နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …
သက္ကရာဇ်တွေ တစ်ခုပြီး တစ်ခု စားသုံးရင်း ပြက္ခဒိန်ကြီးကတော့ ခရီးဆက်ဆဲပေါ့ …
ခုလည်း ကျွန်တော်တို့ ဆီလာရောက်ခြင်း မဟုတ်သော ........
ကျွန်တော်တို့ကသာ ၀င်ရောက်သော.......သက္ကရာဇ်တစ်ခုတိုးတဲ့ ၂၀၀၈ ကို ကြိုဆိုကြရတော့မယ် …
ကျွန်တော်တို့သည် တစ်မိုးသောက်တာနဲ့ မျှော်လင့်ချက် အသစ်တွေ မွေးဖွားတာပဲလေ …
အခုတစ်ခါတော့ သက္ကရာဇ်တစ်ခုတိုးတော့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားပေါ့ …
၂၀၀၈ကတော့ အားလုံးကို အပြန်အလှန်ကြိုဆိုနေပြီလေ … သူ့ဆီဝင်ရောက်သွားရင်
သူကတော့ ကျွန်တော်တို့ကို ဘာတွေပေးမလဲ … မျှော်လင့်ချက် တနင့်တပိုးနဲ့ …
အခုလောလောဆယ်တော့ သူ့ကိုကြိုဆိုမယ်ဆိုတဲ့ ကျွန်တော်တို့ရင်ထဲကို
အပျော်တွေကို အရင်ထဲ့ပေးလိုက်တယ် … အားလုံးကြိုဆိုကြမယ် မဟုတ်လား …
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး တူတူပေါ့နော် … ။
"Happy New Year 2008"
အများစုက နှစ်သစ်ကိုကြိုဆိုဖို့ဘဲ ပြင်ဆင်နေကြတယ် … ကျွန်တော်တို့ကို
တစ်နှစ်တာလုံး လက်တွဲခေါ်ခဲ့တဲ့ … အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေ တူတူ
ကျော်လွှားခဲ့တဲ့ နှစ်ဟောင်းလေးကိုရော အကောင်းဆုံး နှုတ်မဆက်သင့်ဘူးလား …။
အသစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြသလို နှစ်ဟောင်းကို အကောင်းဆုံး
နှုတ်ဆက်ကြရအောင်နော် …
"Thanks a lot & Good Bye 2007"
သူငယ်ချင်းတို့ရေ …
၂၀၀၈ ကိုတော့ ရင်ခုန်နှုန်းမြန်မြန်နဲ့ ကြိုဆိုပြီးရင်တော့ … သူ့ရဲ့
အသီးအပွင့်တွေကို ကျွန်တော်တို့ ဘယ်လိုပျိုးထောင် စားသုံးကြမလဲ …
ကျွန်တော်တို့ ၂၀၀၈ ဆီမှာ ဘာတွေတောင်းဆိုကြမလဲ … သူ့ကိုလဲ ကျွန်တော်တို့
ဘာတွေပြန်ပေးကြမလဲ ….
ရင်ခုန်ရင်း .. မျှော်လင့်ရင်း .. ကြည်နူးရင်း …. သက္ကရာဇ် တစ်ခု
မွေးဖွားသန့်စင်ခြင်းဆီမှသည် …
ကိုရန်အောင်ရေ ကျေနပ်တော့နော် ..
နှုတ်မဆက်ရက်ပေမဲ့ ချန်ထားခဲ့ရပြီ ၂၀၀၇ …..ကမ်းလင့်ကြိုပါအုံး 2008
Posted by အိမ်ဝေးသူ at Sunday, December 30, 2007 3 comments
သင့်ဘ၀ကိုပြောင်းလဲပစ်နိုင်သော.....
1. ဆိုးဝါးတဲ့ အချိန်တွေ ကုန်ဆုံးသွားတော့ မှာပါ။ အရာရာဟာ ပြောင်းလဲနေတယ်။
ကျွန်တော် ဟာ အခက်အခဲ တွေ ရင်ဆိုင်ရတဲ့အခါ စိတ်ဓါတ်ကျပြီး အားလုံးကို အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။ အဲဒီအချိန်တွေမှာ အနားမှာ အားပေးမဲ့ မိတ်ဆွေကောင်း တယောက်လောက်တော့ လိုအပ်တာအမှန်ပါ ။မိတ်ဆွေများရဲ့ ဖေးမမှုနဲ့ ဆိုးဝါးတဲ့အချိန်တွေကို ကျော်ဖြတ်ပြီး အရာရာကို ပြောင်းလဲပစ်လိုက်ချင်ပါတယ်။သင်တို့ရော ကျွန်တော်လို ယူဆပါသလား…………………………………
2. NO ဆိုတဲ့ အဖြေ ကို လက်မခံပါနဲ့။ ဇွဲရှိခြင်းက ရလဒ်ကောင်းမှာပါ။
ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကြိုးစားရင်ဆိုင် တဲ့အခါ မှာ ငြင်းပယ် တဲ့ စကားတွေကို
ရှောင်ရှားရင်း ဇွဲနဲ့လုပ်ကိုင်ရင်း ရလဒ်ကောင်းများကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်။ သင်တို့ရော NO ဆိုတဲ့
စကားလုံး ကို ပြောလေ့ရှိပါသလား…………………..
ကျွန်တော် ဟာ အပြူံးများနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ မိတ်ဆွေအပေါင်းအသင်းများကြား ၌ တောက်ပသော အပြုံးများ အမှန်တကယ် လိုအပ်ပါတယ်။ သင်တို့ရော အပြုံးတွေနဲ့ တောက်ပနေပါရဲ့လား……
ကျွန်တော်တို့အားလုံး ဟာ အနာဂတ်အတွက် အိပ်မက် များစွာ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ မိမိကိုယ့်ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။သင်တို့ရော မိမိ အိပ်မက် အပေါ်
ယုံကြည်မှုရှိပါသလား…………………
ဘ၀က လေပြည်လေညင်းလေး ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် တဦိးနှင့်တဦး ပြောဆိုဆက်ဆံရာတွင် ခက်ထန်ကြမ်းတမ်းမှုများ ကို မကြာခဏ ကြားရလေ့ ရှိပါတယ်။ အမှန်တကယ် တော့ တခြားသူ နားဝင်ချိုစေ မဲ့ စကားလုံးတွေ ကိုသာ
သုံးနှုန်းခဲ့မယ် ဆိုရင်ဖြင့် သင့်စကားလုံးများသည် ဘ၀အတွက် လေပြေလေညင်းလေး ဖြစ်လာမယ် ဆိုတာ
သေချာပါတယ်။ သင်တို့ရော သာယာသော စကားလုံးများ ဖြင့် လောကကို အလှဆင်ပါရဲ့လား…….
လူတယောက်ရဲ့ မှားယွင်းမှုများကို ထုပ်ဖော်ဝေဖန် မဲ့ အစား သူရဲ ချို့ယွင်းချက်များကို ခွင့်လွတ်ခြင်းဖြင့်
7. ချီးကျူးခြင်းကို လက်ခံလိုက်ပါ။ အပြုံးလေးတစ်ချက်နဲ့ ကျေးဇူးတင်ပါတယ်
ဆိုတဲ့ စကားလေးတစ်လုံးကိုပြောလိုက်ပါ။
ကျွန်တော်တို့ အားလုံး ဟာ ချီးကျူးစကားများ နဲ့ ရင်းနှီးသူများသာ ဖြစ်ပါတယ် ။ မိမိ ကို ချီးကျူးမှုများ ကို
တုန့်ပြန် အပြုံးလေးဖြင့် ကျေးဇူတင်ပါတယ်ဟု ပြန်လည်ပြောဆိုခြင်းဖြင့် နှစ်ဦး စလုံးအတွက် တကယ့်
နွေးထွေးတဲ့ ဆက်ဆံမှု ကိုဖြစ်ပေါ်စေပါတယ်။ သင်တို့ရော အပြုံးလေးဖြင့် တုန့်ပြန်ဖူးပါသလား……………..
ကျွန်တော်တို့ဟာ အဆိုးဝါးဆုံးများကို ရင်ဆိုင်ရင်း အကောင်းဆုံးများကို မျော်လင့်မိတာ သဘာဝပါ။
ဒါမှလည်း မျော်လင့်ချက်တွေနဲ့ ရှင်သန်ရင်း နေ့ရက်များကို ကျော်ဖြတ်ဖို့ ခွန်အားသစ်များရရှိလာခဲ့ပါတယ်။
သင်တို့ရော အကောင်းဆုံ့းတွေကိုမျှော်လင့်ထားပါသလား…………….
ခင်စောတင့် ရဲ့သင့်ဘ၀ ကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းကောင်း များ စာအုပ်ထဲမှ အချက်များကို ဖြန့်ကျက် တွေးတောချက်များဖြစ်ပါတယ်။
Posted by အိမ်ဝေးသူ at Saturday, December 29, 2007 0 comments
နှုတ်ဆက်တော့မယ့်....2007
ဘယ်သူပြောလဲ ..
ကျွန်တော် မငိုတတ်ဘူးလို့ ……..
ငေးမိသည်က
မဟူရာလမ်းတစ်လျှောက် နဲ့
ပနံသင့်လှတဲ့
ငုဝါ ပင်တန်းတွေ
မြင်ကွင်းတစ်ဆုံး ……….
တစ်ချို့က ဖူးသစ်စ ၀င့်ဝင့်ကြွား
တစ်ချို့က ပွင့်ဆင်တုန်း စိမ်းစိမ်းလန်း
တစ်ချို့က လေနုခြွေ ၀ဲဝဲလွင့်
တစ်ချို့က မြေခလျက် ၀ါကြင်ကြင်
တစ်ချို့က ……………
ဒါပေမယ့် ..
ခုတော့ ..
အလွမ်းသင့် ဆည်းဆာညိုက
ရွက်ဝါတွေ့ရဲ့ မျက်ရည်ပလ္လင်မှာ
သူ့ နောက်ဆုံးအလှနဲ့ အစွမ်းကုန်တောက်ပနေလေရဲ့
ကျေးဇူးပြုပြီး
ရွက်ကြွေပေါ် နင်းမလျှောက်ပါနဲ့
ဆည်းဆာလည်း မရုတ်သိမ်းပါနဲ့အုံး
အခွင့်ရှိသလောက်
ကျွန်တော့် ကို ငေးကြည့်ခွင့်ပေးပါ ..
ဘယ်သူပြောလဲ
ကျွန်တော် မငိုတတ်ဘူးလို့ …….
: ကဗျာ
Posted by အိမ်ဝေးသူ at Wednesday, December 26, 2007 2 comments
သတိရခြင်းတွေ ရှင်သန်ဖို့
ကျွန်တော်တို့သည် နေ့စဉ်ဘ၀တွေကို ဘ၀အမောတွေကြား ပင်ပန်းကြီးစွာ ဖြတ်သန်းနေရတယ်။ ဒီလိုဖြတ်သန်းမှုတွေမှာကျွန်တော်တို့ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက ထပ်တူကျနိုင်သလို ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နေတယ်။
ဒီအဖြစ်အပျက်တွေကို ဦးနှောက်ဥာဏ်နဲ့ မှတ်တမ်းတင်သလို … စိတ်ခံစားမှုနဲ့လည်း မှတ်ကြပါတယ် .. လူတွေ ပြောလေ့ရှိတာက သတိရတယ် လွမ်းတယ် စသဖြင့်ပေါ့… သတိရခြင်းဟာ စိတ်နဲ့ သတိရပေမယ့် သတိရခြင်း ဘယ်အချိန်မှ ဖြစ်ပေါ်သလဲနှင့် ဘယ်အချိန်လောက်ထိ သတိရကြပါသလဲ ....
သတိရခြင်းနဲ့ အမှတ်တရ ဆိုပြီး မေးလ်များ၊လက်ရေးစာ များ အမှတ်တရ ပစ္စည်းလေးများ ပေးပို့ကြပါတယ်။ သင်တို့ရော သတိရခြင်း ဆိုတာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ။ စိတ် က အရေးကြီးတယ်ဆိုတာ ပြောသံတွေ အမြဲကြားနေရပါသည်။ အဲဒီ စိတ်တွေ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ ။စိတ်၌အလိုလိုပေါ်ပေါက်နိုင်သလို ရုပ်ဝတ္တုကြောင့်လည်းသတိရနိုင်သည်လေ …
ကျွန်တော်တို့ ဖြတ်သန်းလာသော သူငယ်ချင်းများအားလုံးကို သတိရပါသလား။အုပ်စုလိုက် ရိုက်ခဲ့သောပုံ များကိုကြည့်ပြီး သတိရခြင်းတွေ ဖြစ်ပေါ်ပါသလား။ စိတ်ကူးသက်သက် နဲ့
ကျွန်တော် တို့ ချစ်သူများအတွက် .. ဖေဖေ မေမေ ညီ ညီမလေးများ အတွက်သတိရခြင်းတွေ ဘယ်လို မွေးဖွားကြပါသလဲ…..ကျွန်တော့်အမြင်အရတော့ စိတ်ကအဓိကဟု ဆိုပေမယ့်လဲ
ထို့ကြောင့် မိဘမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေများကို မွေးနေ့ ၊ခရစ်စမတ် ၊နှစ်သစ်ကူးအထိမ်းအမှတ် ကဒ်ကလေးတစ်ခုလောက် သင်ပို့ဖြစ်ရဲ့လား… ထိုအတူ သင်ရော လက်ခံရရှိဘူးပါသလား ၊လက်ခံရရှိချိန်တွေ ခံစားရသော ခံစားချက် ၊၀မ်းမြောက်မှုသည် ရုပ်ဝတ္တုကို အခြေခံ၍ ပေါ်ပေါက်လာသော ခံစားချက်များ မဟုတ်ပါလား………
နေ့စဉ်ဖြစ်ပျက်မှုများမှာ ရုန်းကန်လှုပ်ရှားရင်း သတိရခြင်းများဖြင့် စိတ်ခံစားမှုများ ရှင်သန်စေရန် အတွက် ရုပ်ဝတ္တုအကူအညီ ပံ့ပိုးမှု လိုအပ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေနှင့် သတိတရရှိကြောင်း ဖြော်ပသည့် အမှတ်တရပစ္စည်းလေးများ ပေးပို့ခြင်းဖြင့် မိတ်ဆွေသင်္ဂဟများအကြား နွေးထွေးသော စိတ်ခံစားမှုများ နှင့် ပျော်ရွှင်မှုကို တည်ဆောက်ပေးရင်း ချစ်ခင်ရင်းနှီးစွာ ခရီးဆက်ကြပါစို့လားနော်…………
Posted by အိမ်ဝေးသူ at Tuesday, December 25, 2007 0 comments
ညဒဏ္ဍာရီ
လင်းဝါရိပ်တွင် အရိပ်ထင်မြဲ
ကျွန့်စိတ်ကူးထဲဝယ် …
ည မှောင်တွေပျောက် တစ်မိုးသောက်လည်း
လွမ်းမြဲလွမ်းစေ တမ်းတဝေဆဲ
ကျွန့်စိတ်ကူးထဲဝယ် …
ကြယ်ဖြူလင်းပြူ နှင်းမှုန်ဝေသော
လရိပ်ဝါ၀ါ လမ်းခင်းသာတွင်
ချစ်သူ့လက်ဆွဲ မခွဲတွဲလျှောက်
ကြည်နူးမဆုံး ပျော်မဆုံးတည့်
ကျွန့်စိတ်ကူးထဲဝယ် …
( လသာသာ နှင်းထူထူ ညနက်နက် ကားပျက်ည သို့ )
: ကဗျာ
Posted by အိမ်ဝေးသူ at Friday, December 21, 2007 2 comments
မေတ္တာတရား
ကျွန်တော်တို့သည် နေ့စဉ် နိစ္စဓူဝ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြသည် ။ မိမိ ကိုယ်တိုင် ဆောင်ရွက်သလို အခြားသူများ၏ အကူအညီ ဖြင့်လည်း လုပ်ဆောင်ကြသည်။ အခြားသော သူများကိုလည်း ကူညီပေးနေကြသည်။ ထိုသူများတွင် ကျွန်တော်တို့ သိကျွမ်းသူများပါဝင်သလို လုံးဝ မသိကျွမ်းသူများလည်းပါဝင်ကြသည်။
ကူညီမှုကို လုပ်ကိုင် ဆောင်ရွက်ရာတွင် မျှော်လင့်ချက် (ရယူလိုမှု) ဆိုသောအရောင်လေး စွန်းထင်း
နေနိုင်သလို သန့်စင်သော မေတ္တာတရားနှင့် ကူညီမှုလည်း ရှိနိုင်ပါသည် ။ ကူညီသင့်၍ ကူညီရသလို မိမိဆန္ဒအလျှောက် အကူအညီ ပေးလိုက်သည်လည်း ရှိ၏ ။ မိမိ ကူညီလိုက်မှုတွင် သန့်စင်သော မေတ္တာတရား ဘယ်လောက် ရာခိုင်နှုန်း ပါဝင်ပါသလဲ……… ။
ဥပမာ .. ကျွန်တော်တို့ ရှေ့တွင် စက်ဘီးလဲနေသူ တစ်ယောက်ကိုတွေ့ရင်ကူညီမည်လား ။
ထိုသူသည် သူစက်ဘီး မလဲခင် ကျွန်တော်တို့ကို ပြဿနာရှာသူ ဖြစ်ခဲ့ပါက ကူညီမည်လား ။
နောက်တစ်ခုက ..ကျွန်တော်တို့သည် သူတစ်ပါးကို အကူအညီ ပေးကြရာတွင် ၀တ်ကျေတန်းကျေ
ကူညီပေးသည်လား။ သူနှင့် ထိုက်တန်သလောက်ဟု ကိုယ့်စိတ်နဲ့ သတ်မှတ်၍ ကူညီသည်လား။
သို့မဟုတ် ကျွန်တော်တို့ ခွန်အား ရှိသလောက် ကူညီသည်လား။
ကျွန်တော်သည် လူတစ်ယောက်ကို မေးခွန်းတစ်ခု မေးဖူးပါသည်။ သူသည် လူတစ်ယောက်ကို အားလပ်၍ အချိန် တော်တော်များများ ကူညီခဲ့သည်။ အကြိမ်များများ ကူညီခဲ့သည်။
သူကူညီလိုက်သူထံမှ ပြန်လည် ကူညီမှုကို မျှော်လင့်ခဲ့ပါသလား။ တုန့်ပြန်မှုကို မရရှိခဲ့သော် ဘယ်လို ယူဆပါသလဲ ဟု မေးခဲ့ဖူးသည်။ သူ ၏ အဖြေကတော့ ပြန်လည် ကူညီမှုမရလျှင် သူ ရှုံးသည် တဲ့လေ။
( ကျွန်တော်တို့ ၏ ပြင်သင့်သော စိတ်ဓါတ်များ )
ကျွန်တော့် ပတ်ဝန်းကျင်တွင် ကြားဖူးသည် ။ သူ့အလှည့်တုန်းက လိုက်လုပ်ပေးရတယ် ..
ကျွန်တော် အလှည့်တော့ လိုက် လုပ်မပေးဘူး တဲ့ .. အဲဒီ အသံများ ကြားရချိန်တွင် စိတ်မကောင်းပါ ။
ကိုယ် ကူညီပေးချိန်တွင် ကိုယ်တိုင် အားလပ်၍ လိုလိုလားလား ကူညီပေးခဲ့သည် မဟုတ်ပါသလား ။
သြူပန်လည် အကူအညီတောင်းချိန်တွင် ကျွန်တော်တို့ ဖျားနာနေပါက ကူညီနိုင်မည်လား။
အဘယ်ကြောင့် တစ်ဘက်လူ၏ အဆင်မပြေမှုကို ထည့်မစဉ်းစားပါသလ။ဲ
သူ တစ်ကယ်ပဲ မအားတာလား .သူ့ရဲ့ စိတ်ဓါတ်ကြောင့်လား ဆိုသည့် အကြောင်းရင်းကို မဝေခွဲပဲ ဘာကြောင့်များ ကိုယ့် ကူညီပေးလိုက်မှုကို အရောင်စွန်းထင်းစေတာလဲ ဟု မေးစရာ ရှိလာပါသည်။.
နောက်တစ်ခုက … ကျွန်တော်တို့သည် အကူအညီတွေကို မျှော်လင့်ချက်မဲ့စွာပေးဖူးကြပါလိမ့်မည်။
ထိုအကူအညီ အပေါ် ပြစ်တင် ဝေဖန်မှုများကို ကြားရသည့်အခါ စိတ်ထဲတွင် နာကျင်စွာ ခံစားဖူးကြပါသည်။
ကျွန်တော့်ကို ဆရာတစ်ယောက်က ပြောဖူးသည်။ သူ့ကို လူတစ်ယောက်က အကူအညီတောင်းလျှင်
သူလုပ်ဆောင်ရမည့် အလုပ်များကို မလုပ်ပဲ အကူအညီတောင်းသည့် ကိစ္စကို သူကိုယ်တိုင် ကြီးကြပ်သည်။ သူ့ စိတ်တိုင်းကျ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးသည် တဲ့ ။
သူ့စိတ်တိုင်းကျ အပင်ပန်းခံ လုပ်ဆောင်ထားခဲ့သော အရာသည် အကူအညီ တောင်းသူ၏ စိတ်တိုင်းကျ မဖြစ်ရင်တောင် ကိုယ့်စိတ်ကျေနပ်မှုကို တော့ ပေးစွမ်းနိုင်သည် တဲ့။ လုပ်ဆောင်ခဲ့စဉ်က သူတောင် မကျေနပ်မှု (စိတ်တိုင်းမကျမှု) ရှိခဲ့လျှင် အကူအညီ တောင်းသူ ရင်ထဲတွင်ရော………. …………..
ကျွန်တော့် စိတ်ထဲတွင် ကျွန်တော့်ပတ်ဝန်းကျင်မှ လူများကို တတ်စွမ်းသလောက် ကူညီမည်။ ပြန်လည်တုန့်ပြန်မှုကို မျှော်လင့်မထားပဲ ကျွန်တော့်စိတ်တိုင်းကျပေါ့ ။ ဒါပေမယ့် တစ်ပြိုင်နက်တည်းနှင့် လူပေါင်းများစွာ၏ လိုအပ်ချက်များကိုတော့ မကူညီနိုင်သေးပါ။ သို့ဖြစ်၍ ကျွန်တော် မကူညီလိုက်နိုင်သူက ကျွန်တော့်ကို အမျိုးမျိုး ပြောဆိုပါကလဲ ကျွန်တော် တုန်လှုပ်မည် မဟုတ်ပါ ။
ကျွန်တော်သည် မည်သူ့ထံမှ အကူအညီကို မျှော်လင့်မထားပါ ။သို့သော် မေတ္တာတရား သည် ရောင်ပြန်ဟပ်လျှက် ရှိပါသည် ။ မေတ္တာရဲ့သဘောကိုက အလျားအနံမရှိပေမယ့် အသွားအပြန် ရှိသည် မဟုတ်ပါလား …………..
သင်တို့ရော မေတ္တာတရား ကို ဘယ်လို နားလည် လက်ခံ ထားကြပါသလဲ………..………
Posted by အိမ်ဝေးသူ at Thursday, December 20, 2007 3 comments
ကလေးတို့နှင့် အလုပ်လုပ်ခြင်း
- ဝေဖန်အပြစ်ရှာမှု နှင့် နေနေရသော ကလေးသည် ပြစ်တင်ရှုတ်ချတတ် လာပါသည်။
- ရိုင်းပြမှု နှုင့် နေနေရသောကလေးသည် တိုက်ခိုက်ရန်လုပ် တတ်လာပါသည်။
- ကြောက်ရွံမှု နှင့် နေနေရသောကလေးသည် စိုးရိမ်ပူပန်သောက ရောက်လာပါသည် ။
- သနားမှု နှင့် နေနေရသောကလေးသည် သူ့အတွက် သူဝမ်းနည်းမှု ခံစားပါလိမ့်မည်။
- မနာလိုမှု နှင့် နေနေရသော ကလေးသည် မနာလို သ၀န်တိုတတ်လာပါသည် ။
- ပြယ်ရယ်ပြုမှု နှင့် နေနေရသော ကလေးသည် ရှက်တတ်လာပါသည် ။
- ရှက်မှု နှင့် နေနေ ရသော ကလေးသည် အပြစ်ရှိသည်ဟု ခံစားလာရပါသည် ။
- အားပေးမှု နှင့် နေနေရသော ကလေးသည် ယုံကြည်စိတ်ချမှု ရှိလာပါသည် ။
- သည်းခံမှု နှင့် နေနေရသော ကလေးသည် သည်းခံစွမ်းရည် ရှိလာပါသည် ။
- ချီးမြှောက်မှု နှင့် နေနေရသော ကလေးသည် နားလည်တန်ဖိုး ထားတတ်လာပါသည် ။
- လက်ခံမှု နှင့် နေနေရသော ကလေးသည် ချစ်ခင် တတ်လာပါသည် ။
- နှစ်သက်ထောက်ခံမှု နှင့် နေနေရသော ကလေးသည် မိမိကိုယ်ကို နှစ်သက် သဘောကျလာပါသည်။
- အသိအမှတ်ပြုမှု နှင့် နေနေရသော ကလေးသည် ရည်မှန်းချက်ထားခြင်း ၏ ကောင်းကွက် ကို သိလာပါသည် ။
- မျှဝေ ခံစားမှု နှင့် နေနေရသော ကလေးသည် ရက်ရောပြီး စေတနာကောင်းလာပါသည်။
- ရိုးသားမှု ၊မျှတမှု နှင့် နေနေရသော ကလေးသည် အမှန်တရား နှင့် မျှတမှုကို နားလည်လာပါသည်။
- လုံခြုံမှု နှင့် နေရသော ကလေးသည် မိမိကိုယ်၌လည်းကောင်း၊ပတ်ဝန်းကျင် လူများအပေါ်တွင်လည်းကောင်း ယုံကြည်မှု ရှိလာပါသည် ။
- ချစ်ခင်ရင်းနှီးမှု နှင့် နေနေရသော ကလေးသည် လောကကြီးသည် နေဖို့ကောင်းသောနေရာဟု မြင်လာသည်။
- တည်ငြိမ်အေးချမ်းမှု နှင့် နေနေရသော ကလေးသည် စိတ်အေးအေးနေ တတ်လာပါသည် ။
ကျွန်တော် မအားလပ် တဲ့အချိန်တွေမှာ ဘလော့လေး ကို လာလည်သူများကို ခုတစ်ခါ ဝေငှချင်တာကတော့ ဆရာမောင်သစ်ဆင်း ရဲ့ ကလေးတို့၏ မနက်ဖြန် ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်။ ကျွန်တော် အချိန်ရတာနဲ့ ကိုယ်တိုင်ရေးများကို တင်ပါ့မယ်။ ခုလောလောဆယ်တော့ ဒီပို့စ်လေးနဲ့ပဲ ကျေနပ်ပါလို့နော်
Posted by အိမ်ဝေးသူ at Tuesday, December 18, 2007 3 comments
မြန်မာစံတော်ချိန်
အမှတ်တရ
သေးငယ်သောအရာများကို ကြီးမားတဲ့မေတ္တာနဲ့ လုပ်ပါ။
သင်ဘယ်လောက် လုပ်လဲ ဆိုတာထက် သင်လုပ်တဲ့အရာမှာ
မေတ္တာဘယ်လောက်ပါသလဲဆိုတာက ပိုပြီး အရေးကြီး ပါတယ်။
( မာသာထရီဇာ )
Do small things with great love. It’s not how much you do but how much love you put into what you are doing.
( Mother Teresa )
About Me
- အိမ်ဝေးသူ
- ပင်လယ်ရေမျက်နှာပြင်အထက် 476 ပေ မြင့်သော ဒေသ တစ်ခုမှ အစပြုခဲ့သော…………. ကျွန်တော်၏ အိမ်နှင့်ဝေးကွာမှုသည် 2000 ခုနှစ် မှစတင်ခဲ့ ပါသည်………………….
ရင်ထဲရှိတာလေးတွေ
Blood Donor Club
bloggers
အမြဲဖတ်နေကျ ဘလော့များ
ရေးခဲ့သမျှ
- ကျွန်တော် နှစ်သက်သောစာပေ (11)
- ကျွန်တော် နှစ်သက်သော ကလေးအတွေး (2)
- ကျွန်တော် နှစ်သက်သောကဗျာ (3)
- ကျွန်တော့် ခံစားမှု (6)
- ကျွန်တော်နှစ်သက်သောသီချင်း (2)
- ကဗျာ (23)
- အဆိုအမိန့် (1)
- အိမ်ဝေးသူ (2)
- အထွေထွေ (4)