အစဉ် အားပေးတတ်တဲ့ .....သူ……….
ကိုယ်ပျော်ရင်သူလည်းပျော်တယ်…ကိုယ်ငိုရင် သူလည်းငိုမယ်…
တခါတလေများ အပြင် ပြဿနာတွေ ယူလာမိ……… သူစိတ်မချမ်းသာအောင်
ပြန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူ ဘူး........ ၀ူး …
အနိုင်ယူတတ်တဲ့ ကိုယ်တစ်ယောက်ကိုကွယ်…..ကြင်နာတတ်တဲ့သူအကြောင်းလေး...ရေး
ဒီသီချင်းလေး......မင်းအတွက်ဆိုမယ်.....ခွင့်လွှတ်ရင်း အမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ..
ပြန်လည်တွေးတိုင်း…သနားလို့လာတယ်…ဘယ်သူနဲ့မှမတူဘူး …...
အနိုင်ယူမိတဲ့ …ကိုယ်တယောက်ကိုကွယ် …..ကြင်နာတတ်တဲ့သူ့အကြောင်းလေး......
ဒီ သီချင်းလေးကတော့ မျိုးကျော့မြိုင်သီဆိုထားတာပါ။
Myo Kyawt Myaung 's Chit Thu
ဒါကတော့  Lလွန်းဝါ သီဆိုထားတာဖြစ်ပါတယ်။
L Lon War's Chit Thu
Posted by အိမ်ဝေးသူ at Saturday, January 05, 2008 3 comments
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me

- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)