လက်စွပ်

ဘယ်ဘက်ရင်အုံ

ဖိဖိနေရ

ဝေးကွာခြင်း လှိုက်စားသွားကတည်းက . . .

မီးခိုးငွေ့ကြားမှာ

ပြာကျသွားတဲ့ ငါ့ အိမ်မက်တွေ . . .

မမျှော်လင့်ချင် တော့ပါဘူး

မချစ်တတ်တော့ဘူး ဆိုရင်ပေါ့ . . . ။

ဆက်ဖတ်ရန်...

ငါကျောင်းကပြန်လာမိ တဲ့ တစ်နေ့အကြောင်းပဲဖြစ်တယ်

ကျောက်သင်ပုန်းကနေ ကွန်ပျူတာကိုဖတ်ဖို့

အဖေက

ငါ့ကို တစ်နယ်တစ်ကျေးမှာ စာသင်လွှတ်တယ်။

“ အဲဒီမှာ ခေတ်ကိုဝယ်ခဲ့

လိုသမျှငွေ

အဖေ့ပုခုံးပေါ်ကနေ ဖြုတ်ချပေးမယ်တဲ့”

ဘယ်မှာရနိုင်မလဲ

ခုလို

အဖေ့ပုဆိုးပြဲ ငါအထည်လဲ ၀တ်နေရတဲ့ တစ်နယ်တစ်ကျေး

ဒါတောင်

ငါက အထီးကျန်လွန်းသလေး နေပူလွန်းသလေးနဲ့

အားဖြစ်မလာမယ့် သံစဉ်ကို ရှာရှာတီးမိတယ်။

အဖေကတော့

နွေရုပ်ရှင်ထဲမှာ ကျောကုန်းတပြောင်ပြောင်နဲ့

ဇာတ်ပို့ သရုပ်ဆောင်ကြီး လုံးလုံးဖြစ်လို့

ဒီကြားထဲ

ငါပျင်းပျင်းနဲ့ ရေးဖြစ်လိုက်တဲ့ စာကလေးတစ်စောင်

အဖေ့မှာ ပေါက်နေသော အောင်ဘာလေမဲ

ဘယ်မှာရနိုင်မလဲ

ခုလို

ငါ့လက်မှာ ပေါက်ချင်နေတဲ့ ခူနာကို အာခံတွင်းထဲ ငုံထားမယ့် စမ်းရေမျိုး

ဒါတောင် ငါက

ဘယ်ပုခုံး ညာပုခုံး အဖေမောင်းတင်ထားရကြောင်း မလေ့လာမိဘူး။

အဖေ့မှာ သွေးတိုးမကင်းကြောင်း မသိဘူး။

အဖေ့စာထဲမှာလည်း မပါဘူး။

ကျောင်းပိတ်ရက် ငါအိမ်ပြန်တော့မှ

အဖေ့ခမျာ

သူအသက် နှစ်ပြန်အိုမင်းသွားကြောင်း တွေ့လိုက်ရတယ်။

အဲဒီမှာ

ငါ့ကို ရီရီဝေေ၀ ကြည့်နေတဲ့မျက်ဝန်း

မျက်ကွင်းလေးနှစ်ခုဟာ အတွင်းထဲ ချိုင့်ဝင်လို့ကွာ။

မှတ်ချက် ။ ။ သူငယ်ချင်း မောင်ပြည်အေး (ချောက္ကံ) ရဲ့ .. ကွန်ပျူတာကျောင်းသား ဘ၀ ကရေးခဲ့တဲ့ ကဗျာလေးပါ ... ... သူငယ်ချင်း Villager ရဲ့ Blog မှာလဲ တင်ထားပါတယ် ။ တစ်ဆောင်တည်း နေခဲ့တဲ့ ဘ၀တူ တွေ လေ . . . . . . .

ဆက်ဖတ်ရန်...

မိုးမိုး( အင်းလျား) အမှတ်တရ

Life is a challenge meet it,

Life is a gift accept it,

Life is adventure dare it,

Life is sorrow overcome it,

Life is tragedy face it.

ဘ၀ဟာ စိန်ခေါ်လာရင် တွေ့ဆုံလိုက်ပါ။

ဘ၀က လက်ဆောင်ပေးလာရင် လက်ခံလိုက်ပါ။

ဘ၀ဟာ စွန့်စားခန်းဆိုရင် သတ္တိ မွေးလိုက်ပေါ့။

ဘ၀ဟာ ၀မ်းနည်းဖွယ်ရာဆိုရင် ဖြတ်ကျော်လိုက်ပေါ့ ။

ဘ၀ဟာ ကြေကွဲဖွယ် အလွမ်းဇာတ်ဆိုရင် မျက်နှာချင်းဆိုင်လိုက် ။

မှတ်ချက် - မိုးမိုး (အင်းလျား) ရဲ့ ဧည့်ခန်းရှေ့ထောင်ထားတဲ့ ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာကြောင်းလေးတွေပါ ။

( စက်တင်ဘာ၊ သရဖူ - လွမ်းဖွယ် ဂျေပူ ၊ ခင်ဆွေဦး ဆောင်ပါး မှ )

ဆက်ဖတ်ရန်...

အဆိုအမိန့်

A friend is present you give yourself.

မိတ်ဆွေသူငယ်ချင်း ဆိုသည်မှာ သင့်ကိုယ်သင် ချီးမြှင့်သော လက်ဆောင်ဖြစ်သည်။

Do not save your loving speeches

For your friends till they are dead.

Do not write them on their tombstones,

Speak them rather now instead.

သင်၏ နှစ်သက်ဖွယ် စကားများကို

သူငယ်ချင်းများ ကွယ်လွန်ပြီးပါမှ ဖွင့်ဟမပြောပါနှင့်။

သူတို့ အုတ်ဂူကျောက်ပြားပေါ်လည်း ကမ္ဗည်းမထိုးနှင့်။

ခုအချိန်တွင် ဖွင့်ဟပြောချလိုက်ပါ။

A mother's love never ages.

( American Proverb)

အမေ့မေတ္တာ အိုသည်မရှိ။

He is the happiest, be he king or peasant, who find peace in his home.

ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ မိမိအိမ်တွင်း၌ ငြိမ်းချမ်းမှုရှိသောသူသည် အပျော်ဆုံးလူ ဖြစ်၏။

(မိုးမြင့်မောင်၏ ဒဿနပန်းခင်း မှ )

ဆက်ဖတ်ရန်...

ဒီရေ

တစ်ယောက်နှင့် တစ်ယောက်ကြည့်ချိန်
မြစ်က ချောင်းကို မျှားတယ်
လ, က ပင်လယ်ကို ညှို့တယ်

သူက ကျွန်တော်ကို ငြိမ်သက်စေပါတယ်

လျှံကျလာတဲ့ အမြုပ်တွေမှာ
သက်ပြင်းချသံ ရနံတွေ ဖူးလို့ ပွင့်လို့ . . . ။ ။

ဆက်ဖတ်ရန်...

အနည်ကျခြင်း

ပျိုးမကျဲတဲ့
အိပ်မက်တွေအတွက်
မျက်ရည်မရှိဘူး . . .
ဒါပေမယ့်
တာမကျိုးဘဲ
လယ်ကွက်တွေ ရေလျှံနေတာ
တစ်နွေကုန်ခဲ့ . . .။ ။

ဆက်ဖတ်ရန်...

ကျွန်တော် နှင့်သူမ ၊ သူမနှင့်သူ၏ကိုကို

ကျွန်တော်နှင့်သူမသည် Online ပေါ်တွင် တွေ့ဆုံခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်နေရာရာတွင် တွေ့ဆုံနိုင်ခဲ့ပါသည်။

ကျွန်တော် သည် သူမကို ကြည်နူးတမ်းတစွာ ရင်ခုန်ခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်နည်းနည်းနှင့် ရင်တုန်နိုင်ခဲ့ပါသည်။

ကျွန်တော် သည် သူမကို မြတ်နိုးမျှော်လင့်မှုနှင့် ချစ်ခဲ့ပါသည်။
သူမနှင့် သူ၏ကိုကိုသည် အကြောင်းတစ်ခုခုကြောင့် ချစ်ခဲ့ကြလိမ့်မည်။

ကျွန်တော် နှင့် သူမသည် မြဲမြံစွာ ခိုင်တွယ်လျှက် လျှောက်လှမ်းခဲ့ကြသည်။
သူမနှင့် သူ၏ကိုကိုသည် တစ်ခါတစ်ရံ လမ်းကွဲလျှက် လျှောက်ကြလိမ့်မည်။

ဒီလိုနဲ့ ............
တစ်နေ့နေ့မှာပေါ့ ...
ကျွန်တော်နှင့် သူမသည် ထာဝရ လက်တွဲ သွားနိုင်သလို ..
ရင်နှင့်စွာ ( ချစ်ခဲ့မိသမျှ) နှင့် လမ်းခွဲသွားနိုင်ပါသည်။
သူမနှင့် သူ၏ကိုကိုသည်လည်း ... .. . . .

( ကျွန်တော့် စိတ်ကူးထဲ၌ သူမ၏ကိုကိုသည် တစ်ခါတစ်ရံ တွင် ကျွန်တော်ဖြစ်နေတတ်ပါသည်။ )

ဆက်ဖတ်ရန်...

ဘယ်ဘက်ရင်အုံ
ဖိဖိနေရ
ဝေးကွာခြင်းတွေလှိုက်စားသွား ကတည်းက ..

နံနက်ခင်း ရဲ့
လျှံကျလာတဲ့ အမြုပ်တွေမှာ
သတိရခြင်းတွေ
ဖူးလို့ပွင့်လို ...

ဆက်ဖတ်ရန်...

ဝင်ကစွပ်

ကံကြမ္မာရယ်
အပန်းမကြီးရင်
ပန်းဝင်ဖို့အတွက်
ငါ့ကို ကုန်း (ဂုံး) ပိုးပါ ။

ဆက်ဖတ်ရန်...

အိမ်နှင့်ဝေးနေကြသူများ

ကျွန်တော်တိုသည် ... အိမ်နှင့် မခွဲခွာကြဘူးသူများ ရှိကြမည် မဟုတ်ပါ ။ ခွဲရပြီးနောက် .. သတိရခြင်းဆိုတာ .. မျှော်လင့်ထားတာထက် ပို လွမ်းစေပါသည်။

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။