အတ္တနယ်စဉ်းမျဉ်း

ဖြစ်ရပ်က ပြင်သစ်ပြည် နပိုလီယံ နန်းကျပြီးစ အချိန်ပါ။ နပိုလီယံက ဝါတာလူး စစ်ပွဲကြီးမှာ အရေးနိမ့်သွားတယ်။ သူ့ကို နိုင်အောင်တိုက်ခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီးက လော့ဒ်ဝယ်လင်တန် ဆိုတာပါပဲ။ ဝယ်လင်တန်က ပြင်သစ်မှာရှိနေခိုက် သမင်လိုက် အမဲကစားဖို့ ထွက်တယ်။ မြင်းကိုယ်စီနဲ့ပေါ့။ အဲဒီ အခိုက်မှာ သမင်က တောင်ယာခြံကြီး တစ်ခုထဲကို ခုန်ဝင်ပြေးသွားတယ် ။ ဒီတော့ နောက်ကလိုက်လာတဲ့ ဝယ်လင်တန်နဲ့ အခြံအရံတွေက ခြံတခါးကို ဖွင့်ပြီးဝင်ဖို့လုပ်တယ်။ ခြံစောင့်တဲ့ကလေးက တံခါးကို လုံးဝ အဖွင့်မခံဘူး။
ဒီတော့ အခြံအရံတစ်ယောက်က ယာစောင့်လူငယ်လေးကို " မင်းတံခါးကို ဖွင့်ပေးပါ။ အခု လာတာ စစ်ဗိုလ်ချုပ်ကြီး ဝယ်လင်တန် " လို့ ပြောလိုက်တယ်။ ဒီတော့ လုလင်ငယ်လေးက .. "ဘယ်သူလာလာဖွင့်မပေးရဘူးလို့ ကျွန်တော့်ကို သခင်က မှာထားတယ်၊ ဘယ်သူလာလာ ကျွန်တော် မဖွင့်နိုင်ဘူး။ … " လို့ ပြောတယ်။ နောက်လိုက် စစ်သည်တော် တစ်ဦးက အတင်းဖွင့်မယ်လုပ်တယ်။ ဗိုလ်ချုပ်ဝယ်လင်တန်က တားတယ်။ ပြန်လှည့်လာကြတယ်။ အဲဒီ ထိအောင် အရေးမကြီးသေးဘူး။
အဲဒီကောင်လေးက သူ့ဆရာသမားကို လှမ်းပြောလိုက်တဲ့အသံကို ကြားလိုက်ရမှ ဗိုလ်ချုပ်ဝယ်လင်တန်က ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။ ကောင်လေးပြောလိုက်တာက -
ဆရာရေ နပိုလီယံတောင် ရှုံးနိမ့်ခဲ့ရတဲ့ အင်္ဂလိပ်စစ်ဗိုလ် ချုပ်ကြီးကို ကျွန်တော်မောင်းထုတ်လိုက်ပြီတဲ့ ။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်က ရယ်မောလိုက်တဲ့ပြီး မှတ်ချက်ချလိုက်တဲ့ စကားက -
ဒီလိုလူငယ်မျိုး တပ်ရင်းတစ်ခုစာလောက်ရှိရင် ကမ္ဘာကြီးတစ်ခုလုံးကို ငါသိမ်းနိုင်ပါတယ်ကွယ် … တဲ့။
ကိုင်းကြည့်စမ်း စာရိတ္တသတ္တိ၊ စာရိတ္တမာန မကြီးကြပေဘူးလား။ ယာစောင့်ကောင်းလေးသာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးဝယ်လင်တန်ကရော စာရိတ္တမာန မကြီးပေဘူးလား။
နပိုလီယံကို နိုင်အောင်တိုက်ခဲ့တယ်။ အနိုင်ယူခဲ့တယ်။
ဒါပေမယ့် ယာစောင့်ကလေးငယ်ကိုတော့ အနိုင်မကျင့်ပေဘူး။

(အထက်ပါပုံပြင်ကို စာမူခွင့်ပြုချက်အမှတ် 4007110607 ဖြင့် ဇွန်ပွင့်စာပေတိုက်မှ ပထမအကြိမ် ထုတ်ဝေသော ဆရာအောင်သင်း၏ ကျွန်တော်ကျောင်းဆရာစာအုပ် စာမျက်နှာ 153-154 မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

ဇန်နဝါရီထုတ် စံပယ်ဖြူ မဂဇင်း မှာ Special Pages for Youth မှ edu@story မှ ဆောင်းပါးဖြစ်ပါသည်။

ဆက်ဖတ်ရန်...

တို့တိုင်းပြည်

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကားမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
အားမပျာ့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။

ဆရာဇော်ဂျီ

(စံပယ်ဖြူ မဂ္ဂဇင်း ဇန်န၀ါရီ လ ၂၀၀၉ - မှ ဂျူး ရေးသော ယုံကြည်ချက်ဖြင့် ဆက်သည့်မျိုးဆက်မှ ဆောင်းပါးမှ တွေ့ရှိသည်။ )

ဆက်ဖတ်ရန်...

အိမ်မက်တို့လဲလျောင်းအိပ်စက်ရာ

စိတ်အနားသတ်
လွင့်ကူးရာ တိမ်တို့ကောင်းကင်
တည်မှီရာ ရင်ခုန်အလွမ်း
ရင် တစ်ဘက်ခြမ်း အမှောင်တွေ

ကျောခြင်းကပ်ပြီးနောက်
အနမ်းတို့ကို လေထဲလွင့်ဖောက်ခွဲလိုက်တယ်

ဘယ်လိုရာသီခြုံ လှမ်းရမလဲ
ပိန်းပိတ်အောင်ဖြူတဲ့ နှင်းထုနဲ့
ယုံကြည်ရာ ပြိုပြိုကျလေလည်း
ဝန်းကျင်ထဲ မြင်တတ်ခြင်းမှာ
စံပယ်တွေ ဖွေးဖွေးလှုပ် ..

သေချာရဲ့လား .... စံပယ်ဆိုတာ
သိခြင်း စိတ် အမှောင်ည
မိုးစက်တွေအောက် ခေါင်းငုံလျက်
ငါ မငို တတ်ခဲ့ဘူးဆိုတာ ........

ယုံကြည့်ခြင်းနဲ့လမ်းခွဲပြီးသည့်နောက်
အသက်ကို ကောင်းကင်ထဲ လွင့်ကူးစေလိုက်တယ် ..

ဆက်ဖတ်ရန်...

Blogger Templates by Blog Forum

 
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါသည်။