ကြယ်စီ လ

တစ်ပွင့်တစ်ခက် ကြွေရက်စောစော
မလွင့်ကြွေနှင့် ကြယ်စင်ပွင့်တွေ

ရောင်ခြည်ကွယ်ပျောက် ညမှောင်ရောက်သော်
တစ်စ ထက်ထက် စီရီလက်သည်
ကောင်းကင်သခင် လဝန်းရှင်၏
ရံရွေတော်ပါး ကြယ်စင်များလေ

ပြိုးပြက်လင်းလက် အမှောင်ထက်ဝယ်
သာမောရှုဖွယ် တင့်တင့်တယ်နှင့်
မျက်တောင်ချမရ ဆွဲဆောင်လှ၏
အမြင်ဆန်းတင့် ကြယ်စင်ပွင့်တွေ

လင်းဝါဝါထိန်
စိန်စီကြယ်ခ လှလှညမှာ
တစ်ပွင့်တစ်ခက် ကြွေရက်စောစော
မလွင့်ကြွေနှင့် ကြယ်စင်ပွင့်တွေ .... ။ ။

(23-2-2000 ) တုန်းက ရေးထားတဲ့ ကဗျာလေးပါ ။

0 comments:

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။