ကျွန်တော့် ခံနိုင်ရည် ကို .
ဘယ် အချိန်ထိ ..
စမ်းသပ် နိုင်မှာလဲ .....
အပြုံးရိုင်း မုန်တိုင်းဆင် ...
ခြေထောက် အညစ်တွေနဲ့
ဖြတ်သန်း သွားလိုက်ကြတာ ..
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ..
မဲညစ် ပေရေလို့ .....
မြို့ပြရဲ့ အတ္တဆန်မှုက
ငွေကြေးဆန်မှု ထက်
အရောင်လက်တယ် .....
သက်လုံကောင်းကောင်း
ဆန်ခဲ့ကြ
သေတဲ့ငါး
စုန်သွားလေရဲ့ ..... ***
ခုတော့
ကျေးလက် က အမေ့ရင်ခွင်ဆီ
ကျွန်တော်လည်း စုန်ဆင်းသွားလေရဲ့ ….။
*** အပိုဒ်က ကျွန်တော်မြို့သူငယ်ချင်းရဲ့ ကဗျာ အပိုဒ်လေးပါ။
April တုန်းက အမေရင်ခွင်ဆီ ပြန်တုန်း ကျန်ခဲ့တဲ့ သူငယ်ချင်းကူရေးတဲ့ ကဗျာလေးပါ ... သူ့အတွက်အမှတ်တရပါ။
ဆက်ဖတ်ရန်...
မူလသို့...
နှင်းဖြူနုတွေ လွှမ်းခြုံတဲ့
ငါ့ …. ယုံကြည်ရာ တိမ်တိုက်
နင့် လွင့်မျှောရာ ပြာလဲ့ကောင်းကင်
နေညိုချိန် တွေ မကုန်စေချင်ခဲ့ဘူး
မှိန်ဖျော့ရာသီ ညနေရီအောက်
ငါ မပိုင်တဲ့ နင့်ဆီက
ကျန်ခဲ့ခြင်း ကို ကြိုတွေးပေမယ့်
နင့်ခြေသံတွေ တိတ်ဆိတ်လွန်းတယ်
တည်မှီရာ စိတ်အလွမ်း
လေနုအေး အဝှေ့မှာတောင်
တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း
နင် ထွက်သွားရာ အပြန်လမ်းဆီက
ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး
နင့် ခြေရာ အကြွင်းတွေ ပေကျံနေတဲ့
ဗလာ မဟုတ်တဲ့ ရင်ထဲက
မျက်ရည်စ တစ်ချို့တစ်ဝက်ကို
နင် သတိမှ ရ မိ ရဲ့ လား
ခုတော့
ငါ မပါတဲ့ လွမ်းတတ်ရာတိမ်တိုက်
နင် ပျံသန်းရာကောင်းကင်
အနောက်တောင်ဆီက မိုးတော့
မညို့လောက်ဘူးထင်ရဲ့ ။ ….။
ဆက်ဖတ်ရန်...
မူလသို့...
ကျွန်တော့်ရဲ့မွေးနေ့ မှာ ကျွန်တော်သူငယ်ချင်းများအတွက် ထူးအိမ်သင်…ရဲ့ မေမေချစ်တဲ့သားကြီး ဆိုတဲ့သီချင်းလေးကို အမှတ်တရလက်ဆောင် ပေးချင်ပါတယ်။
ဒီသီချင်းလေးကို အားလုံး နှစ်သက်ကြမှာ ပါ…………………….။
ကျွန်တော့်မေမေကို ကျေးဇူုးမဆပ်နိုင်သေးခင် ….အမှတ်တရ အနေနဲ့ လူ့လောကအလည်ကို ပို့ဆောင်ပေးခဲ့တဲ့ မေမေကို ဒီသီချင်းလေးနဲ့ မွေးနေ့မှာ…….ကန်တော့လိုက်ပါတယ်…………..။
မေမေချစ်တဲ့သားကြီး
ဆို...ထူးအိမ်သင်
မေမေ.....ရွှေရောင်နှလုံးသား………ချစ်ခြင်းမေတ္တာစုစည်းကာ…..
စီးဆင်းမြဲ ….အဆိုးအကောင်းလား….သားတို့အပေါ်မရွေးဘူး…..
မလိုချင်နေ….မယူချင်နေ…..မိုးများလို ..ရွာသွန်းမြဲ……
အို…………အားလုံးချစ်တဲ့ ကြည်အေးတဲ့အချစ်….ဝေ ....စီးခဲ့လေတယ်…။
(မေမေချစ်တဲ့သားကြီး…….အဝေးဆီရောက်နေပြီ
အချစ်များနဲ့  ရည်စူးတဲ့စိတ်…..အမြဲတမ်း ဦးညွှတ်ပြီး…..
အို…….မေမေစိတ်ချမ်းသာကြောင်း….ရင်မှာတောင်းဆုချွေသောအချစ်….
မေမေချစ်တဲ့..သားကြီး…
သီချင်း ( တွေ ) ဖွဲ့လေပြီ………။)**
အို.မွေးအမေ….ဒီသီချင်းလေး…..အချစ်ဆုံးပန်းကိုပန်ခဲ့ပြီး
ပြုမိသော….သားတို့အဆိုး….ခွင့်လွတ်ပါမေမေ…
မပြေနိုင်သော….ဆပ်မကုန်နိုင်သော….မေမေ့ကျေးဇူးပြန်တွေးပြီး…
ခရီးကြမ်းထက်…လမ်းလျှောက်ရင်း….ကျွန်တော်ဆပ်ခဲ့ပါမယ်……….
( ...)**
အိုး …..ဟိုး ………ဟို……….ချစ်တဲ့အမေ့သားကြီး
သီချင်းတွေ ဖွဲ့လေသည်။
မေမေချစ်တဲ့ သားကြီး သီချင်းလေးကို ဒီမှာ...နားဆင်နိုင်ပါတယ်။
ဆက်ဖတ်ရန်...
မူလသို့...
သွေ့လျော်ခြောက်ခမ်း
ဘ၀နွမ်းထဲ
ချစ်သူ မခေါ်
တစ်ကိုယ်တည်းပြုံး ပျော်ကြည်နူး
ဘယ်သူပြောမည်နည်း …။
နွမ်းလျမောပန်း
ဘ၀နွမ်းထဲ
ချစ်သူမခေါ်
တစ်ကိုယ်တည်းဆွေး လွမ်းရိပ်ဝေလဲ
ဘယ်သူပြောမည်နည်း။
ဝေးကွာနေလည်း
ကိုယ့်စိတ်ထဲမှာ….
မတွေ့ရလည်း
မြင်ယောင်စဲပါ…
မဆုံနိုင်လည်း
တမ်းတစဲပါ…..
ထပ်တူခံစား
အိပ်မက်များတွင်
မျက်ရည်လွှမ်းသည်
ငိုချင်းရှည်သောနေ့ရက်များ။
ဆက်ဖတ်ရန်...
မူလသို့...
လူထုဒေါ်အမာ
လူထုဒေါ်အမာ (အသက်-၉၂ နှစ် )သည် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ယနေ့ နံနက် (၈း၃၀)၌ ကွယ်လွန်ကြောင်း သိရှိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲ ရပါတယ်။
သတင်းကြားကြားချင်း
``အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်တယ်´´
ဆိုတဲ့ အမေရဲ့ ပြောစကားလေးတခွန်းကို ကြားယောင်မိရင်း………………။
July Dream....
Ludu Daw Amar's Birthday.
ဆက်ဖတ်ရန်...
မူလသို့...
တစ်နေ့ ခွဲရမယ်လို့
ဘယ်သူတွေးလဲ ..
နေညိုချိန် အလွမ်းလု ညနေတွေက
တမ်းတ ခြင်းကို အရောင်တင်
အိပ်တန်းပြန်ငှက်တွေ ကို
အဖော်ပြု ..
~~~~
ငိုမျက်ရည်စ တွေ ကို
သူ … မမြင်စေလို ..
မခမ်းနားတဲ့ ရင်
ဟာတာတာ ဗလာခန်းကို
အကြွင်းပြာစတွေ နဲ့..
တိုးတိတ်ရှိုက်သံ ကို ..
အညင်သာဆုံး လျှို့ဝှက် ..
ငိုချင်း ကို ဘယ်သူမြင်ရက်လဲ…။
ဆက်ဖတ်ရန်...
မူလသို့...

အပိုင်း( ၂ )
ထက်ကောင်းကင် ကြယ်တာရာများသို့ တက်စွမ်းနိုင်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ် ရာဇ၀င်ကို ဖန်တည်းနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ် လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထ၀ီဝင် ပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်သစ်ကို ရှာဖွေ စူးစမ်းနိုင်စွမ်း ရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။
ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလဒေသပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည်။ ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ကြီးသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှပိုမိုဆန်းကြယ် အပြောကျယ်လာသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ်ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏တန်ဖိုးကို ဒင်ပြည့်မသုံးနိုင်ပေ။
ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေးမူ
တိုင်းပြည် အခြေအနေပြဿနာ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊
ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလွဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောံ၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလွဲရမည်သာတည်း။
ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူခြင်မှတူပေမည်၊အမှန်ကား လုတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလွဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောံမညီဟု ထင်မှတ် မှားလေသည်။သမာဓိ မတည်ခြင်းမှာ ကိုယ့်ကျင့်တရား၏ ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း။ ဥာဏ်အမြင်၏ ပြောင်းလွဲမှုကြောင့်၊ ၀ါဒပြောင်းလွဲမှုမှာ သမာဓိမတည်ခြင်းမဟုတ်ပေ။ တနည်းတိုးတက်ခြင်းပေတည်း၊ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရကြသူ ရှားပေသည်။
သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး အကျိုးအပြစ် အဖြစ်အပျက် သနစ်စုံကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်းမနဲ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူခြီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း ရှိခြင်းကို ဆိုပေသည်။
ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့် အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမညပြောစမှတ် ပြုကြလေသည်။ အမှန်စစ်စစ်ကား ထိုဘမ်းပြတည်ငြိမ်မှု နော့တွင် မည်မျှအတွင်း ဖေါက်လွှဲ ဖေါက်ပြန်မှုများ၊ များပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ၊
ကျွန်တော်သည် အိနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူတယောံဟု အသိအမှတ်ပြုခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန်သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော် သမာဓိရှိ၏လော၊ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေသနည်း၊ ကျွန်တော်သာလျှင် အသိဆံုးဖြစ်ပေသည်။
ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဘတ်ရင်း ဘတ်ရင်း တွေ့မြင်ရပေလိမ့်မည်။ ထို လှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယ္ခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ဆိုင်ပြီလော၊ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လုတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး၊
လူတယောံ၏ ဥာဏ်အမြင် လှုပ်ရှားပြောင်းလဲမှု၊ ၀ါဒပြောင်းလွဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ဥပမာ အားဖြင့် လွန်ခဲ့သောနှစ်များက ဦးအာဒီစ္စ ဆိုသော ကိုယ်တော်အား သူ၏ စာအုပ်တအုပ် ရေးသားမှုအချို့ကြောင့် ၀ိုင်းပယ်ကြ၏ ။ သပိတ်မှောံကြ၏၊ အမှန်ကား သူ၏ ပြောင်းလွဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်းအမှားမရှိသူမရှိ၊ အမှားသိမှ အမှန်မြင်လေသည်။
အမှားတခါ လုပ်မိလျှင် အမှား လုပ်မိသောအခါ မှန်လာလိမ့်မည်။ သို့သော်လည်း မှားပင်မှားစေ မိမိဥာဏ်အမြင်အလျောံ ပြောင်းလွဲမှုမှာ ရှိအပ်သည်သာတည်း။ လှေနံဒါးထစ် ဆိုသော အလုပ်အပြော အတွေးတို့မှာ ပညာ၏ အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။ မြတ်စွာဘုရားသ္ခင်သည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကျော်ခါ ရှာဖွေတွေ့ရှိခဲ့လေသည်။
ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓတ္တမင်းသားသည် မိမိဥာဏ်အမြင်အရ
အနုမာန ရမ်းဆ၍ ပြောင်းလွဲမှု ရှိလာလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသော မောင်းမမိဿခြွေရံ ပရိသတ် တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်း လျှော်တေသင်္ကန်းဝတ် ဘ၀မျိုးသို့ ပြောင်းလွဲမှုသည် သာမန်မျက်စိအားဖြင့် ကြည့်လျှင် ရူးသည် မိုက်သည် ဟု ဆိုရပေမည်။ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောက၀ါဒအား ဤသို့ ပြောင်းလွှဲခဲ့လေသည်။
ပြီးပါပြီ။
ဗိုလ်ချုပ်ရေးသားသော ``ကျောင်းသားဘ၀´´ဆောင်းပါးကို ဖတ်ရင်း ဗိုလ်ချုပ်ကို ကြည်ညိုစိတ်များသည် တဖွားဖွားပေါ်ပေါက်မြဲပင်……. ``သူလိုလူ´´ ကား နောက်တစ်ယောက် မရှိနိုင် ဟု ခံစားမိပါသည်။
ဆက်ဖတ်ရန်...
မူလသို့...